@philipphyoe: ကုမ္ပဏီဝန်ထမ်းကနေ လုပ်ငန်းရှင်ဖြစ်ဖို့ အရင်းအနှီးမလိုဘူး 😎 #philipphyoe #business #motivation #SelfImprovement

Philip Phyoe
Philip Phyoe
Open In TikTok:
Region: TH
Wednesday 10 June 2026 11:31:05 GMT
216521
13401
231
1845

Music

Download

Comments

fourkings.digital
Mr Wi Ra :
စိတ်ပျက်ရုံတင်မကဘူး ရွံပါရွံသွားတာဗျာ။ trauma ပါရသွားတယ်။ ကုမ္ပဏီအလုပ် နောက်နောင် လုပ်ကိုမလုပ်ချင်တော့တာ။ အလုပ်ထွက်လိုက်ရလို့ နောင်တလည်းမရဘူး။ ဒါပေမယ့် တယောက်တည်း ၁ က ပြန်စရတဲ့ချိန် ဘယ်က စရမှန်းကိုမသိဘူး။
2026-06-10 13:01:46
69
htin0027
HtinLinnAung :
စိတ်ပျက်တာမှ ပြန်တွေးတိုင်း လူthet ချင်လောက်အောင်ကိုစိတ်ပျက်စိတ်နာခဲ့တာ ကိုယ်ဝါသနာပါခဲ့ပေမယ့်နယ်ပယ်ကအတော်လေးကိုစိတ်ပျက်စရာကောင်းခဲ့လို့ရော အလုပ်ရဲ့ပိုင်ရှင်ရဲ့မောင်က နောက်ဖေးပေါက်ကနေမန်နေဂျာရာထူးကောက်ယူထားပြီးစကားပြောပုံရော အတွေးအခေါ်ကရော ဘယ်လိုအဆင်မပြေနေလို့ထွက်ပြီး လုပ်ငန်းတစ်ခုကောက်ထလုပ်တော့မှဘဲ ကိုယ့်စိတ်နဲ့ကိုယ်အေးဆေးဖြစ်သွားတော့တယ်၊ တစ်ခါတလေကျ စိတ်ပျက်မှုက စိတ်အင်အားဖြစ်သွားစေတာမျိုးဖြစ်တာပေါ့နော်
2026-06-11 07:54:49
13
mbl.brewandgo62
Brew & Go :
ကျွန်တော်ကတော့ ဝန်ထမ်းဘဝကို အလုပ်တစ်ခုထဲမှာ ၆နှစ်ဝန်းကျင်လုပ်ခဲ့တယ် အထက်လူကြီးတွေကတော့ မက်လုံးတွေပေးပြီး ခိုင်းတာ ကြိုးစားတယ် ရလဒ်ကောင်းတွေရတယ် မအေးချမ်းတဲ့နယ်မြေတွေ ခရီးသွားရတယ် အကြွေးကျန်တွေလိုက်တောင်းရတယ် နောက်ဆုံး အကြွေးကျန်တွေလည်းရှင်းသွားရော ကိုယ်ရှိနေတဲ့ ဌာနကို ဖျက်သိမ်းပြီး သူများဌာနအောက်မှာ ပြန်ဝင်လုပ်ခိုင်းတာ ကိုယ်လည်းစိတ်ကပျက် ဝမ်းလည်းနည်းပြီး ထွက်စာတင်လိုက်တော့ နောက်၁လလောက်စောင့်ပေးပါ ရာထူးလစာတိုးပေးပါမယ် ဘာညာနဲ့ပေါ့ ကျွန်တော်ကတော့ ယုံကြည်မှုကင်းမဲ့သွားတာ ဝန်ထမ်းအလုပ်ဆိုတာကို တချို့ဆိုအလုပ်မလုပ်ဘဲ လေပစ်နေပြီး လူကြီးလာရင် ဘယ်လိုအကင်းပါးမှန်းမသိဘူး ကိုယ်လုပ်နေတဲ့လက်စ ယူလုပ်တဲ့သူနဲ့ ကိုယ်ကတော့ အလုပ်ပြီးလို့ အေးဆေးနေတာကို လူကြီးတွေက အလုပ်ပြီးတာမသိဘူး အလုပ်လုပ်နေတာပဲမြင်ချင်ပုံရပါတယ် နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ရအောင်ထွက်နိုင်ခဲ့ပါပြီ 😊ခုတော့ ဘာမှသိပ်မရေရာတဲ့ အပြင်လောက(အခက်အခဲများကြား)မှာ ကော်ဖီလှည်းလေးနဲ့ စွန့်စားနေဆဲ🤗
