@ahkhara.solution: #လူမှုဖူလုံရေး - ၆ အကျိုးခံစားခွင့် ၁၅ မျိုး အလုပ်သမားဥပဒေအကြောင်း သိကောင်းစရာ - ၃၀ လူမှုဖူလုံရေးအဖွဲ့မှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောအာမခံစနစ်အလိုက် ရရှိမည့် ငွေကြေးအကျိုးခံစားခွင့် (၁၅) မျိုးကို မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလတို့ ပေါ်မူတည်ပြီး ခံစားခွင့်များ မည်သို့ရရှိမည်ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။ လူမှုဖူလုံရေးဥပဒေတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် အလုပ်သမား(၅) ဦးနှင့်အထက် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လုပ်ငန်းဌာနများသည် လုပ်ငန်း စတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀) အတွင်း အလုပ်ဌာနအား လူမှုူဖူလုံရေး အဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ရမည် ဖြစ်ပါတယ်။ အလုပ်ဌာနမှတ်ပုံတင်စဉ်မှ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအားလုံးကို အကျုံးဝင်မှတ်ပုံတင်ရန် လိုအပ် ပါသည်။ အလုပ်သမား အသစ်ခန့်ပြီးတိုင်း (၁၀) ရက်အတွင်း မဖြစ်မနေ မှတ်ပုံတင်ရန်လိုအပ်ပါတယ်။ အလုပ်သမားတစ်ဦးသည် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ပြီးသည်နှင့် လက်ရှိ အကောင်အထည် ဖော်နေသည့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှုကျိုးခံစားခွင့် အာမခံစနစ် (၂) မျိုး အောက်ရှိ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် (၁၅) မျိုးကို မှတ်ပုံတင် ကာလနှင့် ထည့်ဝင်ကြေးကာလတွေပေါ်မှာ မူတည်ပြီး ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ အာမခံအလုပ်သမားတစ်ဦးသည် မှတ်ပုံတင်ပြီးသည်နှင့် ထည့်ဝင်ကြေးမပေးသွင်းရသေးသော်လည်း ဖော်ပြပါ ခံစားခွင့် (၅) မျိုးကို ခံစားခွင့်ရှိမည်ဖြစ်ပါသည် - (၁) ဆေးကုသမှုခံယူခွင့် (၅၂ ပတ် သို့မဟုတ် ပျောက်ကင်းသည်အထိ) (၂) ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် (လွန်ခဲ့သော လေးလအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၇၀% အများဆုံး ၅၂ ပတ်အထိ ခံစားခွင့်) (၃) အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် (လုပ်အားဆုံးရှုံးမှုပေါ်မူတည်၍ ၅ နှစ်စာ ငွေလုံးငွေရင်းမှ ၇နှစ်စာ ငွေလုံးငွေရင်းထိ) (၄) ကျန်ရစ်သူအကျိုးခံစားခွင့်(ပေးသွင်းထားသော ထည့်ဝင်ကြေးကာလပေါ်မူတည်၍ လွန်ခဲ့သော လေးလ အတွင်း ရရှိသောပျမ်းမျှလုပ်ခလစာ ၏ အဆ ၃၀ မှ အဆ ၈၀ထိ) (၅) နာရေးစရိတ်အကျိုးခံစားခွင့် (လွန်ခဲ့သော လေးလအတွင်း ရရှိသော ပျမ်းမျှလုပ်ခ လစာ၏ ၁ ဆမှ ၅ ဆအထိ) ရရှိနိုင်ပါတယ်။ မှတ်ပုံတင်ကာလ ၆ လ ထည့်ဝင်ကြေး ၄ လ ရှိပါက ခံစားခွင့် (၆) မကျန်းမာမှု အကျိုးခံစားခွင့် (အများဆုံး ၂၆ ပတ်ခံစားခွင့်အထိကို လွန်ခဲ့သော လေးလအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၆၀%) မှတ်ပုံတင်ကာလ ၁၂ လ ထည့်ဝင်ကြေး ၆ လ ရှိပါက ဖော်ပြပါ ခံစားခွင့် (၇)မျိုးကို ခံစားခွင့်ရှိပါသည် - (၇) မီးဖွားမှုအကျိုးခံစားခွင့် (မီးမဖွားမီ ၆ ပတ်၊ မီးဖွားပြီး ၈ ပတ်၊ အမွှာကလေးမွေးသူများ အတွက် နောက်ထပ် ၄ ပတ် အထိကို လွန်ခဲ့သော ၁၂ လအတွင်း ရရှိသောပျမ်းမျှလုပ်ခလစာ၏ ၇၀% ခံစားခွင့်) (၈) အာမခံအမျိုးသမီးမီးဖွားစရိတ် (လွန်ခဲ့သော ၁၂ လအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ကလေး တစ်ဦးမွေးဖွားလျှင်၅၀% ၊ နှစ်ဦးဆို ၇၅ %၊ ၃ ဦးနှင့် အထက် ၁၀၀% ထိခံစားခွင့်) (၉) ကိုယ်ဝန်ပျက်မှု အတွက် အကျိုးခံစားခွင့်၊(လွန်ခဲ့သော ၁၂လအတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၇၀% ကို ၆ ပတ်အထိ ခံစားခွင့်) (၁၀) တစ်နှစ်အောက်ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊ (လွန်ခဲ့သော ၁၂လ အတွင်း ရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၇၀% ကို ၈ ပတ်အထိ ခံစားခွင့်) (၁၁) ဖခင်ဘဝဖြစ်မှု အကျိုးခံစားခွင့် (လွန်ခဲ့သော ၁၂လအတွင်း ရရှိသောပျမ်းမျှ လုပ်ခလစာ၏ ၇၀% ကို အများ ဆုံးခွင့် ၁၅ ရက်ထိ ခံစားခွင့်) (၁၂) ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊ (အာမခံထားသူ အမျိုးသမီးများ ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်) (၁၃) အာမခံအမျိုးသမီးအလုပ်သမား၏ မွေးကင်းစကလေးအား တစ်နှစ်အထိ ဆေး ကုသမှု ခံယူခွင့်၊ ၁၉၅၄ ခုနှစ်၊ အက်ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ ဥပဒေနှစ်ရပ်ပေါင်း ထည့်ဝင်ကြေးကာလ (၁၈၀) လ ရှိပါက (၁၄) သတ်မှတ်ချက်များနှင့် အညီ ဆေးကုသမှု ဆက်လက်ခံယူခွင့် မှတ်ပုံတင်ကာလ ၁ လအတွင်း ထည့်ဝင်ကြေးပေးသွင်းထားပါက (၁၅) ဆေးဖိုးနှင့် ခရီးစရိတ်များပြန်လည်ထုတ်ပေးခြင်းတို့ကို ခံစားခွင့်ရှိပါတယ်။ လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်တွေကို လျှောက်ထားသည့်အခါ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံ တင်ထားသည့် အလုပ်ဌာနတွင် လုပ်ကိုင်နေသော အလုပ်သမားများအား အလုပ်ရှင်/ HR တို့မှ အလုပ်သမား များ၏ ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်၍ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ပေးရမည် ဖြစ်ပါသည်။ နောက်အပိုင်းမှာတော့ အကျိုးခံစားခွင့်အမျိုးအစားအလိုက် တွက်ချက်မှုများကို ဆက်လက်မျှဝေပေးသွား ပါဦးမယ်နော။ #အက္ခရာ #AHKHARA_SOLUTION #ssb #fyp
AHKHARA SOLUTION @ အက္ခရာ
Region: MM
Tuesday 09 June 2026 03:44:42 GMT
Music
Download
Comments
ppk :
ထည့်ဝင်ကြေးဆောင်ထားတာ နှစ်ကြာသွားရင် အကျိုးခံစားခွင့်က များလာတာမဟုတ်ဘူးလား။ဘယ်လောက်နှစ်ကြာဆောင်မှ လူမူပင်စင်ပြန်ရမှာလဲ။
2026-06-09 22:37:53
1
TinMarkhaing Tinmarkhaing :
ဆေးခွင့်အကြောင်းမေးချင်လို့အထည်ချုတ်မှာကား ေမာင်းအလုပ်လုပ်တာ(၄)နှစ်ကျော်ပါပီ ရောဂါကြောင့်ဆေးရုံတက်နေတယ် ေဆးခွင့်လစာ(၁)လစာပဲပေးပါတယ်နောက်လတွေက။ လစာမဲ့ခွင့်ပဲရပါတယ်။ အမှန်တကယ်(၁)စာပဲရမှာလားသိချင်လို့ပြန်ပြောပေးပါနော်
2026-06-09 15:47:58
1
angelk892 :
မိသားစုထောက်ပံ့မှုအာမခံစနစ်အောက်က သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထောက်ပံ့ကူညီမှု ၄၀ % / အာမခံထားသူ ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့စရိတ်တို့ကိုလည်းခံစားခွင့်ပေးထားပါသေးတယ်
2026-06-09 04:02:48
1
TSM :
မှတ်ပုံတင်ကာလ 12လ ကျော်ပါတယ် ထည့်ဝင်ကြေး ကာလ 6လ ထည့်ထားပါတယ် အဲ့ဒါကို မီးဖွားခွင့်အကျိုးခံစားခွင့် (မီးမဖွားမီ 6ပတ်၊ မီးဖွားပီး 8ပတ်)
လစာ ၇၀% လို့ပြောထားပါတယ် ကျမ ဖူလုံရေးရုံးမှာ လျောက်တာ မရပါဘူး ဘာလို့မရတာလဲ ပြောပြပေးပါဦးနော်
2026-06-10 03:46:15
0
Thidar Aye :
မရဘူး
2026-06-09 14:59:31
1
Soe Naing :
ထည့်ဝင်ကြေး လ 180ရှိလျင် အကျိုးခံစားခွင့် 15ချက် ရရှိပါလား
2026-06-09 10:43:16
0
Kyaw Soe Moe :
1999မှ ယနေ့ထိ ဘာခံစားခွင့်မှမရှိ...
