@usoe351: အသက် ၅၀ကျော်၊၆၀ နီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ် ၁။ ရေဆိုတာ အစုန်ပဲစီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။ သားသမီးများ ကို အနားမှာ တစ်သက်လုံးခေါ်ထားဖို့ အားမထုတ်သင့်ပါ။ သူတို့မှာ ယော့က္ခ ထီး ယော့က္ခမ တွေရှိပါသေးတယ်။ သူတို့ အလုပ်တွေ ရှိသေးတယ်။ သူတို့ဘ၀တက်လမ်းအတွက် သူတို့ ရုန်းကန်ရသေးတယ်။ သူတို့သားသမီး နဲ့ လွတ်လွတ်လပ်လပ်နေချင်ကြသေး တယ်။ ၂။ ဒီအချိန်မှာ သားသမီးအပေါ် ချစ်တယ်ဆိုရင် သူတို့ကို ပြဿနာ လျှော့ပေးပါ။သူတို့ကိုနားလည်ပေးပါ။ မိမိ စိတ်သဘောထား ကြီးပေးပါ။ မိမိစိတ်ကို ပျော်အောင်နေပေးပါ။ ကျန်းမာအောင်ဂရုစိုက်ပါ။သူတစ်ပါးကို အပြစ်တင် တာ၊ ညည်းတွားတာ ရှောင်ကျဉ်ပါ။ ဖြစ်နိုင်ရင် လက်ဖြန့်မတောင်းရပါစေနဲ့။ ၃။ အသက်ကြီးလာရင်သုံးဖို့၊ဆေးကုဖို့ အိုစာတော့ လုံလုံလောက်လောက် ချန်ထားသင့်ပါတယ်။ အမွေအကုန်လုံး မခွဲပေးသင့်ပါ။ကလေးဆီက ပြန်တောင်းရင် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ ၄။ ပိုင်ဆိုင်မှုလျှော့၀ယ်ပါ။ အသုံး အဆောင်လျှော့၀ယ်ပါ။ပစ္စည်းများလေ ၀နျထုတျ၀နျပိုး များလေ ဖြစ်တယ်။ ၅။ အိမ်ပုန်းမလုပ်ပါနဲ့၊ လမ်းများများ လျှောက်ပေးပါ။မနက်တိုင်းမှာ လေ့ကျင့် ခန်းလုပ်တဲ့ အဖွဲ့တွေနဲ့ ၀ငျရောပါ။ အကကပါ။ ငါးစာကျွေးပါ။အင်တာနက် တက်တတ်ရင် စိတ်၀င်စားတာ ၀ငျကွည့ျပါ။ စာဖတ်ပါ။ ၆။ ပင်စင်စားခါစ၊အလုပ်မှအနားယူခါစ ကျန်းကျန်းမာမာ ရှိနေသေးပေမဲ့ တစ်ရက်ရက်တော့ သတိမေ့လာမှာပါ။ အိုစာကြောင်လာမှာပါ။အဲဒီတော့ရှင်းရှင်းလင်းလင်း သတိရတုန်း ချန်စရာရှိတာ ချန်၊ခွဲစရာရှိတာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ခွဲထားပေးလိုက်ပါ။ သားသမီးတွေ ပြဿနာနဲ့ ဝေးတာပေါ့။ ၇။ လောကကြီးမှာ မင်းကိုအချစ်ဆုံးဟာ မင်းရဲ့ အိုဖေါ်ပါ။အခုအချိန်မှာအချင်းချင်း တန်ဖိုးထားတတ်ဖို့ အရေးကြီးဆုံး အချိန် ဖြစ်ပါတယ်။ ၈။ သားသမီးများအတွက်အကောင်းဆုံး ချန်ထားသင့်ခဲ့တဲ့ အမွေအနှစ်ကတော့ မေတ္တာထားတတ်ခြင်း၊သဘောထား ကြီးခြင်း၊ဖြောင့်မတ်မှန်ကန်ခြင်း၊အလုပ် ကျိုးစားခြင်းနဲ့ မှန်မှန်ကန်ကန် နေထိုင် တတ်ခြင်း ဆိုတဲ့ နာမည်ကောင်းပါ။ သားသမီးများ နောင်အခက်အခဲ၊အကြပ် အတည်း ကြုံခဲ့ရင် ဖေဖေဆိုရင် ဒီအနေ အထားမှာဘယ်လိုတုန့်ပြန်မလဲ၊ မေမေ သာ ဒီလိုကြုံခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ အတွေးမျိုး သားသမီးမှာ ရှိစမြဲပါ။ ၉ ။ မျော်လင့်ချက်မထားထားရင် စိတ်ပျက်တာတွေ နည်းပါးတာပေါ့၊ မိမိကအိုလာလို့ မိမိရဲ့ စိတ်ချမ်းသာမူ ကိုသားသမီးအပေါ်ပုံအပ်မထားသင့်ပါ။ ကိုယ့်တတ်နိုင်တဲ့ ဘောင်အတွင်းက နေပြီး ကိုယ်တိုင်ရဲ့ အိုဘ၀ကို စီမံသင့် ပါတယ်။ ၁၀။ နာတာရှည် လဲလျောင်းနေတဲ့ မိဘလူနာများအတွက် တာ၀န်ကျေပွန် တဲ့ သားကောင်းသမီးကောင်း ရှားပါး ပါတယ်ဆိုတဲ့ စကားပုံရှိပါတယ်။အဲဒီ စကားပုံကို သတိရပါ။ ၁၁။ ထိုက်သင့်တဲ့ အကွာအဝေးဆိုတာ မေတ္တာကိုပိုမိုနွေးထွေးစေတတ်ပါတယ်။ သားသမီးနဲ့လည်းထိုက်သင့်တဲ့ အကွာ အဝေး ရှိသင့်ပါတယ်။မေတ္တာ ၀နျထုတျ ၀နျပိုး လျှော့တာပေါ့။ ၁၂။ သားသမီးအရေးမှာ မဆိုင်တာ သိပ်၀င်မရူပ်တော့ဘူး၊နားထိုင်းသင့်ရင် နားထိုင်းတော့မယ်၊ပါးစပ် အသင့်ရင် လည်း၊ အ လိုက်တော့မယ်။ ၁၃။ လောကကြီးကို သင်ပိုင်ဆိုင် ပါတယ်။ကျွန်တော်လည်းပိုင်ဆိုင် ပါတယ်။ဒါပေမဲ့အဆုံးမှာတော့ ကျန်းမာပြီးအသက်ရှည်တဲ့လူတွေက ပိုပြီးပိုင်ဆိုင်ပါတယ်။ ၁၄။ ကိုယ့်ကိုယ်ကို အချိန်ပိုပေးတော့ မယ်။ကိုယ်စိတ်ပျော်တဲ့ အလုပ်ကို ပိုလုပ်တော့မယ်၊ သူများအတွက်နဲ့ သိပ်အနစ်နာမခံတော့ဘူး၊ကိုယ့်အတွက် နဲ့ကိုယ်အသက်ရှင်ဖို့ အချိန်ဖြစ်သင့်ပါပြီ။ ၁၅။ သားရေး သမီးရေးမှာ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပမ်းစား ပျိုးထောင် ခဲ့ပြီးပြီ၊ မြေးတွေအလှည့်မှာတော့ အပျော်ထိန်းလောက်ပဲ ၀နျဆောငျမူ ပေးတော့မယ်။ မျိုးဆက်ကျော်ပျိုး ထောင်မှုမျိုး မလုပ်တော့ဘူး၊ ၁၆။လူ့လောကကိုရှင်းအောင်မြင်တတ်ပြီ၊ လွှတ်ချတတ်အောင် စိတ်ထားတတ်ပြီ၊ ဘာသာရေးမှာအာရုံ၀င်စားပြီ၊သက်ရှိ သက်မဲ့ အားလုံးအပေါ် မေတ္တာထား တတ်နေပါပြီ။ Ref: we chat Credit Aung ko latt #Sayar_Aung #fyppppppppppppppppppppppp