2026-06-11 07:04:35
26
jackson.mdy
JACK :
ကျွန်တော့်အမြင်လေးက တမျိုးဖြစ်နေတယ်ဗျာ။ ကိုယ်ပိုင်လုပ်ငန်းလုပ်မှ အောင်မြင်တာ မဟုတ်ဘူး။ ဝန်ထမ်းအလုပ်ကလည်း ကိုယ်ပိုင်ထက် နိမ့်ကျနေတာ မဟုတ်ဘူး။ တချို့လူတွေက တနေရာတည်းမှာ ကွက်ပီး သူမတူအောင် တော်နေတာရှိတယ်။ သူတို့ကကျ ဝန်ထမ်းလုပ်တာက ပိုကောင်းတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိပါတယ်။ ဆရာကောင်းနဲ့ တပည့်ကောင်း စုံဖို့ပဲလိုတာလို့ မြင်မိပါတယ်ခင်ဗျာ။
2026-06-10 13:08:08
12
linlattshein7
ပေါက်ပေါက် အကြော်စုံ :
ဆရာပြောတဲ့အခုဗွီဒီယိုက ကျမတို့အတွက် ကွက်တိဖြစ်နေတယ် အခုကိုယ်ပိုင်အလုပ်လေးနဲ့ပျော်ရွှင်နေရသူပါ
2026-06-28 16:18:55
1
flower8lay8
ကြယ်စင် :
ကျနော်လဲ အတော်စိတ်ပျတ်နေပြီးသူများအလုပ်လုပ်ရတာကို အခု အဲစိတ်ပျတ်တဲ့စိတ်ကပဲ ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်ခဲ့တယ် ကြိုးစားနေတယ် အစလဲ အစလုပ်နေတယ် ကိုယ်ပိုင်အလုပ်တစ်ခုကို အခုထိတော့ဝန်ထန်း လုပ်ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု အစပြုနေဆဲ သူတစ်ယောက်ပဲဖြစ်နေတုန်းပဲ ကိုယ်ပိုင်အလုပ်က အခြေခိုင်သွားရင် ဝန်ထန်းအလုပ်ကို အပြီးအပိုင်စွန့်လွတ်တော့မယ်
2026-06-11 02:05:07
5
kyawkooqibn
Kyaw Kyaw Oo :
အဲ့လိုစိတ်ပျက်မှုတွေကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့တာ၂နှစ်ကျော်သွားပီ🥰
2026-06-15 12:28:39
1
san.dar34069
@ San Dar 🥰 ရဲသီဟထွန်းမေမေ :
ဝန်ထမ်းဘဝကနေရုန်းထွက်ပီ ကိုယ်ပိုင်စီးပွားရေးတခုလုပ်နေပါတယ် အကုိ အခုတော့ နေရာတစ်ခုတော့ရောက်ပါပီ သူများအလုပ်ထက်ကိုယ်ပိုင် အလုပ်လုပ်ရတာပိုကြိုက်ပါတယ် 🥰 ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရပါတယ်အကို❤️
2026-06-27 03:46:42
1
tayza7119
Tayza :
