@designerthuzar1: @designerthuzar1: ဘုန်းကံရှိတဲ့အမျိုးသမီးဆိုတာ...💫 အမျိုးသမီးတစ်ယောက်ရဲ့ အကြီးမားဆုံး ဘုန်းကံဆိုတာ အပြောအဆိုမှာ အဆိ-ပ်မပါခြင်း အလုပ်အကိုင်မှာ ဖြူစင်ခြင်း လူမှုရေးမှာ စည်းစနစ်ရှိခြင်းနဲ့ကိုယ်ကျင့်တရားမှာ အပြစ် ပြောစရာမရှိခြင်းပဲ ဖြစ်ပါတယ် ရွှေငွေပစ္စည်းဥစ္စာဆိုတာ ကံတရားကြောင့် ခဏတဖြုတ် ပိုင်ဆိုင်ရတာဖြစ်ပေမဲ့ စိတ်ထားကောင်းမှုကြောင့် ဖြစ် တည်လာတဲ့ ကျက်သရေနဲ့ ဘုန်းကံကတော့ တစ်သ-က် လုံး မပျောက်ပျက်နိုင်တဲ့ ကိုယ်ပိုင်ရတနာပါပဲ တချို့က ဘုန်းကံရှိတယ်ဆိုတာကို ငွေကြေးချမ်းသာတာ အောင်မြင်တဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားလာတာလို့ပဲ ထင်တတ်ကြတယ်တကယ်တော့အမျိုးသမီးတစ်ယောက် ရဲ့ စစ်မှန်တဲ့ ဘုန်းကံဆိုတာ "သူ့ရဲ့ စရိုက်လက္ခဏာ (Character)" မှာ ရှိတာပါ သူတစ်ပါးကို မနာလိုဝန်တိုစိတ်မရှိဘဲ စိတ်ရင်းနဲ့ မုဒိတာ ပွားနိုင်တဲ့ အမျိုးသမီး ဘယ်လောက်ပဲ ရင်းနှီးပါစေ လူမှုရေးစည်းကို စောင့်ထိန်းတတ်တဲ့ အမျိုးသမီး ပြီးတော့ ဒုက္ခရောက်နေချိန်မှာတောင် မပျက်စီးတဲ့ မာနနဲ့ သိက္ခာကို ဆုပ်ကိုင်ထားနိုင်တဲ့ အမျိုးသမီးတွေဟာ တကယ့်ကို ဘုန်းကံအလွန်ကြီးမားတဲ့ အမျိုးသမီးတွေပါ ရုပ်ရည်ဆိုတာ အချိန်တန်ရင် အိုမင်းရင့်ရော်သွားနိုင်ပေ မဲ့ စိတ်ထားကောင်းလို့ ရရှိလာတဲ့ ဘုန်းကံနဲ့ ကျက်သရေ ကတော့ ဘယ်တော့မှ အရောင်မမှိန်သွားပါဘူး #creatorsearchinsights #@EiEiSan #crd #1millionaudition
Thu Zar
Region: MM
Monday 08 June 2026 03:10:00 GMT
Music
Download
Comments
Yuman သဘာဝရွာငံကော်ဖီ :
စိတ်ထားကောင်းပြီးမည်သူ့ပေါ်မှမကောင်းကြံစိတ်မရှိသူတွေက ဘယ်သွားသွားဘာလုပ်လုပ်ကူညီဖေးမသူရှိတတ်စမြဲပါ
2026-06-10 03:20:49
44
MaMaKhaing :
"စိတ်သည်..ကိုယ်ကို..ဆောင်၏" တဲ့
စိတ်ထားလေး လှနေရင်..
ဘုန်း..ကျက်သရေက အလိုလိုမြင့်နေမှာပါဘဲ...
