@hlaingminnlatt: 💰 Cash Book - လက်တွေ့ဘဝမှာ ဘာကြောင့်အရေးကြီးသလဲ? 🩷🩷🩷🩷🩷🩷🩷 Cash Book ဆိုတာ ကုမ္ပဏီရဲ့ နှလုံးသွေးကြောစနစ်ပါ။ ဒီစာအုပ်မှာ ငွေသားဘယ်လိုစီးဆင်းနေသလဲဆိုတာ အတိအကျသိနိုင်ပါတယ် 📘 Cash Book ဆိုတာဘာလဲ? Cash Book သည်: 🔺ငွေသားလက်ငင်းဝင်ငွေ/ထွက်ငွေ မှတ်တမ်းစာအုပ် 🔺Journal + Ledger နှစ်ခုလုံး၏တာဝန်ယူထားသော စာအုပ် 🔺Real Account အမျိုးအစားဝင် 🔍 Cash Book အမျိုးအစားများ 1. Column ၁ ခုတည်း ငွေသားစာအုပ် (One Column/ Single Column Cash Book) 𝟮. Column ၂ ခုပါဝင်သော ငွေစာရင်းစာအုပ် (Two Column Cash Book) 𝟯. Column ၃ ခုပါဝင်သော ငွေစာရင်းစာအုပ် (Three Column Cash Book) 💡 လက်တွေ့ဘဝမှာ Cash Book ရဲ့အရေးပါမှု ကုမ္ပဏီငယ်များအတွက် Cash Book ကို မှန်မှန်ထားတတ်ရင် ကိုယ့်လက်ထဲမှာ ငွေဘယ်လောက်ရှိသလဲဆိုတာ စက္ကန့်ပိုင်းအတွင်းသိနိုင်တယ် ကုမ္ပဏီကြီးများအတွက် Daily Cash Position Reporting အတွက် Cash Book ကအခြေခံပဲ။ 🟰🟰🟰🟰🟰🟰🟰🟰 🚨 Cash Book မှာတွေ့ရတဲ့ အဖြစ်များသောပြဿနာများ 𝟭. Petty Cash မထိန်းနိုင်ခြင်း ငွေသားပျောက်နေတယ်၊ ဘယ်သုံးလိုက်မှန်းမသိဘူးဆိုတာ Cash Book မှန်မှန်မသွင်းမိလို့ပါ။ 𝟮. Bank Reconciliation မလုပ်မိခြင်း Cash Book Balance နဲ့ Bank Statement Balance မညီတာကို လစဉ်မှန်မှန်ညှိဖို့လိုတယ်" 𝟯. Voucher System မသုံးခြင်း ငွေထုတ်တိုင်း Voucher မရှိတာ၊ ဘာအတွက်သုံးလိုက်မှန်းမသိတာ" 📊 Cash Book vs Bank Statement - ဘာကွာသလဲ? 🔺Cash Book ————- ကုမ္ပဏီရဲ့မှတ်တမ်း ငွေစာရင်းရှင်းတိုင်းမှတ် Real Time 🔺Bank Statement ———— ဘဏ်ရဲ့မှတ်တမ်း ဘဏ်ကနေအတည်ပြုမှမှတ် Time Lag ရှိ 🟰🟰🟰🟰🟰 💎 အကြံပြုချက်များ Cash Book ထားရမယ့် Golden Rules 𝟭. နေ့စဥ်မှတ်တမ်းတင်ပါ 🔺မနက်လုပ်တာနဲ့ မနေ့ညငွေသားဘယ်လောက်ရှိလဲစစ်ပါ 🔺ညနေမှာ ဒီနေ့ငွေဘယ်လောက်ဝင်သလဲ/ထွက်သလဲမှတ်ပါ 🟰🟰🟰🟰🟰 𝟮. Three-Way Matching လုပ်ပါ 🔺Cash Book + Bank Statement + Physical Cash ညီမှန်းစစ်ပါ 🟰🟰🟰🟰🟰 𝟯. Authorization System ထားပါ 🔺ငွေထုတ်တိုင်း ခွင့်ပြုချက်လိုအပ်ပါစေ 🟰🟰🟰🟰🟰🟰🟰 𝟰. Regular Reconciliation 🔺လစဉ်Bank Reconciliation မဖြစ်မနေလုပ်ပါ 🔮 ခေတ်သစ်မှာ Cash Book ရဲ့အခန်းကဏ္ဍ✅ 🔺Accounting Software တွေခေတ်မှာ Cash Book ဆိုတာ Automated ဖြစ်နေပြီ။ ✳️ဒါပေမယ့် သဘောတရားကိုနားလည်ဖို့တော့လိုတယ်" ✅Digital Cash