ကိုယ်တွေဆို 6နှစ်လုပ်ခဲ့တယ် ၀န်ထမ်းလျော့တဲ့ထဲပါသွားတယ် အခုတော့အစကပြန်စရတော့မယ် မသေချာဆုံးသောအလြပ်က၀န်းထမ်းအလုပ်ပဲ တခါတလေကျရင် ကိုယ်ပိုင်အလုပ်လိုထင်သွားတတ်ကျတယ် အဲ့ကောင်အကျနာပီပဲ
2026-06-10 11:37:40
10
kadayhein753
Ko Hein :
ကိုယ်တွေကတော့လခစားဝန်ထမ်းဘဝကနေစိတ်ကုန်နေပြီကိုယ်ပိုင်အလုပ်အတွက်အရင်းနှီးနည်းနေရင်တောင်ကြိုးစားကြည့်ဖို့အဆင်သင့်ဖြစ်နေပြီ🥰
2026-06-11 06:27:48
2
kyaw.thura800
Kyaw Thura :
ဒါတော့မှန်တယ်
2026-06-11 11:05:09
1
chinlay9803
Chin Lay :
ပညာရပါတယ်
2026-06-11 00:06:20
1
htet_naing_aung
HTET PHOTOGRAPHY :
မှန်လိုက်တာဗျာ😂
2026-06-11 00:26:49
1
swephyo.han
Shwe Phyo Han :
မိုက်တယ်
2026-06-11 01:57:10
1
dar.dar3951
Dar Dar :
101%စိတ်ပျက်သွားလိုထွက်လိုက်ပိ တကယ် အရမ်းပေါ့ပါးသွားတယ်
2026-06-12 06:52:06
1
winnminnhtun182
Ko Thar Nge :
ကျွန်တော်ကတော့ သစ်သီးပွဲရုံမှာနောက်ဆုံးလုပ်ပြီးကိုယ်တတ်တဲ့ပညာနဲ့ကိုယ်ပိုင်ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတယ်ဗျာ အရင်လုပ်ခဲ့တဲ့အလုပ်ရှင်တွေကိုလည်းကျေးဇူးတင်ပါတယ် လုပ်ငန်းအတွေ့အကြုံတွေကသူတိုထံမှာရခဲ့တာလေ အခုကိုယ်ပိုင်အလုပ်မှာပျော်နေပါပြီ
2026-06-12 11:52:16
1
kyaw.san271
Kyaw San :
ဝန်ထမ်းဘဝကို စိတ်ပျက်တာနဲ့တင်မရပါဘူး အလုပ်ထွက်ဖို့ သတ္တိလည်းရှိရမယ်။ အလုပ်ထွက်ဖို့ Planလည်းလိုတယ်။ လုပ်ငန်းရှင်ဖြစ်ဖို့ စိတ်ဓါတ်ကြံခိုင်ပြီး ဇွဲလုံရှိရသလို ကိုယ်ပိုင်မရင်းနှီးနိုင်တောင် ငွေ၊အဆက်အသွယ်စတဲ့ နောက်ခံsupport တွေလည်း လိုပါတယ်။ ဒါတွေမရှိရင်ရော လုပ်ငန်းရှင် မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်နိုင်ပါတယ် လုပ်ငန်းကြီးတာနဲ့ သေးတာပဲကွာမှာ
2026-06-11 14:01:33
5
shoonyatisan7
♈️Shoon Yati San♈️ :
အရမ်းမှန်ပါတယ် 🙏🙏🙏🙏
2026-06-26 15:27:04
1
nwayzin697
Nway ⚡️🔥5 :
စိတ်ပျက်နေပါပြီခု
2026-06-11 02:20:15
1
ko.kyaw.thura.199
KO KYAWTHUYA (Lu Phaw) :
