@bae78893: #ကျမကတော့ — “ကျမကို ရထားတာ ကံကောင်းလိုက်တာ” လို့ တစ်လောကလုံးကို အမြဲဂုဏ်ယူပြီး အကျယ်ကြီး အော်ပြောရဲတဲ့သူမျိုးကိုပဲ ရွေးမှာ။ ချစ်ခြင်းမေတ္တာဆိုတာ အသနားခံပြီး တောင်းဆိုရတဲ့အရာ မဟုတ်သလို၊ တစ်ဖက်သတ် အနစ်နာခံပြီး စတေးပစ်ရမယ့်အရာလည်း မဟုတ်ဘူး။ ကိုယ်ကပဲ လိုက်ချစ်နေရတဲ့အခါ နှလုံးသားက ပင်ပန်းရတယ်၊ သူကပဲ ကိုယ့်ကိုချစ်နေပြီး ကိုယ်က ပြန်မချစ်နိုင်တဲ့အခါကျတော့လည်း အားနာစိတ်နဲ့ ဝတ္တရားတွေကြားမှာ မွန်းကျပ်ရပြန်ရော။ တကယ်တော့ ဘဝဆိုတာ တိုတိုလေးပါ။ အဲဒီတိုတောင်းတဲ့ အချိန်လေးထဲမှာ... မိတ်ဆက်ပွဲတွေမှာ၊ သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ရဲရဲဝံ့ဝံ့ ချပြရဲတဲ့သူ။ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုပါ အပြစ်မမြင်ဘဲ အမြတ်တနိုး တန်ဖိုးထားပေးတတ်တဲ့သူ။ “မင်းနဲ့ဆုံရတာ ငါ့ဘဝရဲ့ အကောင်းဆုံး ကံကောင်းခြင်းပဲ” လို့ မျက်ဝန်းတွေ တောက်ပပြီး ပြောတတ်တဲ့သူ။ အဲဒီလိုလူမျိုးရဲ့ ဘေးနားမှာရှိနေရတာကမှ တကယ့် စိတ်အေးချမ်းသာမှုကို ပေးနိုင်တာပါ။ “တန်ဖိုးဆိုတာ ထားတတ်တဲ့သူလက်ထဲမှာ ပိုအဖိုးတန်တာမလား” ကျောက်စရစ်ခဲတစ်လုံးကို လမ်းဘေးမှာထားရင် နင်းခြေသွားကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီကျောက်ခဲကိုပဲ တန်ဖိုးထားတတ်တဲ့ ပန်းပုဆရာလက်ထဲ ထည့်ပေးလိုက်ရင် အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတစ်ခု ဖြစ်သွားတတ်ပါတယ်။ လူလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ရဲ့ ဂရုစိုက်မှု၊ ကိုယ့်ရဲ့ သစ္စာတရားနဲ့ ကိုယ့်ရဲ့တည်ရှိမှုကို သာမန်အရာတစ်ခုလို သဘောထားတဲ့သူ့လက်ထဲမှာတော့ ကိုယ်ဟာ သိမ်ငယ်ရုံပဲ ရှိမှာပါ။ ကိုယ့်ကို ရထားတာ ကံကောင်းတယ်လို့ သတ်မှတ်ပေးတဲ့သူ့လက်ထဲ ရောက်တဲ့အခါကျမှသာ ကိုယ့်ရဲ့ဖြစ်တည်မှုက ပိုပြီး လင်းလက်လာတာ၊ ပိုပြီး အဖိုးတန်လာတာ။ ကိုယ်နဲ့ထိုက်တန်တဲ့နေရာဆိုတာ ကိုယ့်ကို အလေးအနက်ထားပြီး မြတ်မြတ်နိုးနိုးနဲ့ ဆုပ်ကိုင်ထားတဲ့သူ့ရဲ့ ရင်ခွင်ပဲ ဖြစ်ရပါလိမ့်မယ်..💜🍂crd
ညို 🤎
Region: SG
Wednesday 10 June 2026 08:50:20 GMT
Music
Download
Comments
Yu Yu Lay :
သူချစ်ကိုလည်း မရွေးနဲ့
သူက တအားချစ်နေတော့ အစစ အရာရာ သဝန်တို၊ပြဿာနာအမြဲဖြစ်
