@zayartbz11: မန္တလေးမြို့မှာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ဇွန် ၉၊ ၂၀၂၆။မေရီ/People's Spring မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။ မနေ့က ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းထောင့်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်ကို လူတစ်စုက အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့တာပါ။ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အမျိုးသားနှစ်ဦးစီးလာတဲ့ အခြားဆိုင်ကယ်တစ်စီးက ခြေထောက်နဲ့ကန်ပြီး လဲကျအောင် ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ်လဲကျသွားချိန်မှာ ကန်ချခဲ့တဲ့ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာပြီး၊ လဲကျသွားသူကို ဓားလို့ ယူဆရတဲ့အရာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ရှောင်တိမ်းနေစဉ် ၎င်းရဲ့ဆိုင်ကယ်ကို မောင်းနှင်လုယူသွားခဲ့တာပါ။ ထိုသို့လုယက်နေစဉ်အတွင်း နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာပြီး၊ ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံရိုက်နှက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ​ယခု​ဖြစ်စဥ်ဟာ လူ (၄) ဦး၊ ဆိုင်ကယ် (၂) စီးနဲ့ အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို ဓားနဲ့တိုက်ခိုက်ပြီး ဆိုင်ကယ်လုယက်ခဲ့တာဖြစ်ပါတယ်။ အလားတူ ဇွန်လ ၄ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း မန္တလေးမြို့၊ လမ်း ၈၀၊ ၁၃ လမ်းနဲ့ ၁၄လမ်းကြားမှာ အမျိုးသမီးတစ်ဦး စီးလာတဲ့ဆိုင်ကယ်ကို ဓါးထောက်လုယက်ခံရပြီး ဆိုင်ကယ်ပါမသွားပေမဲ့ ပိုက်ဆံအိတ် ဆုံးရှုံးခဲ့ကြောင်း ကာယကံရှင်က ရေးသားထားတာ တွေ့ရပါတယ်။ "ပိုက်ဆံအိတ်ကို ဓါးထောက်လုတာမှတ်ပုံတင်နဲ့ လိုင်စင်လေးပေးခဲ့ပါ ကျန်တာယူပါလို့ တောင်းပန်တာတောင် မရဘူး။ ဒါတောင် ဆိုင်ကယ်ပါတောင်းတာမီးစိမ်းလို့ လူအုပ်ကြီးမောင်းလာလို့ပါမသွားတာ"လို့ အဆိုပါအမျိုးသမီးက ရေးသားထားပါတယ်။ မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုတွေ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴မန္တလေးမြို့မှာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ဇွန် ၉၊ ၂၀၂၆။မေရီ/People's Spring မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။ မနေ့က ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းထောင့်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်ကို လူတစ်စုက အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့တာပါ။ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အမျိုးသားနှစ်ဦးစီးလာတဲ့ အခြားဆိုင်ကယ်တစ်စီးက ခြေထောက်နဲ့ကန်ပြီး လဲကျအောင် ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ်လဲကျသွားချိန်မှာ ကန်ချခဲ့တဲ့ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာပြီး၊ လဲကျသွားသူကို ဓားလို့ ယူဆရတဲ့အရာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ရှောင်တိမ်းနေစဉ် ၎င်းရဲ့ဆိုင်ကယ်ကို မောင်းနှင်လုယူသွားခဲ့တာပါ။ ထိုသို့လုယက်နေစဉ်အတွင်း နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာပြီး၊ ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံရိုက်နှက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ​ယခု​ဖြစ်စဥ်ဟာ လူ (၄) ဦး၊ ဆိုင်ကယ် (၂) စီးနဲ့ အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို ဓားနဲ့တိုက်ခိုက်ပြီး ဆိုင်ကယ်လုယက်ခဲ့တာဖြစ်ပါတယ်။ အလားတူ ဇွန်လ ၄ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း မန္တလေးမြို့၊ လမ်း ၈၀၊ ၁၃ လမ်းနဲ့ ၁၄လမ်းကြားမှာ အမျိုးသမီးတစ်ဦး စီးလာတဲ့ဆိုင်ကယ်ကို ဓါးထောက်လုယက်ခံရပြီး ဆိုင်ကယ်ပါမသွားပေမဲ့ ပိုက်ဆံအိတ် ဆုံးရှုံးခဲ့ကြောင်း ကာယကံရှင်က ရေးသားထားတာ တွေ့ရပါတယ်။ "ပိုက်ဆံအိတ်ကို ဓါးထောက်လုတာမှတ်ပုံတင်နဲ့ လိုင်စင်လေးပေးခဲ့ပါ ကျန်တာယူပါလို့ တောင်းပန်တာတောင် မရဘူး။ ဒါတောင် ဆိုင်ကယ်ပါတောင်းတာမီးစိမ်းလို့ လူအုပ်ကြီးမောင်းလာလို့ပါမသွားတာ"လို့ အဆိုပါအမျိုးသမီးက ရေးသားထားပါတယ်။ မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုတွေ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴@ZayarTBZ 7.1News🍉 @ZayarTBZ 7 News #zayartbz #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း #ပြည်သူများဘေးကင်းကြပါစေ

ZayarTBZ 11 News
ZayarTBZ 11 News
Open In TikTok:
Region: TH
Tuesday 09 June 2026 08:17:51 GMT
340032
9146
221
9345

