@bangkoktourservice: Koh Larn (Coral Island) ကျွန်းကို သွားရောက်လည်ပတ်မဲ့သူများအတွက်။ ကော်လန်းကျွန်းပေါ်မှာရှိတဲ့ လည်ပတ်လို့ရမဲ့ ( ၈ )နေရာကို အသေးစိတ်လေးပြောပြပေးထားပါတယ်ဗျ ၁။ TaWaen Beach (တာဝမ်ကမ်းခြေ) ကျွန်းကို ရောက်ရောက်ချင်း ပထမဆုံး ဆိုက်ရောက်တဲ့ ကမ်းခြေဖြစ်ပြီး လူအစည်ကားဆုံးနဲ့ အသက်ဝင်ဆုံးနေရာလို့ ပြောလို့ရပါတယ်။ ရေကစားနည်းမျိုးစုံ (Banana boat, Jet ski, Parasailing) ရှိလို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ အကောင်းဆုံး ကမ်းခြေမို့ မရောက်မဖြစ်သွားရမဲ့ အထဲမှာ ထိပ်ဆုံးက ဖြစ်ပါတယ်ဗျ။ ၂။Thian Beach (သီရန်ကမ်းခြေ) ဒီကမ်းခြေကတော့ တာဝမ်နဲ့ မတူဘဲ နည်းနည်းပိုပြီး အေးအေးလူလူ ရှိပါတယ်။ ရေက ကြည်တောက်နေပြီး သဲသောင်ပြင်ဖြူဖြူလေးတွေနဲ့မို့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ဖို့၊ အပန်းဖြေဖို့ အရမ်းအဆင်ပြေပါတယ်။ ၃။ Samae Beach (ဆာမဲကမ်းခြေ) ဒီနေရာမှာတော့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ ထူးထူးခြားခြား ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုကို တွေ့ရမယ်။ ကမ်းခြေက ကျယ်ကျယ်ဝန်းဝန်းရှိပြီး ညနေဘက် နေဝင်ချိန်အလှကို ထိုင်ကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခု ပါဗျ။ ၄။ Windmill Viewpoint (လေယာဉ်စက်ရုံ ရှုခင်းသာ) ကျွန်းရဲ့ အမြင့်ပိုင်းမှာ ရှိပြီး လေ အေးအေးလေးနဲ့မို့ အရမ်းလန်းဆန်းစေပြီး အပေါ်ကနေ လှမ်းကြည့်လိုက်ရင် Kohlarn ကျွန်းရဲ့ ပင်လယ်ပြာပြာကြီးနဲ့ ကမ်းခြေအလှကို 360 Degree မြင့်ရမှာပါဗျ။ ၅။ Tai Yai Beach (သာယိုင်ကမ်းခြေ) လူသိပ်မများဘဲ သီးသန့်ဆန်ဆန် အေးအေးဆေးဆေးအနားယူချင်တဲ့သူတွေအတွက်သွားသင့်တဲ့ ကမ်းခြေလေးပါဗျ။ သဘာဝအတိုင်း ကျောက်ဆောင် ကျောက်ခဲလေးတွေ ရှိပြီး ရှုပ်ရှုပ်ခတ်ခတ် မကြိုက်ဘဲ တိတ်ဆိတ်မှုကို လိုချင်သူတွေအတွက်ဆိုရင် အဆင်ပြေပါတယ်။ ၆။ Hat Nual / Monkey Beach (နွယ်ကမ်းခြေ သို့မဟုတ် မျောက်ကျွန်း) ဒီကမ်းခြေရဲ့ ထူးခြားချက်ကတော့ နာမည်အတိုင်း သဘာဝတောရိုင်းမျောက်လေးတွေကို တွေ့နိုင်တာပါပဲ။ သူတို့ကို အစာကျွေးရင်း၊ ဓာတ်ပုံတွဲရိုက်ရင်းနဲ့ ထူးခြားတဲ့ အတွေ့အကြုံ့လေးတွေလည်း ဖုန်းတီးလို့ရပါတယ်ဗျ ၇။ Sangwan Beach (ဆန်ဝမ်ကမ်းခြေ) တာဝမ်ကမ်းခြေနဲ့ ကပ်လျက်မှာပဲ ရှိပေမယ့် သစ်သားတံတားလေးအတိုင်း လျှောက်သွားရတာ အရမ်းရိုမန်တစ် ဆန်ပါတယ်။ ကမ်းခြေသေးသေးလေး ဖြစ်ပေမယ့် ရေကူးရတာ ပိုပြီး ဆိတ်ငြိမ်ပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ၈။ Thong Lang Beach (ထောင်လန်းကမ်းခြေ) ဒီနေရာလေးကတော့ ငြိမ်သက်ပြီး သဘာဝအတိုင်း ရှိနေဆဲ ကမ်းခြေလေးတစ်ခုပါ။ ရေအောက်က သန္တာကျောက်တန်းလေးတွေကို ငုံ့ကြည့်ရုံနဲ့ မြင်ရလောက်အောင် ရေကြည်လွန်းလို့ အပန်းဖြေဖို့ တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပါဗျ။ 💥ဒီနေရာတွေ အစုံလိုက်လည်မို့ဆိုရင်တော့ Koh Larn ကို ရောက်ရင် ဆိုင်ကယ်လေးတစ်စီး ငှါးပြီးကိုယ်တိုင်မောင်းပြီး လိုက်လည်တာ အဆင်ပြေပါတယ်ဗျ 👉ဆိုင်ကယ်မမောင်းရဲတဲ့သူတွေအတွက်တော့ လိုင်းကားလေးစီးပြီး ဒီနေရာတွေကို တစ်နေရာဝင် တစ်နေရာထွက် လည်ပတ်လို့လည်းရပါတယ်။ ##ဘန်ကောက်ခရီးသွားဝန်ဆောင်မှူ##ပတ္တရား##ဘန်ကောက်မြို့တွင်းမြို့ပြင်ကားငှါး 💬ChatBox 📞Viber +66954944890 ဟိုတယ်ဘိုကင်/ ကားငှါးလိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်ဗျ
ဘန်ကောက်ခရီးသွားဝန်ဆောင်မှူ
Region: TH
Friday 12 June 2026 06:21:35 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @bangkoktourservice, please go to the Tikwm
homepage.