@zawthetkhaing15: ##မိသားစုတစ်ခုမှာ အငယ်ဆုံးဆိုတာ အမြဲ အားပေးခံရတဲ့သူ၊ အမြဲ အပြစ်မရှိသလို ထင်ထားကြတဲ့သူ။ ဒါပေမယ့်.. အချိန်တွေကြာလာတော့ အငယ်ဆုံးလေးလည်း အားကိုးရတဲ့သူ ဖြစ်လာတယ်။ အရင်က "ငါ မလုပ်ချင်ဘူး" လို့ ပြောနိုင်ခဲ့တဲ့သူက အခု "မလုပ်လို့မရဘူး" ဆိုတဲ့ တာဝန်တွေထဲမှာ တိတ်တိတ်လေး ဝင်ရောက်နေရတယ်။ အရင်က စိတ်မကောင်းရင် ငိုလို့ရခဲ့တယ်၊ အခုတော့ မိသားစု မမြင်အောင် တစ်ယောက်ထဲ အပြင်မှာ မျက်ရည်သုတ်တတ်လာတယ်။ အငယ်ဆုံးလေးဆိုတာ မိသားစုအတွက် အားကိုးနေတဲ့သူတွေရှိသလို ကိုယ်တိုင် အားကိုးချင်တဲ့ အချိန်တွေကို မပြောဘဲ ကျော်ဖြတ်ရတဲ့သူပါပဲ။ မိသားစု မပင်ပန်းအောင် ကိုယ့်စိတ်ပင်ပန်းမှုတွေ ဝှက်ထားရတယ်... မိသားစု မဝမ်းနည်းအောင် ကိုယ့်နာကျင်မှုတွေ မြိုသိပ်ထားရတယ်... လူတွေက "အငယ်ဆုံးဆိုတော့ ပျော်နေမှာပဲ" လို့ ထင်ကြတယ်၊ တကယ်တော့ အငယ်ဆုံးလေးလည်း လူကြီးတစ်ယောက်လို တိတ်တိတ်လေး ကြီးပြင်းနေရတယ်။ တစ်နေ့မှာ မပြောတော့တဲ့ စကားတွေ များလာတယ်.. မတောင်းတော့တဲ့ အရာတွေ များလာတယ်... မငိုတော့တဲ့ ညတွေ များလာတယ်... အဲ့ဒီအချိန်ကစပြီး အငယ်ဆုံးလေးဟာမိသားစုရဲ့ အငယ်ဆုံး မဟုတ်တော့ဘူး... သူ့အတွင်းမှာ လူကြီးတစ်ယောက် ဖြစ်နေပြီ။#chonburi #ထိုင်းရောက်ရွှေမြန်မာ🇲🇲🇲🇲🇲🇲
🇲🇲Zaw Thet Khaing🇹🇭
Region: TH
Sunday 07 June 2026 22:26:14 GMT
Music
Download
Comments
Thazin Khine :
မှန်လိုက်တာ ဘယ်လိုတောင်ခမှန်နေလဲ မျက်ရည်တောင်ကျတယ်😳
2026-08-03 06:30:47
1
Daw Myat zin moe...🛍️🛒 :
copyပို့ပေးပါ့လား ယူသုံချင်လို
2026-06-28 09:26:03
1
MC Kyaw Gyi 11:11🍀🍀🍀 :
copy ယူခွင့်ပြုပါ
2026-06-08 04:21:33
1
🐻 🎀 𝒽𝓁𝒶𝒾𝓃𝑔 .. 🐻 🎀 :
copyလေးပို့ပေးပ့လားတင်ချင်လို့
2026-07-17 13:40:32
1
💢𝒅𝒂𝒗𝒊𝒕💥💥 :
မှန်လိုက်တာဗျာ😔
2026-07-26 12:33:53
1
ဘဝမှာပျော်စရာဆိုတာမရှိပါဘူး :
အကိုရယ် အကြီးဆုံးတွေရောမပါဘူးလာဟင်🥺🥺🥺
2026-07-25 11:30:53
1
hlaingthazinmyint69 :
🥰🥰🥰ဟုတ်ပါတယ်
2026-07-15 16:28:57
1
Elizabeth Maran Htu Mai :
ကျွန်မဘဲပေါ့ အရာရာမာအနှစ်နာခံနေရသူ 🥺🥺
2026-07-19 07:20:27
3
M :
တကယ်ကိုမှန်ပါတယ်နော်
2026-07-19 04:35:41
1
Mrs.Htay 🍀🍀 :
Japan acc လေးမို့ follow back လေးနဲ့ဝန်းရံပေးပါအုံးနော်😁😁
2026-07-16 10:08:39
1
T :
🥰
2026-06-10 03:17:36
1
Ma Ma Thiri❣ :
🥰🥰🥰
2026-06-08 00:01:38
1
🅰🅲🅽🅻🆂 :
👍👍
2026-06-08 03:23:10
1
💔ပပင်သူလေးမယ်သီ💔 :
💕💕💕
2026-06-12 02:51:05
1
🌈♡♪Shîñè Myåt møñ♡🌈 :
🥺🥺🥺
2026-07-23 15:26:40
1
Nang wai :
👍👍👍
2026-07-20 04:25:54
1
Thu Rain Tun :
❤️
2026-08-03 03:25:22
0
To see more videos from user @zawthetkhaing15, please go to the Tikwm
homepage.