@pn12_29: "ဒီစကားက ဘာကို ပြောချင်တာလဲဆိုတော့....မင်းရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း တုံ့ပြန်ပြုမူနေတဲ့ ပုံစံမျိုးကို ပြောချင်တာပါ။ "မင်းကို တခြားတစ်ယောက်က လာပြီး ပြဿနာရှာတိုင်း၊ အငြင်းပွားစရာတွေ ရှိလာတိုင်းမှာ... မင်းက အမြဲတမ်း ပုံစံဟောင်းအတိုင်းပဲ စိတ်လိုက်မာန်ပါ တုံ့ပြန်တယ်၊ ရန်ပြန်ဖြစ်တယ်၊ ဒေါသထွက်ပြတယ်... စတဲ့ အမူအကျင့်ဟောင်းကြီးအတိုင်း တစ်သွေမသိမ်း လိုက်လုပ်နေမယ်ဆိုရင် မင်းဟာ 'တိရစ္ဆာန်တစ်ကောင်လို ပြုမူနေတဲ့ ' လူ ' ပဲ ဖြစ်နေပါလိမ့်မယ်။🧔 "ဘာဖြစ်လို့လဲဆိုတော့?......💡📜 "ခြင်္သေ့တွေ၊ ကျားတွေ၊ ဝက်ဝံတွေဟာ လူသားတွေထက် အင်အား အဆပေါင်းများစွာ ကြီးမားကြပါတယ်။ ဒါပေမဲ့ နည်းပညာတွေ၊ လက်နက်တွေ ဘာမှမရှိသေးတဲ့ "ကျောက်ခေတ်ဦးတုန်းကပေါ့"ရှေးဦးလူသားတွေဟာ သူတို့ထက် အင်အားကြီးမားတဲ့ သားရဲတိရစ္ဆာန်(ခြင်္သေ့၊ ကျား၊ ဝက်ဝံ) တွေကို အလွယ်တကူ ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့ကြတယ်။ "ဘာလို့အဲ့လိုသတ်ဖြတ်နိုင်ခဲ့တယ်ထင်လဲ? 🏹🦁 "အဖြေကတော့ရှင်ရှင်လေးပါ......👏🎩။ "တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ဗီဇအမူအကျင့်နဲ့ တုံ့ပြန်ပုံတွေကို ဘယ်တော့မှ မပြောင်းလဲတတ်ကြလို့ပါပဲ။ "သူတို့ဟာ ဘယ်အချိန်မှာ ရေလာသောက်မလဲ၊ ဘယ်အချိန်မှာ အမဲလိုက်မလဲ၊ ရန်သူနဲ့တွေ့ရင် ဒါမှမဟုတ် ဒေါသထွက်လာရင် ဘယ်လိုမျိုး တိုက်ခိုက်မလဲ၊ ဘယ်လမ်းကြောင်းကနေပဲ သွားတတ်သလဲ ဆိုတာကအစ အမြဲတမ်း ပုံသေဖြစ်နေပါတယ်။ "အဲဒီလို 'ခန့်မှန်းရလွယ်တဲ့ အားနည်းချက်'တွေ ကြောင့်ပဲ သူတို့ထက် အင်အားသေးငယ်တဲ့ လူတွေရဲ့ ထောင်ချောက်ထဲကို သက်ဆင်းသွားခဲ့ရတာပါ။ 🎯 "မင်းရဲ့ ဘဝမှာလည်း ဒီအတိုင်းပါပဲ။ မင်းဘာသာမင်း ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ ဘယ်နေရာမှာပဲ အရည်အချင်းရှိပါစေ....တိရစ္ဆာန်လို အမူအကျင့်မျိုးနဲ့ဆိုရင်တော့ မင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရန်သူတွေ ဒါမှမဟုတ် မင်းကို မနာလိုတဲ့သူတွေက ကြိုပြီး ပုံသေတွက်လို့ရနေရင် မင်းဟာ သူတို့ လှည့်စားကစားတာကို ခံရမယ့် ' သားကောင် 'ဖြစ်သွားပါလိမ့်မယ်။ "ဒါကြောင့် ဘယ်အရာကိုမဆို ပုံသေနည်းအတိုင်း လိုက်ပြီး ပြုမူတတ်တာမျိုး မလုပ်ပါနဲ့။ တစ်ခါတလေမှာ မထင်ရင်ထင်သလို တုံ့ပြန်တတ်တာ၊ လျစ်လျူရှုလိုက်တာ' သို့မဟုတ် 'သူတို့ လုံးဝ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ အကွက်ရွှေ့တာကမှ....မင်းကို အင်အားကြီးတဲ့ လူသားတစ်ယောက် ဖြစ်စေမှာပါ။ 🌱 "မင်းရဲ့ ဘဝကို တိရစ္ဆာန်တွေလိုမျိုး အမူအကျင့်နဲ့ မဖြတ်သန်းပါနဲ့။ #creatorsearchinsights #flypシ #fypシ゚ #foryou #foryoupage
𝙺𝚘𝚍𝚘𝚔𝚞 𝚈𝚊𝚖𝚒 𓁹
Region: MM
Tuesday 09 June 2026 12:30:42 GMT
Music
Download
Comments
y :
lateသွားပီ😭
2026-06-09 13:15:17
0
kokyaw8548 :
🥰🥰🥰
2026-06-09 13:13:32
1
To see more videos from user @pn12_29, please go to the Tikwm
homepage.