လူမှုဖူလုံရေးလစဉ်ပေးဆောင်နေဆဲ..
အလုပ်မှ ထပ်ပယ်သောအခါ ခံစားခွင့်
ရှိပါသလား....?
2026-06-09 17:23:17
0
Thidar Aye :
နာမလယ်လို့မေးပါရစေ
2026-06-09 15:00:45
0
Myint Zaw :
အလုပ်သမာရုံးးက ဝန်ထမ်းတွေ ကွင်းဆင်းဆောင်ရွက်သင့်
2026-06-09 15:18:47
1
VANAV :
ဖူလုံရေးကဒ်နှစ်ကဒ်ရှိတယ် ကုမ္ပဏီ နှစ်ခုနဲ့ပေါ့နော် တစ်ကဒ်က တစ်နှစ်ပေးသွင်းထားပါတယ် နောက်တစ်ကဒ်က သုံးနှစ်ပေးသွင်းထားပါတယ်ခင်ဗျာ့ ခုက အဲဒီကုမ္ပဏီနှစ်ခုလုံးမှာမလုပ်တော့ပါဘူး ကလေးမွေးထားတာသုံးနှစ်ကျော်ပါပြီ ထုတ်လို့ရလား သိချင်ပါတယ်ခင်ဗျာ့ ရတယ်ဆို ဘယ်လိုထုတ်လို့ရလဲသိချင်ပါတယ်ခင်ဗျာ
2026-06-09 16:41:18
0
myat20261 :
8နှစ်ရှိနေပြီ ကြားထဲမှာဖျားတာနာတာတွေရှိလည်းလှုမှုဖူလုံရေးကပေးထားတဲ့ဆေးရုံကအလှမ်းဝေးလွန်းတော့မသွားနိုင်တာနဲ့နစ်နာနေတာတွေလည်းအများကြီးရှိနေပြီ အစိုးရအနေနဲ့အဲ့လိုလူမျိုးတွေအတွက်ကျတော့ဘယ်လိုစီစဥ်ပေးမှာလဲ အလကားအခွန်ဆောင်နေရသလိုဖြစ်နေတယ်ဘာတစ်ခုမှလည်းပြန်မရဘူးလိုဖြစ်နေပြီ
2026-06-10 00:49:48
0
poelay :
ဖူလုံရေးတာဝန်ခံတွေ ပေါ့ရော့မှုတစ်စုံတစ်ရာ ရှိခဲ့ရင် ဘယ်ကိုတိုင်ကြားရမလဲ သိရင် တချက်လောက်ပြောပြပါလား
2026-06-09 10:51:42
1
Arkar Phyo Ko :
မှတ်တင်ကာလာက ၁၀ လဖြစ်နေပြီ ထည့်ဝင်ကြေးကလည်း ၁၀ လရှိတယ်ပါတယ် သူ့သတ်မှတ်ထားတဲ့ ၁၂ လ မပြည့်လို့ ဆိုပြီး အမွှာမွေးစရိတ်ခံစားခွင့်တော့ မရှိဘူး ဆေးစရိတ်ကို ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောလိုက်လို့ပါရှင့်းးးးးးနားမလည်လို့ ရှင်းပြပေးပါရှင့်
2026-06-09 16:28:51
0
ppk :
တချို့လူတွေက ဆောင်ထားတာ 13နှစ်တောင်ကျော်နေပြီ သူတို့ကအိမ်ထောင်လည်းမရှိတော့ ဘာအကျိုးခံစားခွင့်ပြန်ရမလဲ။
2026-06-09 22:31:51
0
🌸Seraphina🍒 :
လူမူဖူလုံရေးကဒ်ကို နှစ်နှစ်နီပါးသွင်းခဲ့ပါတယ် အလုပ်ကထွက်တော့ ဘယ်မှာသွင်းရမှန်မသိလို့ မသွင့်ရသေးပါဘူး
2026-06-10 06:15:52
0
htoon htoon :
🥰🥰🥰
2026-06-09 16:38:02
1
MDY.KSW :
💯💯💯
2026-06-09 12:59:38
1
☆࿐ཽ༵༆༒♒️ Goku ♒️༒༆࿐ཽ༵☆ :
🥰🥰🥰
2026-06-09 15:00:39
1
တော်ဝန်နန်းထက်ကသဇင်ပန်း :
🥰🥰🥰
2026-06-10 03:38:45
0
U Soe Min :
🥰🥰🥰
2026-06-10 04:10:18
1
To see more videos from user @ahkhara.solution, please go to the Tikwm
homepage.