@myanmar_now: "ဖိလစ်ပိုင်တောင်ပိုင်းအင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရသူ ၁၃၀ ကျော်အထိ ရှိလာ" ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ဒီနေ့ ဇွန်လ ၈ ရက်နေ့ အစောပိုင်းက ပြင်းအား ၇.၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့လို့ အဆောက်အအုံတွေ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၉ ဦးနဲ့ ဒဏ်ရာရသူ ၁၃၀ ကျော် ရှိသွားပြီလို့ ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ လူဦးရေ ၇ သိန်း ၂ သောင်းကျော်ရှိတဲ့ ဂျန်နရယ် ဆန်းတို့စ်မြို့ တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ဒီငလျင်ကြောင့် ဒေသတွင်းမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရသလို ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကုန်းမြင့်ပိုင်းတွေကို အမြန်ရွှေ့ပြောင်းကြဖို့ ဖိလစ်ပိုင်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မနက်စောစောစီးစီး လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ ထိတ်လန့်တကြားနဲ့ လမ်းမတွေပေါ် ပြေးထွက်ခဲ့ကြရသလို စာသင်ကျောင်းတွေမှာလည်း ဆရာ၊ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ ဘေးလွတ်ရာမှာ စုဝေးခဲ့ကြရပါတယ်။ ဒီပင်လယ်ရေအောက် ငလျင်ဟာ အင်အားပြင်းလွန်းတာကြောင့် အနီးနား ပတ်ဝန်းကျင်နိုင်ငံတွေမှာ ရေကြောင်းဆိုင်ရာ သတိပေးချက်တွေ ချက်ချင်း ထွက်ပေါ်လာခဲ့သလို ပစိဖိတ် ဆူနာမီသတိပေးချက် ဗဟိုဌာနကလည်း ဒီနေ့အတွင်းမှာပဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်းကျွန်းနိုင်ငံ၊ ထိုင်ဝမ်နဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။ #internationalnewsfyp #ဖိလစ်ပိုင် #ငလျင်
Myanmar Now
Region: TH
Monday 08 June 2026 10:22:30 GMT
Music
Download
Comments
liongroup190 :
@@q
2026-06-08 12:09:50
0
Daw Tin Wine :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-06-08 15:18:54
1
Saung Hinn Phyu :
စိတ်မကောင်းဘူး..ကိုယ်တွေလည်းရူးမတက်ခံစားခဲ့ရလို့..အာ့သတင်းတွေဆိုနားကိုမထောင်ရဲတော့ဘူး...အားလုံးအန္တရာယ်ကင်းကြပါစေ...
2026-06-08 14:06:41
3
🥰🥰 သမီးလေးရဲ့ မေမေ🥰🥰 :
ဘေးကင်းကြပါစေရှင်🙏🙏🙏
2026-06-08 13:50:05
0
🌺Khaing Lay🍀 :
🙏🙏🙏🙏🙏🙏ဘေးကင်းကြပါစေ
2026-06-08 15:56:48
0
user5307004605854မာဝ်းတအာင်း :
ဘေကင်းကျပါစေ
2026-06-08 17:22:30
0
မိမာ :
ဘေးရန်အပေါင်းကင်း ဝေးကြပါစေ
2026-06-08 17:03:33
0
Aye Myat Mon :
🙏🙏🙏🙏🙏ဘေးကင်းပါစေ။အသေအပျောက်နည်းပါစေ🙏
2026-06-08 16:00:33
0
thinthinaung1977 :
အန္တရာယ်ကင်းကြပါစေရှင် 🙏🙏🙏
2026-06-08 13:50:01
0
mgAyE :
ဘေးကင်းကြပါစေ
ဖီလစ်ပိုင်နိုင်ငံ
2026-06-08 18:00:05
0
waing chit :
ဘေးကင်းကြပါစေ။
2026-06-08 13:00:35
0
INGINN :
ဘေးကင်းကြပါစေရှင်
2026-06-08 13:46:10
0
aungzin2 :
🥰
2026-06-08 14:21:55
0
aungzin2 :
🥰
2026-06-08 14:22:03
0
May :
😥😥😥
2026-06-08 11:35:54
0
aungzin2 :
🥰
2026-06-08 14:22:04
0
aungzin2 :
🥰
2026-06-08 14:22:06
0
🥰ခန့်ဘုန်းဆက်🥰 :
@Zaw Naing Tun
2026-06-08 12:52:35
0
kyawmoe :
😳😳😳
2026-06-08 12:56:13
0
Thetpaing Paingoo :
😳😳😳
2026-06-08 13:25:05
0
Phyu Tote :
🥺🥺🥺
2026-06-08 16:48:50
0
AphyuYaung AphyuYaung :
😥😥😥
2026-06-08 12:27:12
0
liongroup190 :
@
2026-06-08 12:08:17
0
Kamnan23 :
🙏🙏🙏
2026-06-08 22:22:03
0
rose san :
😭😭😭😭😭😭😭🙏🙏🙏🙏🙏🙏
2026-06-08 22:29:23
0
To see more videos from user @myanmar_now, please go to the Tikwm
homepage.