@pyomay.health: အရေးပေါ်တားဆေးဟာ အကာအကွယ်မဲ့အတူနေပြီးတဲ့အခါ၊ ကွန်ဒုံးပေါက်တဲ့အခါနဲ့ နေ့စဉ်သောက်တားဆေးသောက်ဖို့မေ့သွားတဲ့အခါမျိုးတွေမှာအရေးပေါ်အနေနဲ့ သောက်ရတဲ့ဆေးပါ ၁လုံးဆေးနဲ့ ၂လုံးဆေးဆိုပြီးရှိပါတယ် 👉ဆေးကို အကာအကွယ်မဲ့အတူနေပြီး ၇၂နာရီအတွင်းသောက်ရမှာဖြစ်ပြီးတော့ အတူနေပြီးချိန် စောနိုင်သမျှစောသောက်လေ အာနိသင်ပိုထိရောက်လေပါ ၂လုံးဆေးကတော့ ၁လုံးအရင်သောက်ပြီး နောက် ၁လုံးကို ၁၂နာရီခြားပြီးသောက်ရပါမယ် မေ့တတ်ရင်တော့ တစ်ခါတည်း ၂လုံးလုံးသောက်ပါ သတိထားရမဲ့အချက်တွေကတော့ ⛔⛔ ❗ဆေးသောက်ပြီး ၂နာရီအတွင်းအန်ရင်ဆေးအသစ်ထပ်သောက်ရပါမယ် ❗ကျိုးပဲ့နေတဲ့ဆေးတွေကို တစ်ဝက်ပဲသောက်လို့မရပါဘူး အာနိသင်အပြည့်ရအောင် ၁လုံးလုံးသောက်ရပါမယ် ❗Exp date ရက်လွန်နေတဲ့ဆေးတွေမသောက်သင့်ပါဘူး ❗အတက်ရောဂါ၊ HIVနဲ့ တီဘီဆေးတွေ သောက်နေရရင်အစာအိမ်ဆေးတွေကို စွဲသောက်နေတဲ့သူဖြစ်ရင်/ပိုးသတ်ဆေးသောက်နေတဲ့သူဖြစ်ရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ ဆေးမသောက်ခင် ၃ရက်အတွင်းအတူနေတဲ့ ကိုယ်ဝန်ရနိုင်ခြေရှိတာတွေကိုပဲကာကွယ်တာဖြစ်ပြီးတော့ ဆေးသောက်ပြီး ထပ်နေတာအတွက်မကာကွယ်တာမို့လို့ ဆေးသောက်ပြီး ထပ်နေရင် cdသုံးတာ၊ ဆေးထပ်သောက်တာမျိုး လုပ်ရပါမယ် ⛔⛔⛔အရေးအကြီးဆုံးအချက်က အရေးပေါ်တားဆေးက မကြွေရသေးတဲ့ သားဥကိုပဲ ကာကွယ်ပေးတယ် သားဥကြွေချိန်အတူနေမိရင်တော့ ဆေးသောက်လည်း ကိုယ်ဝန်ရနိုင်ပါတယ် #health #အရေးပေါ်တားဆေး #emergencypill #ပျိုမေတို့အတွက် #fyp
ပျိုမေတို့အတွက်- For Pyo May
Region: TH
Friday 12 June 2026 10:37:52 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @pyomay.health, please go to the Tikwm
homepage.