2026-06-12 16:15:08
22
Myint Myint Swe :
စိတ်ထားကောင်းကောင်းထားတဲ့လူ။ သူများပေါ်မယုတ်မာတဲ့လူဆိုတာအချိန်ကစကားပြောလာတယ်အဆင်မပြေဘူးဆိုတာမရှိဘူး
2026-06-09 01:50:31
10
khin :
မိန်းမတိုင်းဘုံးကံကြီးမားကြပါစေ
2026-06-10 15:22:53
7
Ma Khin Mar Kyi :
အမှန်ပါနော်🥰🥰🥰🥰🥰🥰🥰
2026-06-08 16:45:10
1
Ma Kaw2 :
မိုက်❤️❤️❤️
2026-07-21 02:55:52
1
@ Daw Chit Thu May 18111984 :
ခုရွယ်ထိ မည်သူမှကိုယ်ကြောင့်မထိခိုက်စေရ🥰
2026-06-10 15:29:16
2
🍓🍓🍓Ꮍℰℰ Ꮍℰℰ 💞💞💞 :
ကျွန်မလိုလူပါနော်🥰🥰🥰
2026-06-10 02:04:54
1
DAW MOE ❤ :
မဂ်လာပါရှင့်
2026-06-09 12:28:20
1
phyu nu :
အမှန်ပဲနော်👍👍👍
2026-06-09 03:47:16
1
Aye Aye Win :
အမှန်ဆုံးပါရှင်🥰
2026-06-10 03:25:40
1
phyushwe229532 :
စိတ်ထားကောင်းနေရင်ဒုက်ခဆိုတာဝေးဝေးမှာမဲနေကြတယ်
2026-06-11 05:59:06
1
Wai Wai Kyaw🇯🇵🍀🍀🍀 :
စိတ်ထားလေးကိုတော့အမြဲဖြူစင်အောင်ထားပါတယ်
2026-06-11 09:26:33
1
Zin Zin :
သူတပါးကိုကိုယ်နိူင်သလောက်ကူညီပါမေတ္တာပွားပါမနာလိုစိတ်မရှိပါစေနင့်ကိုယ်ချင်းစာတရားန့ဲနေပါဒီအချက်နဲ့ပြည့်စုံရင်ဘုန်းကံရရှိလာပါလိမ့်မယ်
2026-06-14 11:14:15
1
Ei nwe soe :
အဲ့အတိုင်းပဲနေပါတယ်🥰🥰🥰
2026-06-20 16:26:26
2
ChoCholatt :
အရမ်းကောင်တယ်စာလေပါနေ ်ဖတ်ရတာအရမ်းကောင်ပါတယ်ကြိုက်ပါတယ်နော်💋
စာဖတ်ဝါသနာပါသူပါ❤️❤️❤️❤️❤️❤️❤️
2026-06-12 08:42:31
0
Nwetin :
အတတ်နိုင်ဆုံနေထိုင်နေပါတယ်🥰🥰🥰
2026-06-09 03:36:38
1
Moe thandar :
မှန်ပါတယ်🥰🥰🥰
2026-06-08 04:00:13
1
Daw Aye Aye Thein :
မှန်လိုက်တာသမီးရယ်
2026-06-09 16:15:50
1
😎😎😎😍😍 :
😁😁သိဘို့ဘဲ
2026-06-09 03:26:15
1
Than Than :
မဂ်လာပါ စိတ်လေးကိုဖြူစင်အောင်ထားနှစ်လုံးသားလေးလှနေရင် ဘုန်းကံဆိုတာရှိလာနိုင်မှာပါနော်🥰🥰🥰🥰🥰🥰🥰🥰
2026-06-13 11:06:44
1
shwe poe thar :
😘😘😘🤗🤗အမှန်ပါညီမလေး
2026-06-09 14:34:52
2
ဝင်းမိုးမင်း :
@အမှန်ပါပဲနည်းမှန်ရင်ကာရကံရှင်အတွတ်လဲကောင်းကြိုးရှိသလိုပက်ဝှင်းကြင်အတွတ်လဲညိမ်းချမ်းပါတယ်
2026-06-09 16:56:17
2
🌅Tawin⭐⭐⭐🍒🌷🌷🌺🌄 :
သိပ်မှန်😍
2026-06-08 14:10:44
2
To see more videos from user @designerthuzar1, please go to the Tikwm
homepage.