@tvy.news: မြိတ် ဇွန် ၁၁ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁၁)ရက် နံနက်ပိုင်းက မြိတ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီး ရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့၏ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်သို့ ရောက်ရှိစစ်ဆေးရာ ရေကန်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေကန်ရေရှည် တည်တံ့စေရေးနှင့် ပြည်သူများအပန်းဖြေအနားယူရန် နေရာများ၊ ရေကန်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် က လိုအပ်သည် များကို လမ်းညွှန်မှာကြားပြီး ရေကန်သန့်ရှင်း သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ် ဆေးသည်။ ထို့နောက် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များကို ဖြတ် သန်း၍ ပင်လယ်ရေ အတက်အကျ ဝင်ရောက် စီးဆင်းလျက်ရှိပြီး အရှည်(၁၀၆၅၀)ပေရှိသည့် ဘုရားကိုင်ချောင်းကို ရေစီးရေလာကောင်း မွန်စေရန် ချောင်းအတွင်းရှိနုံးများကို စက်ယန္တရားများဖြင့် ဆယ်ယူမှုများ၊ ပိတ်ဆို့နေသည့်နေရာများအား ရှင်းလင်း ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး ဘုရားကိုင်ချောင်း ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်ရန် ကျန်သည့် နေရာများကို အပိုင်းလိုက်လျာထားဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ မြိတ်တောင်ရပ်ကွက်၊ ဦးမြတ်လေးလမ်း ပေ(၂၀၀၀)ရှိ လမ်းဘေးဝဲယာရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၍ ယောကြီးဝ ဆိပ်ခံ တံတားတွင် မြိတ်ခရိုင်အတွင်းရှိ ခရီးသွားပြည်သူများကို ပို့ဆောင်သည့် ခရီးသည်တင် အမြန်ရေယာဉ်နှင့် စက်လှေများကို ရေယာဉ်ဝင်ထွက် ဆိုက်ကပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ရေ ယာဉ်များ ဆိုက်ကပ်ရာတွင် စနစ်တကျဆောင်ရွက်မှုရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင် ရွက်ရန် လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ အထက(၁)ကျောင်းတွင် ကျောင်းသား/သူများ အား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ် ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပေးအပ်ကြသည်။ ထိုမှတစ်ဆင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီသိုလှောင်ကန်(၁၁)ကန်ရှိသည့် မြေ (၁၃.၀၉၅) ဧကကို Pentro & Trans Co.Ltd မှ ငှားရမ်းပြီး (၅)မဂ္ဂါဝပ်ထုတ်လုပ်မည့် ဆိုလာစနစ် တပ်ဆင် ဆောင်ရွက်ခြင်းနှင့် ဆီသိုလှောင်ကန်ငှားရမ်းပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း စီမံကိန်းဆောင် ရွက်မည့်နေရာသို့ရောက်ရှိခဲ့ကြပြီး ကုမ္ပဏီတာဝန်ရှိသူများမှ စီမံကိန်းအကြောင်းအရာ များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားပြီး စီမံကိန်းလုပ်ငန်းနေရာအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မြိတ်တောင်ကျေးရွာရှိ Pentro & Trans Co.Ltd ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ကြရာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီ တာဝန်ရှိသူမှ မြိတ် မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်နေမှုနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအတွက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် လျာထားဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း များအား ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် က (၁၆)မဂ္ဂါဝပ် HFO ဓာတ်အားပေးစနစ်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ မြိတ်မြို့ လျှပ်စစ်ဓာတ် အားဖူလုံစွာရရှိစေရန်နှင့် ဓာတ်အားခ လျှော့ချနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ #TVYNEWS #UZawNaingOo #Tanintharyi

-ˋˏ─★ 🅣🅥🅨 🅝🅔🅦🅢 ★─ˎˊ-
-ˋˏ─★ 🅣🅥🅨 🅝🅔🅦🅢 ★─ˎˊ-
Open In TikTok:
Region: MM
Thursday 11 June 2026 12:58:47 GMT
10912
327
10
43

Music

Download

Comments

moonqueen4428
HW :
တော်ပါတော့လို့
2026-06-11 14:50:23
0
thantyaditun
Thantyaditun :
သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်စေရေး ကိုအထူးဦးစားပေးဆောင်ရွက်တာ အထူးလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ သန့်ရှင်းသာယာလှပနေခြင်းသည် လူသားများ၏စိတ်ပိုင်းဆိုင်ရာကို ကြည်လင်စေခြင်း၊ စိတ်ကြည်လင်မှုရှိသည့်အတွက် လူသားများအနေဖြင့် ကောင်းမွန်သည့်အတွေးအခေါ်များ မြှင့်တင်ခြင်းကိုဖြစ်ပေါ်စေခြင်း ၊ စာဖတ်ရှိန်မြှင်တင်စွမ်းဆောင်မှုများအတွက် လိုက်ပါစီးမျောခြင်းကိုအထောက်အပံ့ဖြစ်စေခြင်း၊ နိုင်ငံတည်ငြိမ်ဖွံဖြိုးရေးအတွက် စသည် စသည် အကျိူးကျေးဇူးများစွာ ဖြစ်ထွန်းစေ ပါကြောင်း ။ 🥰
2026-06-11 14:19:02
0
aung52736
aung :
ဘယ်သူကလုပ်တာ😂😂😂
2026-06-11 15:28:27
0
ko.zar316
Ko Zar :
ကျောင်းသားတွေရောမှတ်ပုံတင်လုပ်ပေးတာပိုက်ဆံပေးရလား..နိုင်ငံတော် စရိတ်လား....မသိလိုပါ🥰🥰
2026-06-11 22:28:17
1
user8812248003142
user8812248003142 :
🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺
2026-06-11 14:09:18
1
moe.nge571
MOE NGE :
👍
2026-06-11 23:04:16
0
u.myo325
U Myo :
❤️❤️❤️
2026-06-11 13:54:24
0
aung.bwar66
AUNG BWAR :
🙏🙏🙏
2026-06-11 13:59:55
0
To see more videos from user @tvy.news, please go to the Tikwm homepage.

Other Videos


About