@zayartbz11: ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ ဇွန်-၁၂၊ ၂၀၂၆။ People's Spring ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဇွန်လ ၁၁ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေဆီ ရှောင်တိမ်းလာကြတယ်လို့ သိရပါတယ်။ ရွှေကူမြို့ ၄လမ်းဆုံ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်သွားပြီး ၄လမ်းဆုံဘက် လက်နက်ကြီးကျလို့ လူထိခိုက်တယ်လို့ ရွှေကူမြို့ကနေ တိမ်းရှောင်လာခဲ့သူတစ်ဦးကပြောပါတယ်။ လေကြောင်းသတိပေးချက်တွေလည်း ကြားတယ်လို့ သူက ဆိုပါတယ်။ ရွှေကူမြို့ဒေသခံတွေဟာ မနေ့ မနက်ပိုင်းမှာ ကားတွေနဲ့ မိုးမိတ်မြို့ဘက်ကို တိမ်းရှောင်လာတယ်လို့ မိုးမိတ်ဒေသခံတွေက ပြောပါတယ်။ မနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KIA နဲ့ နီးစပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း အတည်ပြုပါတယ်။ ကချင်လွတ်မြောက်ရေးတပ်(KIA) လက်အောက်ခံ တပ်ရင်း(၁၂)က ရွှေကူမြို့နယ်က ဒေသခံတွေ မြို့ကနေ ခေတ္တတိမ်းရှောင်ဖို့ ဇွန်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေမထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ မြို့ကနေ တိမ်းရှောင်တဲ့သူတချို့ရှိပေမယ့် စစ်တပ်က ပိတ်ဆို့ထားတော့ ပုံမှန်မဟုတ်တဲ့လမ်းတွေကနေ ရှောင်ကြရတာလို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴@ZayarTBZ 7 News @ZayarTBZ 7.1News🍉 #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ပြည်သူများဘေးကင်းကြပါစေ #မြန်မာသတင်း
ZayarTBZ 11 News
Region: TH
Friday 12 June 2026 07:58:39 GMT
Music
Download
Comments
TommyA901 :
2026-06-12 10:30:56
0
konyinyi797 :
🥰🥰🥰
2026-06-14 12:31:15
0
KoChit Ko :
🥰🥰🥰
2026-06-20 16:31:05
0
နှင်းဆီဖြူ :
😳😳😳
2026-06-12 12:08:56
0
soewinthan45 :
🥰🥰🥰
2026-06-12 10:15:32
0
Y N :
🥰🥰🥰
2026-06-12 10:14:14
0
Mgw Mgwlay :
🥰🥰🥰
2026-06-12 10:05:44
0
May Thu Tun :
🌹🌹🌹
2026-06-12 15:30:20
0
To see more videos from user @zayartbz11, please go to the Tikwm
homepage.