@zuzue.k5: မှားတဲ့သူကို မဆုံးမရဲတဲ့ လူရည်မွန်တွေက မှန်နေတဲ့သူကိုပဲ အနစ်နာခံခိုင်းတတ်ကြတယ် ဒါဟာ အေးချမ်းစေတဲ့ နည်းလမ်းမဟုတ်ဘဲ မှန်နေတဲ့သူကို နာကျင်စေတဲ့ မတရားခြင်း တစ်မျိုးပါပဲ သည်းခံခြင်းမှာလည်း အတိုင်းအတာ ရှိပါတယ် မှားနေတဲ့သူက သူ့အမှားသူ မသိဘဲ ပိုဆိုးလာတာဟာ ဘေးက နေ "သည်းခံပါ" လို့ ဝိုင်းပြောပြီး အမှားကို အားပေးနေတဲ့ သူတွေကြောင့်လည်း ပါ ပါတယ် တချို့က "သည်းခံလိုက်ပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် အရာရာကို ပြီးစလွယ် ဖြေရှင်းတတ်ကြတယ် မှားနေတဲ့ သူကိုကျတော့ မဆုံးမရဲဘဲ မှန်နေတဲ့သူကိုကျမှ "သည်းခံ ခွင့်လွှတ်ပါ" လို့ ဖိအားပေးတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မတရားမှု တစ်ခုပါပဲ အမှားကို အမှားမှန်း မပြောရဲဘဲ အမှန်ကိုပဲ အနစ်နာခံခိုင်းတာဟာ မှားနေတဲ့သူကို ပိုပြီး အတောင်ပံ တပ်ပေးလိုက်သလိုပါ 😇 #fyp #အမှန်တရားကိုမြင်နိုင်ကြပါစေ🤝🤝 #foryou #ဓမ္မစကား
THIRITHADAR
Region: MM
Thursday 11 June 2026 13:39:51 GMT
Music
Download
Comments
Thuzar Htwe :
အကောင်းဆုံးနည်းလမ်းကတော့မှန်တာကိုကြိုက်ရင်မှန်တဲ့ရပ်ဝန်းမှာရှင်သန်ပါ။
မှားတဲ့ရပ်ဝန်းမှာ မဖြစ်မနေ
နေနေရတယ်ဆိုရင်တော့
သည်းခံခြင်းကိုအတိုင်းအတာတစ်ခုထိသည်းခံပါ
သည်းမခံနိုင်တော့ဘူးဆိုရင်ရုန်းထွက်နိုင်အောင်ကြိုးစားပါ။
မှားတဲ့သူကိုအမှားနဲ့တုံ့ပြန်ခြင်းဟာ
ကိုယ်လည်းမမှန်ဘူးဆိုတာသိထားပါ။
2026-07-24 13:54:46
95
Aung Lay :
မှားတဲ့သူက သူ့ရဲ့ အမှားကြောင့် ငရဲရောက်မယ်၊
မှန်တဲ့သူက သူ့ရဲ့ သည်းခံစိတ်ကြောင့် နိဗ္ဗာန်ရောက်မယ်၊
2026-07-24 07:12:28
23
ခေတ်နွေ :
ငါငယ်ငယ်က စိတ်ဒဏ်ရာတခုရှိတယ်
ဆရာတယောက်က ငါ့ကိုပါးရိုက်လို့
ဆရာမကြီးကို တိုင်ပြောတဲ့ချိန် သည်းခံပေးလိုက်ပါတဲ့
မှားစရာအပြစ်မလုပ်ထားသလို အာဏာပါဝါရေပန်းစားနေတဲ့ ဆရာတွေကြားမှာ ဘယ်သူအာဏာပိုကြီးလည်းပြချင်တာနဲ့ ငါ့ကိုခုတုံးလုပ်ခဲ့တယ် ရင်ထဲတော့ အမြစ်စွဲသွားပြီ
2026-07-22 17:31:38
38
ttzmy :
ဘဝသံသရာက ဘာလို့လွတ်မြောက်ဖို့ခက်သလဲ ၊ လောကဓံတရားတွေက သည်းခံနိုင်ဖို့ အလွန်ခက်ခဲလို့ပဲ၊တစ် ချို့လောကဓံတွေဆို အသက် ဘဝ စည်းစိမ် ဓန တွေကိုပါ ထိပါးနေတော့ ဘယ်သူမှသည်းမခံနိုင်ဘူး၊ တစ်ချို့ကပြောတယ် ငါက ကျန်တာသည်းခံနိုင်တယ် ငါ့အပေါ်မှားတာကိုတော့ သည်းမခံနိုင်ဘူးတဲ့ ၊ သည်းခံတယ်ဆိုတာ အမှားကိုသည်းခံရတာလေ ၊ အမှန်ကို သည်းခံစရာမှမလိုတာ ၊ လူတစ်ယောက်နဲ့ လမ်းမှာ မျက်နှာချင်းဆိုင်ဆုံတယ် ၊ သူကလွတ်အောင်ရှောင်ပြီး သူ့လမ်းသူသွားတယ် မင်းကိုဘာမထိခိုက်ဘူး ၊ မင်းကလည်း မင်းလမ်းမင်းဆက်လျှောက်လာတယ် ၊ ဒီဖြစ်ရပ်ကို ငါသည်းခံလိုက်တာလို့ ပြောလို့ရလား ၊ မရဘူးနော် ၊ ဒါပေမဲ့ လမ်းမှာ နောက်တစ်ယောက်နဲ့တွေ့တယ် သူက ဘာမပြောညာမပြောနဲ့ မင်းကိုဘလိုင်းကြီးဝင်တိုက်တယ် ၊ မင်းဘာလုပ်မလဲ ၊ ဒေါသထွက်မှာပေါ့ ဒီကောင်က စမှားတာလေ သည်းမခံနိုင်ဘူး ၊ ပထမလူကို သည်းခံနိုင်တယ် သူက မှန်နေတာကိုး ဒုတိယလူကျသည်းမခံနိုင်ဘူး ၊ သူက မှားနေတယ်လေ ၊ ဘာ်သူမဆို ဒီလိုပဲတွေးကြမှာပဲ ၊ ဒါပေမဲ့ အားလုံ းမေ့နေတာက သည်းခံတယ်ဆိုတာ အမှားကိုပဲ သည်းခံရတာ မှန်နေတာကို သည်းခံတယ်ဆိုတာ မရှိဘူးနော် ၊ မှန်နေတာကို သည်းခံနေရတယ်ဆိုရင် ကိုယ်ကမှား တဲ့ဘက်မှာရပ်နေမိလို့ပဲ၊ တစ်ချို့က ပြောတယ် ငါကသည်းခံတယ် မဟုတိတာတော့ လာမလုပ်နဲ့တဲ့ ၊ မဟုတ်တာကိုမှ သည်းခံရတယ်ဆိုတာ သူတို့မသိကြဘူး ၊ လောကမှာ ကျင်လည်ရင် လောကဓံအရ လုတွေဟာ သူတော်ကောင်းတရားကျင့်ဖို့အရမ်းခက်တယ် ၊ အရာရာကို အရှုံးဘက်ကနေရတယ် ၊ ဒါကြောင့် တောထွက်ပြီး တစ်ယောက်တည်းနေရတာ ၊ အဲဒါဆို လုတွေကြောင့်တွေ့ရတဲ့ လောကဓံတွေက ဝေးသွားမယ်
2026-07-25 12:34:03
10
Ye Naung :
ဒေါသပြန်ထားပီး ကို့စိတ်ကိုပူလောင်မှူမဖြစ်အောင် သီးခံခိုင်းတာပါ အမုန်းတရားတွေနဲ့သံသရာမရှည်အောင်သီးခံခိုင်းတာပါ မင်းကဘာကောင် မလို့လဲဆိုပီးဓါးရှည်ထုတ် ငါကဘာကောင်ကွဆိုပီ ဓါးရှည်ထုတ်နေရင် နှစ်ယောက်လုံးလည်ပြတ်ပီးသေဖို့ပဲရှိတယ်သဘောပေါက်လား လူမိုက်လူဆိုးလူညစ်နဲ့ ပြန်ရန်မဖြစ်ရအောင် သီးခံခိုင်းတာပါ သီးခံခိုင်းတဲ့လူကြီးကို မပြစ်မှားပါနဲ့
2026-07-24 09:14:29
13
もも🍑🍑 :
စာသားလေးရနိုင်မလားရှင့်🥰🥰
2026-07-26 13:51:57
1
🪻nweni🪻 :
စာသားလေ ရချင်တယ်
2026-07-22 15:49:13
9
@htatehtate :
crdပေးပါတယ်နော် အကုန်copyပြန်ယူပါအုံးမယ်ရှင့်😅
2026-07-24 06:24:34
5
🇲🇲Wai Mar LWin🇲🇲 :
kpကူမရလို့ မန့်မာချပေးပ့လားရှင့် 🥰
2026-07-25 13:41:57
1
🌻k💐h🌹a🌺I🪷🌷g🪻 :
မှားတဲ့သူက ငါ့အဖေ
ဖစ်ပြီးမှန်တဲ့သူက
ငါ့သားဖစ်နေရင်ရော
2026-07-21 13:30:46
7
🧊A🧊 :
တရားမျှတမှုဆိုတာ တစ်ကယ်တမ်းက "အနိုင်ကျင့်"မှု သက်သက်ပါဘဲ
2026-07-24 05:04:06
6
MDY 😎😎PHYO LAY :
ဒါက လုပ်ငန်းခွင်ထဲမှာဆို မကောင်းဘူးဗျ
2026-07-24 18:37:28
1
P&K ❤ :
လက်တွေ့ပဲ
2026-07-24 06:57:34
2
🌸Nyein Vlog🌸 :
အမှန်ပဲ
2026-07-25 06:49:00
1
⭐🌻🦋M⭐🌻🦋 :
တိုက်ဆိုင်လိုက်တာ
2026-07-24 07:20:47
1
Hnin Pwint Thu 510 :
ယူခွင့်ပြုပါ
2026-07-23 00:00:14
1
🐉YuPar Aung🐉 :
copy ပါရစေ
2026-07-23 04:23:00
1
VENUS🏳️🌈P&T🏳️🌈 :
ပြန်တင်မယ်နော်
2026-07-22 23:22:59
1
Mi Poe :
စာသားလေးယူသုံးခွင့်ပြုပါနော်🥰
2026-07-22 03:09:56
1
🦋Ei Ei Mon🦋 :
ကြုံဖူးတယ်😌
2026-07-25 06:16:25
1
༒✿Alaadin♡༒ :
ပြန်တင်ခြင်လို့
2026-07-22 04:50:45
1
နွေ မိုး ဆောင်း :
မ ေကာင်းတဲ့သူနဲ ့ တုပြိႃင်ပြီး မမုားသင့်လို.
2026-07-22 06:50:41
1
Theint Theint Thu :
ယူသုံးမယ်နော်မမ
2026-07-22 00:08:49
1
SaiThuYaAu :
copyပါရစေနော်
2026-07-21 12:24:20
1
Nadi :
တခါတလေကျ အချိန်တိုင်းသည်းခံနေရလို့ လူကပေါက်ကွဲထွက်တော့မယါ
2026-07-24 17:20:29
1
To see more videos from user @zuzue.k5, please go to the Tikwm
homepage.