U Soe
U Soe
Open In TikTok:
Region: MM
Tuesday 09 June 2026 11:57:44 GMT
209378
9135
663
1261

Music

Download

Comments

dawphyone2
dawphyone2 :
65ဆိုတော့လဲတော်တော်ကြီးကိုနီးကပ်နေပါပြီ
2026-08-04 11:25:54
2
user2161178866116
အန်ကယ်လ်ကြီး :
အလွန့်အလွန်ကောင်းတဲ့ အဓိပ္ပါယ် ရှိတဲ့စာသားလေးပါ... အဲဒီလို လိုက်နာ ကျင့်သုံးနှိုင်အောင် ကြိုးစားပါတော့မယ်...🙏🙏🙏 ကျေးဇူးတင်လိုမဆုံးပါဘူး အခုလို လမ်းပြပေးတဲ့ စာရေးသားသူကို အထူးကျေးဇူးတင်ပါတယ်... 👍👍👍💪💪💪
2026-06-10 02:49:46
11
user61695905386297
သုခ အောင် :
ယခုလိုအဓိပ္ပါယ်ရှိလှတဲ့စာသားလေးများသိရတဲ့အချိန်ကစရ၍လူသားတိုင်းအမှတ်တရထားရှိစေချင်ပါတယ်ဗျာ တိုတောင်းလှတဲ့လူ့ဘဝလေးနေဝင်ချိန်မရောက်ခင်သင်ဘာများပြုလုပ်ဆောင်ရွက်သင့်ပါသလဲ လူတိုင်းလူသားတိုင်းအသိသတိ ထားရှိကြပါလို့ထပ်မံနိုးဆော်လိုက်ရပါပေတယ်ခင်ဗျာ ပို့ပိုင်ရှင်ကျန်းမာပြီးအသက်ရာကျော်ရှည်ပါစေဘီးလင်းမြို့သားလေးဆုတောင်းပေးပါတယ်ဗျာ
2026-08-02 07:48:37
2
dawtintinnwe54
Tin Tin Nwe :
အမျိုးသာဆုံးတာသုံးနစ်ရှိပီစားသာလေးဖတ်ရတော့အားရှိသွားတယ်ကျေးဇူးပါ
2026-07-20 17:57:14
2
nan.nan6308
Nan Nan :
ဘာကိုမှမမျော်လင့်ပါနဲ့ဘုရားတရားလုပ်ရင်းကျန်းမာပျော်ရွှင်စွာနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေရှင်
2026-06-23 14:32:45
8
oo102kk3
O O :
verygoodthankyou
2026-06-21 14:08:35
1
phyu24697
Phyu Phyu Thwel💝 :
မှန်လိုက်တာ🥰🥰🥰🥰🥰
2026-06-12 13:00:49
0
jkurv742
𐙚˚Jk-Urv🦊˚.⋆ֹ :
မှန်တာပေါ့
2026-06-30 14:40:54
1
lay.thaung62
Lay Thaung :
အားလုံးအမှန်တွေပါဘဲ
2026-06-25 04:44:38
1
d.hla.hla.myint
တမာချို။ ကျောက်တန်းသူ :
ကျေးဇူးတင်မိပါတယ်
2026-06-15 11:49:41
1
hla.hla.htay3587
Hla Hla Htay :
ကျေးဇူးတင်ပါတယ်နော်
2026-06-23 13:10:23
1
nyi.soe543
Nyi Soe :
ခုအသက်၅၃ပါနေဝင်ချိန်ပြင်ဆင်ထားပီးပါပီကိုယ်လှူထားတဲ့ကောင်းမှုကုသိုလ်တွေတွေးပီးပီတိလည်းဖြစ်တယ်
2026-06-17 12:24:56
1
yoonpyaepyaea
uthaunghtay :
ပညာပေးစာသားလေးကောင်းပါတယ်မှတ်ထားပါမယ်
2026-06-16 08:50:00
1
swe8406
Swe :
ကောင်းလိုက်ပါ့စာရေးသူရယ်🥰64🥰65🥰ဆိုတော့စာရေးးသူရေးသားထားတဲ့အကြောင်းအရာတွေအတိုင်းကျင့်သုံးနေထိုင်နေပါတယ်ဗျာ🥰ကျေးဇူးအထူးတင်ပါတယ်🥰ရှယ်ခွင့်ပြု့ပါဗျာ🥰ttfriendတွေကိုပို့ချင်လို့ပါဗျာ
2026-07-13 12:32:33
1
user1334501072797
လှိုင် :
🥰မုန်လိုက်တဲစာသာေလးပါကြိဳုးစားေနပါတယ်🥰🥰
2026-06-26 06:43:04
1
daw.khin.sann.htw
Daw Khin Sann Htwe :
ကျေးဇူးပါရှင်🌼🌼🌼
2026-06-12 06:20:01
1
lin606790
Lin :
တန်ဖိုးရှိတဲ့စာမို့ကျေးဇူးပါရှင်
2026-07-09 08:27:25
1
tin72754
tin :
အမှန်ပါဘဲရှင်
2026-06-24 07:24:59
1
user42707169249383
ဇီဇဝါ :
အမှနိတွေပါရှင်
2026-06-12 03:19:08
1
htay.htay.san051
Htay Htay San :
အမှန်တွေပါ
2026-06-15 06:43:14
1
aung.gyi1009
Aung Kyaw :
တီးလုံးရဲ့ သီချင်းအမည်လေးသိပါရစေ
2026-06-24 04:15:03
2
maythi7703
MayThi :
သိပ်မှန်ပါတယ်လေ
2026-06-24 01:10:37
3
u.than.tun564
U than tun :
လမ်းမှန်ပြပေးလို့ကျေးဇူးတင်ပါတယ်.,..
2026-06-24 06:46:53
2
sander.maw5
Daw Sandar Maw :
မိမိလည်းဒီစာသားလေးထဲကအတိုင်းလိုက်နာကျင့်သုံးနေထိုင်နိုင်အောင်ကျိုးစားရပေအုံးမှာပေါ့သင်ခန်းစာရတဲ့စာသားလေးတွေပါ
2026-06-16 15:32:30
2
win384362
🦣 :
Copy ပေးပါ သဘောကျလို့
2026-06-10 11:55:23
1
To see more videos from user @usoe351, please go to the Tikwm homepage.

Other Videos


About