ကိုယ်ချစ်ကိုလည်း မရွေးနဲ့ ကိုယ်က အရမ်းချစ်တော့ စိတ်တွေ တအားပူပင်ရတယ်၊ နေနိုင်ရင် အပျိုးကြီးတွေလုပ်တာပဲကောင်းတယ်။ ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူးနော်။
2026-06-11 11:59:32
30
🐷ဝက်ပုလေး🐷 :
စာသားပေးcopyပေးပါလားရှင်ပြန်တင်ချင်လို့ပါ🥺🥺🥺
2026-06-10 10:01:23
14
⚖️ Htet Nadi Linn ♎ :
copyယူပါရစေ🥰
2026-06-13 02:50:49
2
🎌🍀yuki(the moon)🇯🇵 :
ဒါပေါ့ကွယ်
2026-06-12 23:35:09
2
☘️🌻Hlwan🌻☘️ :
copy ပါရစေရှင့်❤️
2026-06-13 02:50:03
2
ℳℯℯℳℯℯ💞𝒜𝓇𝒾ℯ𝓈♈𝒜𝒵ℬ ℱ𝒶𝓃 :
စာသားလေးတွေအရမ်းကြိုက်ပါတယ်
2026-06-13 02:56:51
2
user221732471 :
ဟုပ်ပါ🥰
2026-06-12 14:57:31
2
ćĥàñ :
စာသားလေးယူသုံးပါတယ်ရှင့်😍
2026-06-11 15:14:03
2
🍒🍒jasmine 🍒(official acc)🍒 :
အမှန်ပေါ့🥰
2026-06-11 14:09:53
2
NongLay :
ပြန်တင်ချင်လို
2026-06-12 07:19:07
2
🌹Ah Win🌹 :
သူချစ်ကိုရွေးလို့အခုထိအချစ်ခံရတယ်🥰😊
2026-06-11 15:58:28
2
👀🎀😋 မိနေခြည်😋🎀👀 :
copy ယူသုံးပရစေရှင့်🥰
2026-06-11 15:12:52
2
Nann thandar moe ❣❣☪🐣 :
crdပေးပါတယ်🥰
2026-06-11 13:12:07
2
なyちHとぇ🤗 :
ဟုတ်ပ့
2026-06-11 16:09:30
2
Nyein#🇯🇵🇯🇵🇯🇵日本 :
မရနိုင်တော့ပါဘူး
2026-06-11 15:56:03
2
ပဲခူသူလေး😍👻🍺💕😜 :
ပြန်တင်ခွင့်ပြုပါနော်🤩
2026-06-11 15:18:20
2
Su Myat(ကွမ်းခြံကုန်းသူလေး🇲🇲 :
copyယူပါရစေနော်🥰
2026-06-11 14:10:14
2
🧛Chit Net Soe 🧛 :
စာသားလေးယူမယ်နော်🥰🥰🥰🥰
2026-06-11 17:04:49
2
🌷🌷🐼N.W.K🐼🌷🌷 :
ပြန်တင်မယ်နော်🥺🥺
2026-06-11 11:13:27
2
ko Aye. Maung. Maung :
မဂ်လာပါ
2026-06-11 11:28:40
2
🍀May Lwin🍀🇯🇵 :
ဒါပေါ့
2026-06-11 13:24:28
1
Khaing (အညာသူ)🤗 :
copy
2026-06-12 04:07:41
2
🌸အောင်ကိုကိုငြိမ်းရဲ့အပိုင်🌸 :
copyယူမယ် နော်
2026-06-12 10:57:36
1
🍓Ah Thet🍓 :
စာသားလေးယူသုံးပါရစေနော်🥰
2026-06-11 12:45:43
2
🇲🇲 Thu Zar 🇴🇲 :
ကိုယ့်ကိုရလို့ကံကောင်းလိုက်တာလို့ပြောပီးဂုဏ်ယူနေတဲ့သူဆိုမှတော့ ကိုယ်ချစ်သူချစ်ပေါ့ဗျာ ကံကြီးခြင်းမေတ္တာပေါ့💜💜
2026-06-11 15:47:36
3
To see more videos from user @bae78893, please go to the Tikwm
homepage.