ကျနော်ဆိုရင် အရင်လုပ်ခဲ့တဲ့ အလုပ်ကကောင်းပါတယ်၊သက်လည်းသက်သာပါတယ်၊မပင်ပန်းပါဘူး။မန်နေဂျာကလည်း အလုပ်မထွက်ဖို့ညှိပေးရှာပါတယ်။ဒါမဲ့ ကျနော်က လျှာရှည်ပြီး ငတ်ချင်တော့အပြင်မှာကိုယ်ပိုင်အလုပ်လုပ်ထွက်လုပ်တာပါ။😁😁ပင်ပန်းတာတော့ပြောမနေနဲ့လမ်းပြမဲ့သူမရှိအားပေးမဲ့သူမရှိနဲ့ လုပ်နေရတာပဲ။🥺🥺🥺🥺😭😭😭😭😭
2026-06-11 06:05:05
2
puu.tuu95
👑ニン さん🇯🇵 :
ဝန်ထမ်းဘဝကနေရုန်းထွက်ချင်နေပီ ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေးတခုလုပ်ဖို့ကိုလည်းကြောက်နေတယ် ဘာလုပ်သင့်လဲဆရာ အကြံလေးပေးပါအုံး🥹
2026-06-11 02:25:52
2
flower.pk66
pyone kyi :
100ရာနှုန်းပြည့်အမှန်ပါ
2026-06-11 01:16:55
2
ukokhant5
🇯🇵Haruki🇯🇵 :
တော်တော်စိတ်ပျက်နေပြီ အကြီးကြီးစိတ်ပျက်နေပြီ
2026-06-11 04:58:58
2
moseschaw
Moses Chaw :
ဒါကိုတော့ မှားတယ်လို့ပဲပြောပါတယ်။ Business life နဲ့ Corporate life မှာ pros and cons အမြဲရှိတယ်။ Company ရဲ့ meaning ကိုက ပေါင်းစည်းချင်းလို့ပြောရင်ရတယ်။ မတူတဲ့အရည်အချင်းတွေကိုပေါင်းပြီး ရည်ရွယ်ချက် ရပ်တည်ချက်တစ်ခုကို အကောင်အထည် ဖော်ကြတာ။ မှားနေတာက ရပိုင်ခွင့် တိုးတက်ပိုင်ခွင့်တွေကို ကန့်သတ်ခံရတာပဲ။ ကိုယ်တစ်ယောက်တည်း မင်းသားလုပ်မယ်တွေးရင် MNC တွေရှိမလာတော့ဘူး။ နောက်သေချာတာက ဒီလို post တင်ပြီး company မထောင်နဲ့တော့။ ဝန်ထမ်းတွေကိုအထင်သေးတဲ့စိတ်ရှိတဲ့ Boss ဆီမှာ ခေါင်းဆောင်နိုင်တဲ့စွမ်းအားရှိနေမှမဟုတ်ဘူး။ ခင်ဗျားအခု video တွေရိုက်ရိုက်ပြီးတင်နေတဲ့ TikTok company လည်းရှိလာမှာမဟုတ်ဘူး။ Value Exchange ဆိုတဲ့ fundamental ကိုနားလည်ဖို့လိုတယ်။ လူတိုင်းမုန့်ဟင်းခါးရောင်းမယ်ဆိုရင်တောင် မုန့်ဖတ်ကိုဘယ်က လွယ်လွယ်၀ယ်လို့ရမှာလဲ။ Professional တွေကိုတန်ဖိုးထားရမယ်။ ဖြစ်တည်မှုတွေကိုတန်ဖိုးထားရမယ်။ အောင်မြင်က Industry တိုင်းနဲ့ ဖြစ်တည်မှုတိုင်းမှာရှိတယ်။ ကျနော်နဲ့ Debate လုပ်လို့ရပါတယ်။
2026-06-12 15:59:09
2
ko.thant.zin259
Ko Thant zin :
ကျနော့်ကိုပြောနေသလိုပဲ
2026-06-10 15:01:11
1
To see more videos from user @philipphyoe, please go to the Tikwm homepage.

Other Videos


About