@kzaw6016: 🌄အသက်ကြီးလာရင် အိုတတ်ဖို့ လိုပါလိမ့်မယ် အချိန်ဆိုတာ ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူးဆို အားလုံးသိပြီးသားပါ။ အချိန်တွေ ကုန်းဆုံးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အသက်အရွယ်တွေဟာလည်း တဖြည်းဖြည်း အိုမင်းလာခဲ့ပါပြီ။ ✨အသက်ကြီးလာရင် အိုတတ်ဖို့က အင်မတန် အရေးကြီးပါတယ်။ အသက်ကြီးလာလို့ မအိုတတ်ရင် ဒုက္ခရောက်ရောက်ရပါလိမ့်မယ်။ 🌌ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ တချို့လူတွေက မအိုတတ်ကြဘူး။ အတ္တကြီးလွန်းကြပြီး မီးထုပ်တစ်ထုပ်လို အနားမှာရှိတဲ့သူတွေကို အပူ ကူးစေတတ်ပါတယ်။ 🌠သူတို့ကို ငြိုငြင်အောင်၊ ပူပင်သောကများအောင် အကုသိုလ် ယူမိအောင်လည်း လုပ်တတ်ကြပါသေးတယ်။ ကိုယ်တွေလည်း အသက်ကြီးလာရင် ဒီလိုအရာတွေကို သတိပြု ဆင်ခြင်ရပါလိမ့်မယ်။ 🐱အသက်ကြီးလာလို့ အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ ပိုက်ဆံချည်းပဲ စုလို့ မရဘူး။ မေတ္တာပါစု ရပါတယ်။ ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။ 🌝ပိုက်ဆံက နေဖို့ ထိုင်ဖို့ စားဖို့ သွားဖို့ လာဖို့နဲ့ မကျန်းမာရင် ကုသဖို့ စတဲ့ ဘဝလူနေမှုကိစ္စရပ်တွေမှာ မရှိမဖြစ်လိုတာ မှန်ပေမယ့် 🌸အိုလာတဲ့အခါ ကိုယ့်ဘေးနားမှာ ကိုယ့်ရဲ့ ဝေယျာဝေစ္စကို လုပ်ပေးမယ့် မေတ္တာရှိတဲ့သူလည်း လိုလာပါတယ်။ ကိုယ့်အပေါ် မေတ္တာထားနိုင်မှလည်း ကိုယ့်ရဲ့ ဝေယျာဝေစ္စကို လုပ်နိုင်လိမ့်မယ်။ 🌾သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ အနားမှာ ဘယ်သူမှ ခဏတဖြုတ် အပြင် အဖော် လုပ်ပေးဖို့ မအားကြပါဘူး။ သူတို့လည်း သူတို့အလုပ်နဲ့သူတို့ သူတို့ ကိစ္စနဲ့ သူတို့ ဆိုတာကို နားလည်တတ်ရမယ်။ 🍁ဒီတော့ အသက်အရွယ် ရလာတဲ့အခါ အိုလာတဲ့အခါ ဘယ်သူနဲ့ဖြစ်ဖြစ် အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြောဆို ဆက်ဆံနေထိုင်ရတယ်။ အတ္တ မာန်မာနတွေဆိုတာကို ချန်ထားခဲ့လိုက်ပါတော့။ 🪵အဆင့်အတန်း ခွဲခြားတာမျိုး မလုပ်ပါနဲ့။ ခေါ်တာ ပြောတာကအစ အေးချမ်းအောင် နှစ်လိုဖွယ် ဖြစ်အောင် ဘယ်သူ့ကို ဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပြီး မေတ္တာတွေ စုရပါတယ်။ 🏔️မေတ္တာက အေးချမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင်က အေးချမ်းမှုကို ပေးရင် သင့်ဆီကို အေးချမ်းမှုတွေ ပြန်လာပါလိမ့်မယ်။ 🌹မေတ္တာတွေ စုထားနိုင်ရင် ကိုယ်အိုလာတဲ့အခါ လုပ်ကိုင်ပေးမယ့်သူ ပြုစုမယ့်သူ ပေါပြီး အိုမင်းအချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာပါ။ 🌺အိုလာတဲ့ အချိန်မှာ ကျန်းမာရေးက ဘဝကူးတဲ့ အချိန်အထိ ကိုယ့်လက် ကိုယ့်ခြေ ကိုယ်သယ်နိုင်တဲ့ အနေအထားဆိုရင်တော့ တော်သေးတာပေါ့။ 🪷သူများ အကူအညီ လိုအပ်လာပြီဆိုရင် ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး။ မေတ္တာတွေပါ လိုလာပါပြီ။ ဒီအချိန်မှာ မေတ္တာက ပိုအရေးကြီးလာပြီ။ 🍄တကယ်တော့.... 🌿အိုမင်းလာတဲ့အချိန်မှာ ပိုက်ဆံရော မေတ္တာပါ စုဆောင်းထားနိုင်မှ အဲ့ဒီအချိန်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။ 🌻လူ့ဘဝ သက်တမ်းကို ဆုံးခန်းတိုင်ထိ နေရမယ်ဆိုရင် အိုမင်းခြင်းဆိုတာ သင်ရော ကျွန်ုပ်တို့ရော မလွဲမသွေ ရောက်ရှိလာရဦးမှာပါ။ 🌼ဒါကြောင့် 🪻အခုကတည်းက အိုတတ်အောင် လေ့ကျင့် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ အသက်ကြီးလာရင် အိုတတ်မှ မအိုတတ်ရင် ဒုက္ခဖြစ်ပါလိမ့်မယ်။ 🪻လူ့ဘဝရဲ့ သက်တမ်းပြည့်နေရမယ်ဆိုရင် ေ.သချာပေါက် အိုမင်းရမှာပါ။ မေတ္တာတွေ စုခြင်းဖြင့် တဖြည်းဖြည်း အိုမင်းလာပါစေ။ #မူရင်းကိုcrdပေးပါတယ်

