@elz.y.wrld: မနေ့က သူနဲ့ First date အိမ်ပြန်ရောက်ကတည်းက အပျော်လွန်ပြီး လေပေါ်ဝဲနေတာ သူကအပြင်မှာလည်း တကယ်ချောတာ မျက်နှာလေးကညက်နေတာပဲ မျက်လုံး မျက်ခုံး နှာခေါင်း နှုတ်ခမ်းဆိုတာ ဘယ်နေရာမှအပြစ်ပြောစရာမရှိဘူး အပိုပြောတာမဟုတ်ဘူးတကယ် ပါးလေးတွေမှာဆိုလည်း သွေးကြောလေးတွေက စိမ်းနေတာ မျက်လုံးတွေက ဖုန်းထဲကထက်ပိုလှတယ် မျက်ဆံလေးတွေဆိုနက်မှောင်နေတာ မျက်လုံးကတကယ်အသေလှတာ သူ့မှာပါးချိုင့်ပါမှန်း အရင်ကမသိခဲ့ဘူး သူကမှမပြောပြဖူးတာ မနေ့ကတွေ့တော့ သူပြုံးပြတာ ပါးနှစ်ဖက်မှာ ပါးချိုင့်လေးကခွက်နေရော ချစ်လိုက်တာလို့ပဲ ထိုင်အော်နေချင်တော့တယ် လူအားလုံးကိုလိုက်ပြီး ဒါငါ့ကောင်လေးလေ ငါ့ကောင်လေးကစာလည်းတော်တယ် စိတ်ဓာတ်ကလည်း တအားကောင်းတာ ရုပ်ကလေးကလည်းအပြစ်အနာဆာမရှိဘူးလေလို့ပြောပြောပြီး ဂုဏ်ဆာပစ်ချင်တာ မရသေးလို့ငြိမ်နေရတယ် တကယ့်အပြုံးချိုလေး အသားကလည်းဖြူဖြူလေးနဲ့ ထင်းထွက်နေတာ စကားပြောတိုင်း သူ့မျက်နှာကိုပဲ ထိုင်ငေးမိနေလို့ ဘာပြောသွားမှန်းတောင်မသိလိုက်ဘူး စကားပြောတာ ဆွဲဆောင်မှုရှိတယ် လေသံအေးအေးလေးနဲ့ မျက်လုံးကိုစိုက်စိုက်ကြည့်ပြီးပြောတာ ရင်တုန်ပြီးကော်ဖီတွေပါ မှောက်ကျတယ် သူကတိုးတိုးလေးခိုးရယ်တယ် ချစ်လိုက်တာတအား ယောကျာ်းဖြစ်ပြီး အဲ့လိုနုနုညက်ညက်လေးနဲ့ချောတာမျိုး အခုမှမြင်ဖူးတယ် မိန်းမဆန်တာလည်းမဟုတ် အရမ်းယောကျာ်းဆန်တာလည်းမဟုတ်ဘဲနဲ့ သူ့ပုံစံလေးနဲ့သူ ကွဲထွက်နေတာ တကယ်ချစ်စရာလေး ဒီမှာမျောက်အုန်းသီးရထားသလိုပဲ မအိပ်နိုင်မစားနိုင် ပြန်ခါနီးတော့ သူကလက်ကလေးကို ဖွဖွလေးဆုပ်ကိုင်လာတာ ရင်ထဲလိပ်ပြာတွေပျံသွားတဲ့အတိုင်းပဲ ပုံတွေတင်ချင်ပေမယ့် သူကမတင်ရဘူးတဲ့ သူ့စကားနားထောင်ပြီးမတင်တော့ဘူး ထပ်တွေ့မယ့်နေ့ကိုပဲ မျှော်နေမိတော့တယ် သူ့ကိုစိတ်မချတော့ဘူး လူတိုင်းနဲ့သဝန်တိုတယ် သူကြည့်တာခံရမယ့်လူရော သူ့ကိုကြည့်တဲ့ကောင်ကိုရော မကြိုက်ဘူး သိတာနဲ့ဆွဲဖြဲပစ်မယ် #mlm #viral #firstdate

拾贰•
拾贰•
Open In TikTok:
Region: MM
Wednesday 10 June 2026 13:58:32 GMT
118689
6327
99
946

