@physiokolamg: ကြည့်ရတာ နည်းနည်းတော့ ရယ်ချင်စရာကောင်းပြီး ရှက်ဖို့ကောင်းသလိုပဲနော်။ 🙈 ဒါပေမဲ့ ဒါဟာ ခါးအောက်ပိုင်း ညောင်းညာကိုက်ခဲတာတွေကို အမြန်ဆုံးပြေလျော့စေတဲ့ ‘Happy Baby Pose’ လို့ ခေါ်တဲ့ လေ့ကျင့်ခန်းပါ။ ခါးရိုးဆစ်တွေကို ကြမ်းပြင်နဲ့ တစ်ပြေးညီ အပြားလိုက်ထိထားပေးလို့ ဖိအားတွေကို ချက်ချင်း လျှော့ချပေးပါတယ်။ ⚠️ ဘယ်သူတွေ မလုပ်ရဘူးလဲ? ခါးရိုးဆစ်ကျွံဖူးသူများ (Disc Prolapse/Herniation) ဒူး သို့မဟုတ် တင်ပါးဆုံ အဆစ်နာကျင်မှုရှိသူများ ကိုယ်ဝန်ဆောင်မိခင်များ ကျန်တဲ့သူတွေကတော့ အခန်းထဲမှာ တစ်ယောက်တည်းရှိတဲ့အချိန် အဝတ်အစား သေချာဝတ်ပြီး အသက်ပြင်းပြင်း ၅ ကြိမ်လောက် ရှူရင်းနဲ့ စမ်းလုပ်ကြည့်ပါ။ ရှက်မနေဘဲ ကိုယ့်ခါးသက်သာဖို့ပဲ အဓိကမို့ အခုပဲ တစ်ယောက်တည်း လှဲချပြီး စမ်းလုပ်ကြည့်လိုက်တော့နော်! 👇 #physiokolamg #kharna #backpainrelief #happybabypose #backstretch
PhysioKoLaMg
Region: CH
Wednesday 10 June 2026 18:40:12 GMT
Music
Download
Comments
Som Gyawali :
happy baby pose လုပ်တာ တနေကုန် တညလုံး လေလည်တာပဲ 🥹🥹😂
2026-06-11 10:44:16
144
Myo Chit Oo :
ဖုန်းကြည့်တာများတယ် ကွန်ပျူတာ ရှေ့ အထိုင်များတယ်ဆရာ ဇာက် ကြောတက်တာတွက် တင် ပေးပါအုံးဆရာ
2026-06-11 07:24:44
37
yan shin :
ဇာတ် ကြောတက်တာသက်သာ စေတဲ့နည်းပါမျှ ပေးပါဆရာ
2026-06-11 05:58:19
7
Daw Nu :
ကျန်းမာရေးအတွက်ပါဆရာ🙏🥰🥰
2026-06-29 23:18:04
1
phyo :
မျှဝေမှုတိုင်းတွက်ကျေးဇူး အထူးတင်ပါတယ်❤️
2026-06-11 11:33:31
0
Kay Kay :
ကျေးဇူးပါ
2026-06-15 13:13:01
1
PThăř (Chef) :
ဟုတ်🥰🥰
2026-06-12 12:35:21
1
ကြယ်လေး :
လိုက်လုပ်ဖြစ်တယ်
2026-06-11 11:50:28
1
myo myo :
ကျေးဇူးပါ 🥰🥰🥰
2026-06-13 00:11:58
1
Ko San Tun :
မရှက်ပါဘူးကျန်းမာရေးအတွက်ပဲ
လိုက်လုပ်မယ်
ကျေးဇူးပဲ🤗
2026-06-14 05:01:36
1
Oo..mgmg :
@ဟု..
2026-06-11 00:46:35
2
ထင်ဇော် :
ok
2026-06-10 23:54:48
1
♥️👑K.I.N.G ♐🐑 :
နေ့တိုင်းလုပ်နေကြ
2026-06-12 15:28:04
1
0% :
တကယ်သက်သာပါတယ်ရှင့်❤️
2026-06-26 14:08:12
0
免费协助缅华人才求职平台🍀🌱 :
ခါးခွဲထားတာလုပ်လို့ရလာ
2026-06-12 17:00:34
1
Tomika :
လောလောဆယ်Foot drop ဖြစ်နေတာ လုပ်လို့အဆင်ပြေလားဗျ
2026-06-11 14:06:52
1
Win Kyaw :
ခါးစစ်ရိုးကျွန်ရင်နာလားဗျ
2026-06-14 08:46:22
1
K :
ငယ်ငယ်တုန်းက နေခဲ့တာ အရိုက်ခံရတယ် အနေထိုင်မတတ်ဖူး ဘာညာ နဲ့ အခုကတော့ ကျန်းမာရေးအတွက် အတော်အသုံးဝင်နေတယ် 😅
2026-06-11 08:31:28
4
Thin Thin Zin :
လမ်းလျောက်ရင်ဟန်ချက်မညီသလိုဖြစ်တယ်
ခြေထောက်တွေကလမ်းလျောက်ရင်အားမရှိသလိုဖြစ်တယ်ခြေသလုံးတွေတခါတလေတုန်နေသလိုဖစ်တယ်လမ်းလျောက်ရင်မူးလဲမှာစိုးလို့ကိုယ့်ကိုကိုသတိနဲ့နေပါတယ်ဆရာခေါင်းလည်းမူးမူးနေလို့ဘာဖစ်နိုင်ပါလဲဆရာ.ဆီးချိုလည်းစစ်ထားပါတယ်ဆရာပြန်ဖြေပေးပါဦးနော်အလုပ်ကတော့အထိုင်များပါတယ်ဆရာ👏
2026-06-11 08:44:25
0
3.5 ModernFurniture :
ခါးကျောညပ်နေလို့အမြဲလုပ်ဖြစ်တယ်အတော်သက်သာတယ်
2026-06-11 17:34:00
1
MayThin Thin :
တင်ပါးခွက်နာလို့လုပ်လို့ရမဲ့လေ့ကျင့်ခန်းလေးတင်ပေးပါဦးရှင့်🥰🥰🥰
2026-06-11 07:39:34
1
iammay_for_jake🐼💗 :
တင်ပါးဆုံရိုးနာတဲ့သူအတွက်ကောရှင့် လူကြီးအတွက်ပါ
2026-06-11 22:07:56
1
Nge :
ခါးကြောညှပ်တဲ့လူတွေလုပ်ရင်ပိုနာပါတယ်ဆိုပြီးပြောနေကြလို့ ရှင်းပြပေးပါလားဟင်
2026-06-11 10:51:32
1
To see more videos from user @physiokolamg, please go to the Tikwm
homepage.