(လူဆိုး)ကျောက်ပန်းတောင်း📓📔📕
(လူဆိုး)ကျောက်ပန်းတောင်း📓📔📕
Open In TikTok:
Region: TH
Thursday 11 June 2026 12:19:49 GMT
11486
984
22
79

Music

Download

Comments

aung.than981
AUNG Than :
ကောင်းလိုက်တာဗျာစာသားလေးတွေက🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-11 13:31:48
2
khin.win466
ကုမုဒြာ။ :
မအိုဘူးဆိုမရှိပါဘူး တဘဝတရားကြီးကိုလွန်ဆန်လို့မရတာ လူတိုင်းမှာအသိတရားကိုယ်စီ ရှိကြမှာပဲလေ အဓိက. အသိနဲ့သတိရှိဖို့ပဲလိုတာပါ ကိုယ့်ကိုယ်ကိုနုပျိုအောင်နေတာကတော့သူစိမ်းတွေအတွက်မဟုတ် အိမ်ကအမျိုးသားအတွက်တာဖြစ်ပါတယ်ရှင်။
2026-06-16 05:09:56
1
myalu68
MyaLu :
အမှန်ပါရှင့်
2026-07-08 07:51:20
1
khinchan.myae8
လရိပ်မေ :
ကျေးဇူးပါရှင့်
2026-07-10 22:45:43
1
mayuyulay2
mayuyulay :
ပြန်ကူးတင်ပရစေ
2026-06-24 05:49:52
1
ko.thu9451
Ko Thu :
မှန်လိုက်တာ 💞💞💞
2026-06-24 14:14:14
1
u.zaw.tun730
U Zaw Tun :
မှန်ပ 🥰🥰🥰
2026-06-25 07:17:31
1
kyawnaing4935
kyawnaing4935 :
တင်ခွင့်ပေးပါ
2026-06-30 15:55:36
1
kokotun075
Ko Tun :
🙏🙏🙏🙏🙏❤️
2026-06-12 00:06:13
1
ko.aung..myint.zaw
Ko Aung. myint zaw :
🥰🥰🥰
2026-06-11 15:28:26
1
user572949356
Phyo Lay :
👍👍👍
2026-06-12 04:13:20
1
ei.chaw.may5
ei Chaw may :
🥰🥰🥰🥰🥰🥰
2026-06-11 14:20:38
1
uthar.hlaing
Sw😍 :
🥰🥰🥰
2026-06-30 03:03:33
1
user36158199457952
Ko Phyo :
🥰🥰🥰
2026-06-14 14:53:36
1
user25909269184071
ko zaw :
👍👍👍
2026-06-19 07:53:12
1
aung.ko.lat542
💖❤အလွမ်း💙ငှက်လေး💜💜 :
💕💕💕
2026-07-04 14:36:32
1
user2363542107287
🇲🇲(သုံးဆယ်မြို့) ကြက်သမား🐓 :
🥰🥰🥰
2026-07-07 11:54:49
1
To see more videos from user @kzaw6016, please go to the Tikwm homepage.

Other Videos


About