@gandawinmyanmar7: အရသာတွေထဲမှာအကောင်းဆုံးအရသာကဘာလဲ? ဒီတရားလေးနာယူမှတ်သားကြည့်ပါ။ ဆရာတော်ဘုရား၏ဆုံးမဩဝါဒများဖြင့်မိမိတို့၏ဘဝအေးချမ်းလုံခြုံကြပါစေ။ ဝဋ္ဋသုတ်ပါဠိတော် ၁။ ပူရန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။ ၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။ ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျနုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စာကိရိယမုတ္တမံ။ ၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စဗလမဝဿာယ၊ သစ္စာကိရိယမကာသဟံ။ ၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။ ၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။ ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။ ဝဋ္ဋသုတ် မြန်မာပြန် (အနက်အဓိပ္ပာယ်) ၁-၂။ ရှေးခေတ်ကာလတစ်ခု၌ ဘုရားလောင်းသည် ငုံးမင်းဖြစ်၍ ဖြစ်ရသော်လည်း သစ္စာစကားကို ဆိုသဖြင့် တောမီးသည် တစ်ဆယ့်ခြောက်ကရီသမျှသော အရပ်ကို ဖယ်ရှားကွယ်ပျောက်စေခဲ့၏။ စကြာဝဠာတည်သရွေ့ တန်ခိုးအာနုဘော် တည်မည့် ထိုဝဋ္ဋသုတ် ပရိတ်တော်ကို အို... သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။ ၃။ လောက၌ သီလဂုဏ်၊ သစ္စာဂုဏ်၊ စိတ်၏စင်ကြယ်ခြင်း၊ သတ္တဝါတို့အပေါ် သနားကြင်နာခြင်းတို့သည် ရှိကြကုန်၏။ ထိုသစ္စာစကားကြောင့် ငါသည် မြတ်သော သစ္စာဓိဋ္ဌာန်ပြုခြင်းကို ပြုပါအံ့။ ၄။ တရားတော်၏ စွမ်းပကားကို ဆင်ခြင်အောက်မေ့၍၊ ရှေးရှေးသော ဘုရားရှင်တို့ကို သတိရကာ သစ္စာတရား၏ အစွမ်းကို အမှီပြု၍ ငါသည် သစ္စာဓိဋ္ဌာန်ကို ပြုခဲ့ပြီ။ ၅။ ငါ့မှာ အတောင်ပံတို့ ရှိသော်လည်း မပျံနိုင်သေးပါ။ ခြေနှစ်ချောင်း ရှိသော်လည်း မသွားနိုင်သေးပါ။ အမိနှင့် အဖတို့သည်လည်း ငါ့ကို ထားရစ်၍ (တောမီးဘေးမှ) ပြေးကြလေကုန်ပြီ။ အို... တောမီး နတ်မင်း... ငါ့ကို ဖယ်ရှား၍ ဆုတ်ယုတ်သွားပါလော့။ ၆။ ငါသည် သစ္စာစကားကို ပြုသည်နှင့်တစ်ပြိုင်နက် ကြီးစွာတောက်လောင်နေသော မီးတောက်ကြီးသည် ရေသို့ရောက်သော မီးကဲ့သို့ (ငြိမ်းအေးကာ) တစ်ဆယ့်ခြောက်ကရီသမျှသော အရပ်ကို ဖယ်ရှားသွားလေတော့၏။ ငါ၏ သစ္စာစကားနှင့် တူသော အရာသည် မရှိချေ။ ဤသည်ကား ငါ၏ သစ္စာပါရမီပင် ဖြစ်သတည်း။ #ပါချုပ်ဆရာတော်ဘုရာကြီး🙏🙏🙏 #တရားတော်များ #ဗုဒ္ဓဘာသာအမွေထွန်းလင်းနိုင်ပါစေ🙏🙏🙏 #meditation #dhamma #ဗုဒ္ဓတရားတော်များ #ဒေါက်တာနန္ဒမာလာဘိဝံသ
ဂန္ဓဝင်မြန်မာ
Region: MM
Monday 08 June 2026 05:33:33 GMT
Music
Download
Comments
Thura Thitsa :
ဘုရားတပည့်တော် အခု တိတ်ဆိတ်ပြီး အေးချမ်း ပုတီးလေးစိပ် မေတ္တာပွား ပရိတ် ပဌာန်း ဂုဏ်တော်ကွန်ချာ ဂါထာလေးတွေပွား သစ္စာဆို အရသာကိုရှိနေရောဘုရား🙏
2026-06-08 11:48:25
0
ခေတ်သစ် :
2026-06-08 09:26:14
0
မိသားစုလေး :
🙏🙏🙏
2026-06-08 11:53:14
0
Htin Aung Zaw :
🙏🙏🙏🙏🙏
2026-06-08 06:42:56
0
လပြည့်ရောင် :
🙏🙏🙏
2026-06-08 10:55:08
0
Ngu Wah🍓ငုဝါ❤️❤️😍 :
🙏🙏🙏
2026-06-08 10:00:55
0
ခက်ခက် :
🙏🙏🙏🙏🙏
2026-06-08 09:28:00
0
Daw Htwe Htwe :
🙏🙏🙏🙏
2026-06-08 11:19:49
0
EQUANIMITY🌻🌻🌻 :
🙏🙏🙏🥰🥰🥰
2026-06-08 06:00:54
0
August Moe ( MOGOK❤💞💗🌹 ) :
🙏🙏🙏
2026-06-08 12:58:39
0
KK :
🙏🙏🙏
2026-06-08 13:04:03
0
To see more videos from user @gandawinmyanmar7, please go to the Tikwm
homepage.