@zayartbz7news: ထိုင်းဘုရင်၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာ နတ်ရွာစံ သံလွင်ခက် ဇွန် ၁၂၊ ၂၀၂၆။ ထိုင်းဘုရင်၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာ နာရင်ဒီရာ ဒေဗျာဝတီသည် ချူလာလောင်ကွန်းဆေးရုံကြီးတွင် ကြာသပတေးနေ့ (ဇွန်လ ၁၁ ရက်) ညနေပိုင်းက အေးချမ်းစွာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုင်းနန်းတွင်းဗျူရို (Bureau of the Royal Household) က ထုတ်ပြန်သည်။ မင်းသမီးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နှလုံးရောဂါအခြေအနေကြောင့် သတိလစ်လဲကျသွားခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေရသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးကုဆရာဝန်ကြီးများအဖွဲ့က စဉ်ဆက်မပြတ် အနီးကပ်ပြုစုကုသပေးခဲ့သော်လည်း မင်းသမီး၏ ကျန်းမာရေးအခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အဆင့်တွင်သာ ကာလရှည် ရှိနေခဲ့ပြီးနောက် ယခုကဲ့သို့ အသက် ၄၇ အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘုရင်က နန်းတွင်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ အမြင့်ဆုံးဂုဏ်ထူးဆောင်အဆင့်အတန်းဖြင့် တော်ဝင်ဈာပနအခမ်းအနားကို ကျင်းပရန်နှင့် သမီးတော်၏ ရုပ်ကလာပ်တော်ကို မဟာနန်းတော် (Grand Palace) အတွင်းရှိ ပီမန်ရတနာ ရာဇပလ္လင်ခန်းမ (Piman Rattaya Throne Hall) တွင် ထားရှိရန် ထိုင်းနန်းတွင်းဗျူရိုသို့ လမ်းညွှန်အမိန့်ပေးထားသည်။ ThanLwinKhetNews ဓာတ်ပုံ-The Nation Thailand@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #ပြည်တွင်းသတင်း #မြန်မာသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ဒေသသတင်းရင်းမြစ်
ZayarTBZ 7 News
Region: TH
Friday 12 June 2026 07:25:28 GMT
Music
Download
Comments
Lwin Lwin Oo33999 :
ထိုင်းမာဘာသတင်းမှမကြားရပါလား
2026-06-12 12:17:36
17
ŽŨĚ 🪐 :
မကြားမိပါ့ဘူး
2026-06-12 13:14:27
7
user1493629295544 :
ဘယ် နေ့ ကလဲ
2026-06-12 11:05:52
5
Susu Khaing1972 :
စိတ်မကောင်းပါဘူး။ မင်းသမီးအေးချမ်းပါစေ!
2026-06-12 14:17:57
9
user14702435962191 :
471
2026-06-12 15:42:48
3
layhtet htetlay :
147.
2026-06-12 10:50:07
12
♋THADAR~သဒ္ဓါ🚗R.T.A.D Service :
ဒါဆိုသီရိဒုံကရောဘယ်လိုတော်စပ်တာလဲ နားမလည်လို့ပါ
2026-06-14 08:32:13
0
Ei Lay :
ထိုင်းကတောင်မကြားဘူး
2026-06-12 11:35:20
4
Kham Lao :
မကြားမိပါဘူး
2026-06-12 12:09:44
0
DawKhinKhinHtay :
ဝမ်းနည်းပါတယ်စိတ်မကောင်းပါဘူးငယ်သေးတာဘဲထပ်တူဝမ်းနည်းပါတယ်
2026-06-13 04:00:24
4
myo htay :
2026-06-12 08:59:31
2
Daw cho yee :
ကောင်းရာဘဝရောက်ပါစေ🥰🥰🥰
2026-06-12 10:22:46
3
TinTin mar :
yes
2026-06-12 13:07:30
1
Mya Sein 1234567890@@$$ :
မ
2026-06-12 14:13:16
1
waizin :
ဗး ေ🥰🥰🥰🥰😅
2026-06-12 14:57:32
2
Kő Ĝÿî Ÿê Wäî :
အာ့ကြောင့် ပုံပေါ်လာတာကို ထိုင်းလိုရေးထားတော့နားးမလည်လိုက်ဖူး ကျေးဇူးပါ သတင်းသိရလို့👍
2026-06-12 15:22:39
1
Daw Khin Lay Nyo :
ကောင်းရာဘုံဘဝရောက်ပါစေဆုတောင်းပါတယ်
2026-06-12 09:43:58
6
Khaing Mar :
ကောင်းရာဘုံဘ၀သို့ရောက်ရှိနိုင်ပါစေ🙏🙏🙏
2026-06-12 09:08:39
1
aungkhaingoo105 :
47နစ္
2026-06-12 15:15:38
0
💗👀မယ်ရှမ်း💢💞 :
🥰🥰🥰47
2026-06-14 14:55:18
0
Sai Sai :
472
2026-06-14 14:05:34
0
ayemyohtwt0 :
2026-06-12 10:38:24
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.