@kl049401dx9: ကျွန်‌မကလေ အရင်ကလို မဟုတ်တော့ဘူး ။ အရင်ကဆို မင်းကို ချစ်တယ်ဆိုတဲ့ စကားလုံးတွေရဲ့အနောက်မှာ မျှော်လင့်ချက်တွေကော ပိုင်ဆိုင်ချင်တာတွေကော အများကြီးပဲ ရှိတယ် ဒါပေမယ့် အခုကျတော့ အဲ့လောက် သေသေချာချာကြီး မျှော်လင့်မထားတော့ဘူး ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုရင် ပိုင်ဆိုင်ချင်တယ် ဆုံးရှုံးသွားရမယ်ဆိုရင် ခံနိုင်ရည်ရှိချင်တယ် ဒီလောက်ပါပဲ ။ အရင်ကလို လူတစ်ယောက်ဖြစ်လာဖို့ ကျေးဇူးပြုပြီးတော့ မတောင်းဆိုပါနဲ့တော့ ။ အေးစက်သွားတာ မဟုတ်ဘူး ပြီးတော့ မချစ်တော့တာလဲ မဟုတ်ဘူး ။ မျှော်လင့်ပြီးဖြစ်မလာရင် အများကြီးမျှော်လင့်ခဲ့မိတဲ့ ကိုယ်ပဲ သေမတတ် ထိခိုက်နာကျင်ရတာလေ ။ အဲ့ဒီနာကျင်မှုတွေက တစ်ခါလဲ မဟုတ်တော့သလို မျှော်လင့်မိတဲ့အခါတိုင်း ဖြစ်ပျက်နေတဲ့အရာလေ ။ ပြီးတော့ ... မင်းကိုပိုင်ဆိုင်ချင်တယ် ဒါပေမယ့် အရင်တုန်းကလိုတော့ မင်းမှ မရှိရင် သေမှာဆိုပြီး မတွေးတော့ဘူး မင်းမရှိတော့ရင်တော့ တော်တော်လေး ပြိုလဲနေဦးမှာပါ ဒါပေမယ့် မပိုင်ဆိုင်ခဲ့ရရင်ဆိုပြီး ကြိုတွေးထားတတ်ရတာပေါ့ ။ မင်းမှ မင်း တစိုက်မတ်မတ် ဂရုစိုက်ခဲ့တုန်းက မျက်နှာလေး ပျက်သွားတာကအစ ငါ့မှာ စိတ်တွေ ပူခဲ့ရတယ် ။ အသံလေးမာသွားတာကအစ ၀မ်းနည်းခဲ့ရတာ နည်းနည်းလေး ဂရုမစိုက်တာနဲ့ မချစ်တော့ဘူးလားဆိုတဲ့ အတွေးနဲ့ မျက်ရည်တွေ ကျခဲ့ရတာ ။ မချစ်တော့တာ မဟုတ်ဘူးနော် ။ အရင်လိုပဲ အရင်အတိုင်းပဲ မင်းမှမင်းဆိုပြီး ချစ်နေဆဲပါပဲ ။ ဒါပေမယ့် အရင်တုန်းကလို မင်းဆီက အရာတွေ အများကြီး မျှော်လင့်မထားမိတော့တာ ။ မဖြစ်နိုင်တဲ့ ကတိတွေ မတောင်းချင်တော့တာ ။ ပစ်ထားတဲ့အချိန်တွေ ကမ္ဘာပျက်မလို မနာကျင်ချင်တော့တာ ။ မင်းပြန်လာမယ်ဆိုရင် ဒီနေရာပဲ ရပ်နေဦးမှာ ။ တံခါးခေါက်နေရရင် လက်နာမှာစိုးလို့ တံခါးဖွင့်ပြီး မင်းကို ပြုံးပြုံးလေး ကြိုပါတယ် ။ ပြန်ထွက်သွားတဲ့အခါ မင်းကျောပြင်ကို ငေးဖို့ ခံနိုင်ရည်ရှိချင်တယ် ။ ချစ်တော့ ချစ်နေသေးပါတယ် ....သို့သော်#cardစာသား #😭 #fypage #crd🫅はる🫅🇯🇵🎌

🫅はる🫅
🫅はる🫅
Open In TikTok:
Region: MM
Wednesday 10 June 2026 16:46:29 GMT
10111
466
9
55

Music

Download

Comments

aye.thu.zar0676
Aye Thu Zar :
တချို့အရာတွေကချစ်ရက်လက်လွတ်တာအများကြီး
2026-06-23 16:58:27
1
tin.tin.nwe374
Pone.Pone.ရှမ်းကုန်းသူ🐷🐷🐷 :
တို့တေကမဝေးသင်ဘဲဝေးရတာ
2026-06-26 13:34:37
1
tin.tin.ohn37
Tin Tin Ohn :
🥰🥰🥰
2026-06-16 04:35:39
1
aungswemin72
aungswemin72 :
👍👍👍🥰🥰🥰
2026-06-15 03:07:31
1
To see more videos from user @kl049401dx9, please go to the Tikwm homepage.

Other Videos


About