@chandjfuxas: "တစ်လကို သိန်း (၁၀၀) ရှာချင်တယ်ဆိုရင်၊ တစ်ရက်ကို နာရီ (၈၀) အလုပ်လုပ်လို့ မရပါဘူး" Freelance စလုပ်တဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်း (SME) စလုပ်သူတွေ အများဆုံး မှားတတ်တဲ့ အမှားတစ်ခုရှိတယ်။ အဲဒါကတော့ "အရာရာကို ကိုယ်တိုင်ချည်းပဲ လိုက်လုပ်နေမိတာ" ပါပဲ။ စဉ်းစားကြည့်ပါ... ကိုယ်ကပဲ Founder၊ ကိုယ်ကပဲ Marketing ဆင်း၊ ကိုယ်ကပဲ Sales လုပ်၊ ကိုယ်ကပဲ စာရင်းကိုင်၊ ကိုယ်ကပဲ Customer Service... ဒီလို "One Man Show" အားလုံးကို ဒိုင်ခံလုပ်နေသရွေ့ သင့်လုပ်ငန်းဟာ ဘယ်တော့မှ ကြီးထွားလာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ တစ်ရက်ကို (၂၄) နာရီပဲ အချိန်ရှိပြီး၊ လုပ်နိုင်တဲ့ ခွန်အား (Energy) ကလည်း အကန့်အသတ် ရှိနေလို့ပါပဲ။ "သူများလုပ်တာ စိတ်မချလို့" "လူငှားရင် ပိုက်ဆံကုန်မှာစိုးလို့" ဆိုတဲ့ အတွေးတွေက သင့်လုပ်ငန်းကို သေးသေးလေးဖြစ်အောင် ချုပ်နှောင်ထားတဲ့ ကြိုးတွေဆိုတာ သတိထားမိပါသလား? ❌ တကယ်တမ်း စီးပွားရေးလုပ်ငန်းတစ်ခုမှာ... လုပ်ငန်းသက်တမ်း ဘယ်လောက်ကြာပြီလဲ ဆိုတာထက်၊ ဘယ်လောက် အကျိုးအမြတ် (Profit) ထွက်နေပြီလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ တစ်လကို (၁၀) သိန်း ဝင်နေတဲ့ လုပ်ငန်းကနေ၊ သိန်း (၁၀၀) ဝင်ချင်တယ်ဆိုရင်... ခင်ဗျားရဲ့ အလုပ်လုပ်ချိန်ကို (၁၀) ဆ တိုးပြီး တစ်ရက်ကို နာရီ (၈၀) အလုပ်လုပ်လို့မှ မရတာ။ အဲ့ဒီတော့ ဘာလုပ်ရမလဲ? 💡 "ကိုယ်တိုင်ချည်း ပိုက်ဆံရှာနေမယ့်အစား၊ ကိုယ့်အတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို စီမံခန့်ခွဲတတ်အောင် လုပ်ရပါမယ်။" တခြားသူတွေကို တာဝန်ခွဲပေးပါ (Delegate လုပ်ပါ)။ ကိုယ်လိုချင်တဲ့ ရလဒ်ကို ဖန်တီးပေးနိုင်မယ့် အဖွဲ့အစည်း (Team) တည်ဆောက်ပြီး၊ သူတို့နဲ့အတူ တွဲလုပ်ပါ။ အရေးကြီးဆုံးက အမြော်အမြင်ရှိရှိ စီမံခန့်ခွဲနိုင်တဲ့ Leadership & Management ပါပဲ။ သူဌေးကြီးတစ်ဦး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ချမ်းသာကြွယ်၀ဖို့အတွက် အဓိက အဆင့် (၃) ဆင့် ရှိတယ်တဲ့... ၁။ ပိုက်ဆံရှာတဲ့ ပညာကို သင်ပါ။ (Learn how to make money) ၂။ ပိုက်ဆံကို စီမံခန့်ခွဲတဲ့ ပညာကို သင်ပါ။ (Learn how to manage money) ၃။ ကိုယ့်အတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို ငှားရမ်းပါ။ (Hire people to make money for you) 🚀 မိတ်ဆွေရော အခုချိန်ထိ အရာရာကို ကိုယ်တိုင်ချည်းပဲ ပင်ပန်းခံ လုပ်နေတုန်းပဲလား? ဒါမှမဟုတ် တာဝန်ခွဲဝေပေးမယ့် Team တစ်ခုကို တည်ဆောက်နေပြီလား? #မင်းတို့ပေးမှ❤ရမဲ့သူပါကွာ #ဗျူးတေရှယ်ကျ😞 #creatorsearchinsights #motivation #fypシ゚viral

Build your Dream
Build your Dream
Open In TikTok:
Region: MY
Monday 08 June 2026 23:11:12 GMT
10934
519
5
25

Music

Download

Comments

kokowatotegyi
Nay :
တစ်ရက်ကိုနာရီ(၈၀)ရှိလို့လား
2026-06-09 02:10:04
0
htet.kaung7094
Bye Bye👋👋👋 :
ဝေဖန်နေမဲ့အစားကို့တွက်အကျိုးရှိမဲ့အရာဆိုယူထားလိုက်ပါအကြံပြုတာပါ
2026-06-09 07:41:52
1
user1172338823593
black rose :
👍👍👍
2026-06-09 02:02:46
0
To see more videos from user @chandjfuxas, please go to the Tikwm homepage.

Other Videos


About