Music

Download

Comments

kimberli4349
Esther :
ဟားးးပါးစပ်စိလို့မရတော့ဘူး ဘာလို့မှန်းတအားပျော်တယ်!!!
2026-06-10 14:20:22
184
coke3458
Coke :
အာ စိတ်လေးဖတ်ရတာ ဒီကလူပါ အူယားနေရပြီ, မြင်ဖူးချင်လိုက်တာ, အမြန်ဆုံးလည်း အဆင်ပြေကြပါစေနော်🫶
2026-06-10 15:01:02
44
yram_eom
ကတုံးမ (katonema) :
အသစ်လေးတင်ပါဦး 😭 သဘောကျလွန်းလို့
2026-06-11 08:56:34
6
wangxiaobxg6
Khing Phyu :
ပြပါပြပါ ငါတို့လဲ မြင်ချင်တယ်လေဟယ်
2026-06-11 16:19:26
23
samvara92
SAMVARA :
သူက ဘာပြန် ပြောလဲ
2026-06-11 10:23:10
15
annarjune8
Annar June :
a ဒါမျိုးကိုမျှော်နေတာတွေ့ပီ ဆက်တင်နော်ဘရို အားပေးတယ်🥰
2026-08-07 20:09:20
1
mzhkk8381
𝑲𝒉𝒂𝒎-𝑿 :
ဟျောင့်ရေငါပါပြုံးစိစိဖြစ်နေပီဟ မင်းအကောင့်ထဲဝင်ကြည့်တာ ပါးစပ်စိမရတော့ဘူး
2026-08-09 03:07:14
1
user713315303606
𝒩𝒶𝓃𝒹𝒶𝓇 𝓁𝒾𝓃🍓 :
ဒါမျိုးလေးတွေမြင်ရင်သိပ်က်ုကြည်နူးမိတယ် အချစ်ဟာအချစ်ပါဘဲ ငါတို့အချစ်မခံရတာလွဲရင်ပေါ့💗💗💗
2026-06-10 14:06:36
8
oli.va55
𑣲⋆𝓝𝓰𝓮 𝓛𝓪𝔂 ♪☆ :
အား... နှစ်ယောက်လုံးကိုအရမ်းမြင်ဖူးချင်နေပြီလို့
2026-06-29 10:06:12
1
nadi_iss_nadi
김태형의 여자친구🍓 :
အူယားတာ
2026-07-11 16:00:17
1
obsessedjungkook7
𝓚𝓱𝓸𝓸𝓷 𝓜𝓪𝓻𝓷 𝓣𝓱𝓲𝓽 :
ကိုယ်တောင်မြင်ချင်သွားပြီ😭
2026-06-13 04:56:46
1
hnin_nwae_win0
𝙷🪼 :
သဘောကျစရာလေး😭✨
2026-06-12 14:41:05
1
sattttt422
♡ :
သူရေစထားတာနဲ့တင်မြင်ဖူးချင်စိတ်တေထိန်းမရ😭 အမြဲထာ၀ရလက်တွဲသွားနိုင်ကြပါစေရှင်
2026-07-14 18:45:53
1
hsuswezin14
ဆု :
အူယားလွန်းလို့😭🩵
2026-06-11 13:34:37
1
sour1241
sour✨ :
ဟဲ့ ကြိုက်တာ😭
2026-06-13 03:36:36
1
huiii.uu00
Hui🧸 :
သူကြူးတာနဲ့တင် ချစ်စရာကောင်းနေပြီ
2026-07-16 02:55:48
1
zinmoethu10
🌻ZIN MOE THU 🌻 :
နှစ်ယောက်လုံးအစား ရင်ခုန်🤭
2026-07-16 02:22:07
1
chu_chue1
🌀ℳ𝒶𝓇𝒾𝒶𝓃☁️ :
အဲ့လိုလေးမြင်ရတာအေးချမ်းလိုက်တာ💕
2026-07-05 11:53:26
1
jellyberry
sleepyheadlucii :
ချစ်စရာလေးးးး :3
2026-06-11 12:03:48
1
To see more videos from user @elz.y.wrld, please go to the Tikwm homepage.

Other Videos


About