Music

Download

Comments

ko.mg116
Ko Mg :
မန်းလေးက အတော်အပျက်စီးသွားပြီ။
2026-07-09 04:52:53
189
.292659
ညှို့လွန်းထယ် 2😘😘 :
မိရင် မသနားကြနဲ့ အကုန် 🔪🔪🔪🔪🔪
2026-06-24 11:21:40
179
aku1688888888
เอ็ดดี้ เพ็ง :
ကူညီပါရစေ ဘယ်ရောက်?
2026-07-08 15:18:11
84
user4398851813224
user4398851813224 :
မန်းလေး အ တော်ဆိုးနေပါဘီ။ ဘယ်ဌာနတွေ အလုပ်မလုပ်လို့ အရေးယူမှုတွေဘယ်လိုအားနည်းလို့ဆိုတာ ကိုယ်လည်းမသိတော့ဘူး🥺🥺🥺🥺🥺🥺🥺
2026-06-16 09:14:06
37
than.htike.aung6396
🖤T🖤 :
လမ်းသွားလမ်းလာတွေကလဲ ကိုယ်နဲ့မဆိုင်သလို😌
2026-07-10 13:17:10
4
kyawkyawkhant1999july5
မောင် :
ပြူးလွင်မြို့ရှောင်လမ်းမှာ သိန်း၇၀၀ ၈၀၀ကျော်ဆိုင်ကယ်တွေအများကြီးပဲသွားလုပါလား😁
2026-07-10 12:30:09
13
theingi.naing07
Theingi Naing :
ဘယ်နှစ်လမ်းလည်းရှင် ရှောင်ရအောင်လို့ပါ
2026-07-06 02:25:17
13
xiao.yue724
Wick :
အ့လိုလုလို့ ကိုယ်က အတင်းကာကွယ်ရင်း လက်လွန်ခြေလွန်ဖြစ်ရင် ထောင်ကျနိုင်သလား? ၊ ပြီးတော့ လုတဲ့သူက မသေရင်တောင် ဒဏ်ရာရခဲ့ရင်ရော ထောင်ကျနိုင်သလားဗျ?
2026-07-17 05:48:36
3
zar.ni001
Zar Ni Su Kyi :
ကူညီပါရစေက ဒါမျိုးပို့စ်ဆိုမမြင်ဘူး
2026-07-10 10:07:46
10
nankoko7979
KoChitKhin :
ဦးမင်းအောင်လှိုင် သမ္မတ ဖြစ်တယ် ပြည်သူတွေ ဘယ်နေရာအေးချမ်းသလဲလို့ ဒေါ်ကြူကြူလှ ခြံဝန်းထဲပဲ အေးချမ်းနေလားပေါ့ ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှု့ရစေချင်ရင် ပြည်သူတွေ အေးချမ်းဖို့ လိုတယ်
2026-07-15 16:51:30
5
emilyaye726
Emily Aye :
ဘာလုပ်နေကြလဲ
2026-06-09 13:36:04
1
kyi.lay118
Kyi Lay :
ဥပဒေကိုထိရင်ရဲတပ်ဖွဲနဲ့ညိမယ်ဆိုတဲ့ကောင်တွေဘယ်ရောက်နေလဲ
2026-07-21 01:17:07
1
barani387
ဘရဏီ💚လျှော်ဖွတ်သန့်စင်ရေး :
သနားပါတယ်နော် မြင်ရတာလဲစိတ်မချမ်းရဘူး တန်ဖိုးတွေကြီးနေတဲ့ချိန် လူတွေရှာရတာမလွယ်ပါဘူး ဆို
2026-06-22 01:01:11
17
user65753481730932
Naing :
ဘယ်နေရာမှလုံခြုံမူမရှိတော့ဘူး
2026-06-19 09:11:24
8
aungminoo834
Mg Mg :
လူစိတ်တွေပျောက်ကုန်ကြပြီလားမသိဘူး
2026-07-18 10:52:10
1
saingimnw
SaiNgimN@w :
နေရာတိုင်းမှဖြစ်!!!ခေတ်က သူတို့ခေတ်လေနော်!!!!
2026-07-16 13:40:36
1
arkarmin1111
သူရိန် :
ကြည့်ရင်းဒေါသဖြစ်တယ်
2026-07-11 15:37:57
3
zinminhtet202316
ZÎÑ MÎÑ HTÊT :
မန်းလေး တဲ့
2026-07-10 16:27:51
2
sai.phyo.wai74
sai phyo wai :
တအားသောင်းကျန်းတာ မန်းလေး
2026-07-09 06:43:31
5
yewinhairsaloon
Ye Win & Brother Hair Saloon :
မလံုခြံုပါဘူးဗျာ
2026-06-09 16:28:17
3
minthan759
minthan759 :
ဘယ္နားလဲ
2026-07-09 05:37:38
1
cm401169
CM :
အဓိက ပြသနာ လာရောင်းသမျှဘီး အချောင်လိုချင်တဲ့ ဝယ်ရောင်းကောင်တွေ ဆိုင်တွေရှိနေသမျှ ဒီလိုကောင်တွေ ရှိနေမှာ ဝယ်ရောင်း ကောင်တွေ ဆိူငိတွေ သာ လိုင်စင်ဘီး သီးသန့် ကောက်ရင် ပြသနာမရှိဘူး အဲ့ ခိုးဆိုးလုယက် ဘီးတွေလက်ခံတဲ့ ဆိုင်တေွ နဲ ့ အချောင်လိုချင်တဲ့ ကောင်တွေ အရင်ရှင်းရင် ဒီပြသနာလျော့မှာ
2026-07-22 13:35:36
0
a_thet4
Kout Kout :
😡😡😡😡😡😡😡😡😭😭😭😭😭😭😭
2026-07-22 06:12:13
0
hsu.hling.hnin1
🐰U Kyaw Shwe Win🐰(Official) :
မြန်မြန် မိပါစေ
2026-07-22 01:39:32
0
zoom.cloud7
Zoom Cloud :
2026-06-13 01:23:52
0
To see more videos from user @zayartbz11, please go to the Tikwm homepage.

Other Videos


About