@explore_with_hanmin: ⛰️ ဒါနန်းမြို့က သဘာဝလှိုင်ဂူတွေနဲ့ ဘုရားကျောင်းများ တည်ရှိရာ "Marble Mountains" 🇻🇳 Da Nang ကို ရောက်ရင် နာမည်ကြီးMy Khe Beach ကနေ ၁၅ မိနစ်ဝန်းကျင်ပဲ သွားရတဲ့ Marble Mountains ဆီကိုလည်း မဖြစ်မနေ သွားဖို့ recommend ပေးပါတယ်။ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ဒီနေရာက သဘာဝအတိုင်း ထီးထီးကြီး ပေါ်ထွက်နေတဲ့ စကျင်ကျောက် တောင်ကုန်း ၅ လုံးဖြစ်ပြီး ခရီးသွားတွေ အဓိက သွားကြတာကတော့ အကြီးဆုံးနဲ့ အလှဆုံးဖြစ်တဲ့ Thuy Son (water mountain) ပဲ ဖြစ်ပါတယ်။ တောင်ပေါ်မှာ ဘာတွေ အဓိက လည်ပတ်လို့ရလဲဆိုရင် — • Huyen Khong Cave : တောင်ထဲက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ လှိုင်ဂူအကြီးကြီးဖြစ်ပြီး၊ ဂူအမိုးကနေ နေရောင်ခြည်တန်းကြီး ဖြာကျနေတဲ့ မြင်ကွင်းက တကယ့်ကို breathtaking ပါပဲ။ ဂူထဲမှာ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေကိုပါ ဖူးမြော်နိုင်ပါတယ်။ • ရှေးဟောင်း စေတီပုထိုးများနှင့် ဘုရားကျောင်းများ: တောင်ပေါ်တစ်လျှောက်မှာ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ တရုတ်-ဗီယက်နမ်စတိုင် စေတီပုထိုးတွေနဲ့ လှပတဲ့ ဘုရားကျောင်းတွေကို တွေ့ရမှာပါ။ • Panoramic View : တောင်ထိပ်ပေါ်ကနေ အောက်က Da Nangမြို့ပြအလှ၊ ပင်လယ်ပြင်ကြီးနဲ့ ဘေးနားက တောင် ၄ လုံးရဲ့ မြင်ကွင်းကျယ်ကြီးကို မြင်ရမှာပါ။ညနေစောင်း Sunset အချိန်သွားဖို့ အကြံပေးချင်ပါတယ်။အပြင်မှာ ရာသီဥတုပူရင်တောင် ကျောက်တောင်တွေကြားထဲမှာ အေးစိမ့်နေတာမို့လို့ အပူဒဏ်လည်း မခံရပါဘူး။ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ၁။ ဝင်ကြေး :တစ်ယောက်ကို VND 40,000 ဝန်းကျင် ၂။ ဓာတ်လှေကားခ (Glass Elevator): တောင်ပေါ်ကို ကျောက်လှေကားအတိုင်း ခြေကျင်မတက်ချင်ဘူး၊ သက်တောင့်သက်သာ သွားချင်တယ်ဆိုရင်တော့ Glass Elevator ရှိပါတယ်။ ဓာတ်လှေကား စီးခကတော့ တစ်ကြောင်းကို VND 20,000 (မြန်မာငွေ ၂,၅၀၀ ကျပ် / ဂျပန်ယန်း ၁၀၀ ဝန်းကျင်) ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အတက်ကို ဓာတ်လှေကားနဲ့ တက်ပြီး၊ အဆင်းကို လှိုင်ဂူတွေထဲ ဝင်ရင်း လမ်းလျှောက်ဆင်းတာက အကောင်းဆုံးပါပဲ။ ၃။ ဖိနပ်ကို သွားရလာရ အဆင်ပြေတာ စီးသွားပါ: လှိုင်ဂူတွေထဲမှာ ကျောက်တုံးတွေက ချောတတ်တဲ့အပြင် လမ်းလျှောက်ရတာ များတာမို့လို့ စီးလို့ သက်တောင့်သက်သာရှိမယ့် ဖိနပ်မျိုး စီးသွားဖို့ အကြံပြုချင်ပါတယ်။ အတက်အဆင်းတွေ အရမ်းများတာ မို့လို့ ဒူးနာတတ်တဲ့ လူကြီးသူမတွေကို ခေါ်သွားရင် ဂရုစိုက်ပြီး သတိထားဖို့ အကြံပေးချင်ပါတယ်။ ⏰ ဖွင့်ချိန်: မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ နေ့တိုင်း ဖွင့်ပါတယ်။ 📍 Google Maps Search: The Marble Mountains, Da Nang, Vietnam #hanmin #explorewithhanmin #danang #vietnam #marblemountaindanang

Explore_with_HanMin
Explore_with_HanMin
Open In TikTok:
Region: JP
Thursday 11 June 2026 09:00:00 GMT
23231
835
12
242

Music

Download

Comments

mhh_svt
JWW :
သွားခဲ့ရမှာ
2026-06-13 06:51:38
1
myat.thu.noenoe28
Noe Noe :
ကိုဟန်မင်းကျတော့ အပေါ်ရောက်တဲ့ချိန် ကေမပျက်ဘူး ကိုယ်တွေသွားတုန်းက ဓာတ်လှေကားကထွက်လိုက်တာနဲ့ တိုက်လိုက်တဲ့လေဆိုတာ ဆံပင်တွေလညိးပုံပျက် လူပါလွင့်မှာစိုးရတယ် 😅
2026-08-06 13:17:54
0
dongziqiang1
董自强 :
အကိုရေ အရင် old spice pure sport Amazon link လေးစိတ်မရှိရင်ပေးပါဦးဗျ ။ရှာတာအများကြီးတွေ့နေလို့ဘယ်ဟာကအမှန်လဲမသိလို့ဗျ
2026-06-14 05:43:09
0
moe27927
Ma :
[Sticker] 💜💜
2026-08-08 04:55:38
0
ma.gyi.nu
Ma Gyi Nu :
🥰🥰🥰
2026-06-11 09:11:45
1
feiyuen199
Feiyuen :
🥰🥰🥰🥰
2026-06-11 09:26:18
1
nothant.zin.bo
THANT,,Zin,,,Bo :
🥰🥰🥰🥰🥰🥰🥰🥰
2026-08-01 02:10:59
0
ayeayemaw419
Aye Aye Maw :
😍😍😍
2026-06-12 15:08:01
1
sophie.lin5
Sophie Lin :
🥰🥰🥰
2026-06-13 06:27:03
1
To see more videos from user @explore_with_hanmin, please go to the Tikwm homepage.

Other Videos


About