@ko.shine.charity: "ဒီကျောင်းတိုက်မှာ သံဃာအသစ်တွေကြွလာရင် မအပ်စပ်တဲ့ပစ္စည်းများ ပါ/မပါ စစ်ဆေးရတယ်။ များသောအားဖြင့် စာသင်သား ရဟန်းသာမဏေများက ချို့တဲ့တော့ ကိုယ်တိုင်ဝတ္ထုငွေနဲ့ ဝယ်ကြတာများတယ်။ ဒါကြောင့် သံဃာလက်ခံတဲ့အခါ မအပ်စပ်တာ ဘာမှယူ မလာရ၊ လိုအပ်တာကို ကျောင်းကပဲ လှူပေးပါမယ်ဘုရား လို့ လျှောက်ထားရတယ်။ သံဃာအသစ်တွေ လိုအပ်တဲ့ သပိတ်သက်န်း၊ရေချိုးခွက် ဆပ်ပြာ အစရှိတဲ့အသုံးအဆောင်ပစ္စည်းတွေ လှူပေးနိုင် တယ်ဆိုတာ ပေါလွန်းလို့တော့ မဟုတ်ဘူး။ တပည့်တော်တို့ ဆရာတပည့်တွေ ဝါဆိုတဲ့အခါတို့ ကထိန် အခါတို့မှာ ရတဲ့သက်န်း စတဲ့ပစ္စည်းတွေ ကိုယ့်မှာပိုလျှံနေရင် သံဃိကဘဏ္ဍာတိုက်မှာ လှူဒါန်းထားကြတယ်။ ဒီတော့ သံဃာအသစ်တွေကြွလာရင် သံဃိကဘဏ္ဍာတိုက် ကနေ ထုတ်လှူပေးနိုင်တာပေါ့။ အကယ်၍ တပည့်တော်တို့က ရသမျှ "ငါ့ဖို့၊ငါ့ဖို့" လုပ်နေရင် ဘဏ္ဍာတိုက်မှာ သံဃာအသစ်တွေအတွက် ပေးစရာ ဘာမှ ရှိမှာမဟုတ်ဘူး။ တပည့်တော်တို့ ဆရာတပည့်တွေ ရှိတာနဲ့မျှတအောင် နေကြတဲ့၊ ရောင်ရဲကြတဲ့အတွက် သံဃာအသစ်တွေကိုလည်း လှူနိုင်တယ်၊ အာဂန္တုသံဃာ တွေကိုလည်းလှူနိုင်တယ်။ ပတ်ဝန်းကျင်က ကျောင်းတိုက်များကိုလည်း လှူပေးနိုင်တယ်။ ဒါကြောင့် တပည့်တော်တို့ ဝိနည်းတွေကိုလေးစားလိုက်နာ ရုံတင်မက၊ ရောင်ရဲတတ်ကြဖို့လည်း လိုတယ်။ အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ) #ဆုံးမသြဝါဒ #KSCF #မဟာဝိဟာရ_လှည်းကူး #KoShineCharity #foryoupage
Ko Shine Charity Family
Region: MM
Tuesday 09 June 2026 17:11:34 GMT
Music
Download
Comments
Red Devil :
မဟာဝိဟာရက နောက်ထပ်တစ်ဂိုဏ်းထပ်ခွဲတာလား
2026-06-10 01:22:10
1
Aung Naing Htoo :
@သာဓုသာဓုသာဓုပါဘုရား
2026-07-27 15:10:54
0
Daw Yee Yee :
2026-08-17 01:54:29
0
Si Thu Phyo Aung :
ကြည်ညိုဖို့ကောင်းတဲ့ဆရာတော်ပါ
ဦးတင်ပါတယ်ဘုရား
2026-06-10 02:34:47
1
Z2005u :
🙏
2026-08-01 05:14:30
0
Aung myo win :
သာဓုသာဓုသာဓုပါဘုရား
2026-06-10 01:06:58
2
Mary Maung :
🙏🙏🙏🙏🙏ဘုန်တော်လေးအသက်ရာကျော်ရှည်ပါစေ🙏🙏🙏
2026-06-09 23:14:59
1
Shwe Moe :
ဆရာတော်ဘုရား
ယခုဆောင်းသောထီးတော်နဲ့
သပ္ပယ်လှပါ၏ဘုရား
2026-06-09 23:03:07
2
Arkar Hein :
အရမ်းကြည်ညိုပါတယ်အရှင်ဘုရား
2026-06-10 11:03:05
1
Chit :
ဦးတင်ပါတရ်ဘုရား...
2026-07-10 23:36:44
0
May dar-daily wear :
ကြည်ညိုဦးတင်ရှိခိုးပါတယ် ဘုရား
2026-06-10 09:28:06
0
ko chai :
2026-06-15 02:29:25
1
Kyaw Thwin Aung :
💕🙏💕သာဓု သာဓု သာဓုပါ💕🙏💕
2026-07-08 13:39:02
0
အလွမ်းမင်းသားလေးတုတ်ကြီး :
သာဓုပါဘုရား
2026-06-16 01:11:02
0
အိမွန်ထွေး :
ဆရာ တော်. မိန့်ကြားတဲ့စကားမှန်သမျှအရမ်းကိုတန်ဖိုးရှိပြီးဗဟုသုတရပါတယ်ဘုရား
2026-07-12 05:35:57
0
May Man :
သာဓု သာဓု သာဓု။
2026-07-14 01:50:59
0
Red Devil :
တကယ်ဝိနည်းမဆောင်ပဲ ဝိနည်းဆောင်တယ်လို့ဟန်ဆောင်ရင်ဘယ်လိုအာပတ်မျိုးသင့်ပါသလဲဗျာ့
2026-06-10 05:40:54
3
Daw Zin Mar Aung :
🙏🙏🙏
2026-06-10 16:42:58
1
To see more videos from user @ko.shine.charity, please go to the Tikwm
homepage.