Book Features 🔺Real-time Cash Position 🔺Automated Bank Feeds 🔺Electronic Voucher System 🔺Cash Flow Forecasting Tools 🟰🟰🟰🟰🟰 🎯 အဓိကယူစရာများ Cash Book ဆိုတာ ကုမ္ပဏီရဲ့ ငွေသားခိုင်မှု ရှိ/မရှိ မှတ်တမ်းပါ" 𝟭. Cash Book မှန်ရင် ငွေသားအခြေအနေသိတယ် 𝟮. Cash Book မှန်ရင် ဆုံးဖြတ်ချက်မှန်တယ် 𝟯. Cash Book မှန်ရင် ဘဏ်နဲ့အဆင်ပြေတယ် 𝟰. Cash Book မှန်ရင် အခွန်ပြဿနာနည်းတယ် "Profit is Vanity, Cash is Sanity" - Cash Book ကသင့်ကို အမှန်တရားပြောပြလိမ့်မယ်။ __________________________________ ACCA+ LCCI တန်းခွဲသစ်များ စဖို့ ရှိပါတယ်။📣📣 Foundation Level 1&2 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၄ ရက်တက် Monday to Friday Foundation Level 3 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၅ ရက်တက် Monday to Friday ACCA Part -1 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၃ ရက်တက် Monday to Friday ++++++++++++++++++++++++ သင်တန်းအကြောင်း အသေးစိတ် အချက်အလက်များသိရှိလိုပါက Page cb (သို့) သင်တန်းဖုန်း 095109922သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။ လိပ်စာကတော့ ☎️☎️☎️☎️☎️☎️ အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊ လှည်းတန်းမှတ်တိုင်အနီး ကမာရွတ်မြို့နယ်၊ ရန်ကုန်။ Ph : 095109922 သတိ မူရင်းပို့စ်ကို Share နိုင်ပါသည်။ #Copy ကူးယူပြီး တင်ခြင်း ခွင့်မပြုပါ။ Page ကို Favorites, Like & Sharing လုပ်ထားနိုင်ပါတယ်။ အတိအကျ ဘာသာပြန်ထားတာ မဟုတ်ပါ။ သင်တန်းသား/သူများအတွက် နားလည်လွယ်စေဖို့သာရည်ရွယ်ပါသည်။ - အကျိုးရှိရင် Like & Share လုပ်ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။ - ထပ်သိချင်တဲ့ ခေါင်းစဉ်ကိုလည်း Comment မှာ ရေးပေးခဲ့ပါ။ #ACCA #Cash_Book #LCCI #ငွေစာရင်းစာအုပ်

Hlaing Minn Latt - ACCA & LCCI
Hlaing Minn Latt - ACCA & LCCI
Open In TikTok:
Region: MM
Thursday 11 June 2026 05:03:46 GMT
11699
920
2
66

Music

Download

Comments

ko040267
mastery :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-13 14:53:09
1
myintzumaung
Tr Zuu :
🙏🙏🙏❤️❤️🥰🥰🥰
2026-06-13 16:44:21
1
To see more videos from user @hlaingminnlatt, please go to the Tikwm homepage.

Other Videos


About