@angelica.vang: ချစ်တဲ့သူကို သတိရတဲ့အခါ ********************** ' ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့ ' မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက် ~ အေးချမ်းပါစေ။ ~ ဘေးအန္တာရာယ်တွေက ဝေးပါစေ။ ~ စိတ်မဆင်းရဲပါစေနဲ့။ ~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ ~ လုပ်ငန်းတွေ အောင်မြင်ပါစေ။ ~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။ ~ လူမိုက်တွေ ရန်က ဝေးပါစေ။ ~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။ ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။ ' အချစ်' ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။ ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။ မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။ မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။ မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။ အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။ ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။ ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ' မေတ္တာပို့ပါ' #crd

Vang☘️
Vang☘️
Open In TikTok:
Region: SG
Friday 12 June 2026 11:56:38 GMT
198997
26411
668
2658

Music

Download

Comments

mal.yu09
🌻Mal yu🍃 :
ဘယ်အမျိုးသမီးနဲ့ပဲရှိနေရှိနေ ပျော်ရွှင်ပါစေ🥰
2026-06-14 11:34:03
23
mama23390
wai wai :
မဆုံတဲ့ချစ်သူကိုကို ဘဝမှာ ရေလိုအေးလို့ပန်းလိုလန်းပါစေ ဆန္ဒနဲ့ဘဝထက်တူကြပျော်ရွင်ပါစေ🙏 မဆုံပေမဲ့ ပစ်မထားပဲ လိုအပ်ချိန်တိုင်း အဝေးကနေ တက်နိုင်သလိုက်စောင့်ရှောက်ပေးတဲ့အတွက်လဲအများကြီး ကျေးဇူးပါတယ် ချစ်သူကိုကိုရေ🥰🥰
2026-06-18 11:01:14
8
nyein.nyein2164
ပန်းလေညှင်း :
ဗုဒ္ဓဟူးသား မောင်ဆိုတဲ့လူသားလေးကိုသတိရတိုင်းလွမ်းတိုင်းမေတ္တာခဏတိုင်းပို့ပေးနေမိတာ သူ့ကိုမေတ္တာပို့တိုင်း ကိုယ်ရဲ့စိတ်ထဲမှာအေးချမ်းတည်ငြိမ်လာတယ် ပျော်ရွှင်သလိုလည်းခံစားရတယ်စိတ်လုံခြုံသလိုခံစားရတယ် ကျမရဲ့မေတ္တာစစ်မှန်ခဲ့ရင် မောင်ဆိုတဲ့လူသားလေးပျော်ရွှင်နေရင်ကျေနပ်ပါပြီ
2026-06-17 13:51:43
8
zingyi2784
Žîñ Kő Õø :
သတိရတာတော့အချိန်တိုင်းပါပဲ မေတ္တာပို့လည်းသူမကပြန်မလာလောက်တော့ဘူးထင်ပါ့ရဲ့ဗျာ... ချစ်သောရေ...အရာအားလုံးအဆင်ပြေပါစေနော် အေးချမ်းပါစေ ပျော်ရွှင်ပါစေနော် မင်းမပျော်တော့တဲ့အခါ ကိုယ်ဆီကိုပြန်လာဖို့သတိရပေးပါနော် ကိုယ့်ရင်ဘတ်တစ်ခုလုံးကချစ်သောအတွက်အကုန်ပေးပီးသားမို့အချိန်မရွေးဖွင့်ထားပါတယ်နော်😪
2026-06-16 23:19:13
6
thida.official16
★彡 Myo thidar Aung 彡★ :
ဘယ်အမျိုးသမီးနဲ့ပဲရှိနေရှိနေ ပျော်ရွှင်ပါစေ☺
2026-06-21 10:00:19
2
saisaiminhlaing1500
💝💓Sai🆗 Sai Minn Hlaing 💕💞 :
🥰😘💕💞🕉ရယ်
2026-06-20 21:57:39
3
thi.dar9703
Thi dar :
လူတိုင်းထားသင့်တဲ့စိတ်ထားလေးပါ ကိုယ်တိုင်လဲအစိတ်လေးမွေးထားပါတယ် တကယ်ပါကိုယ်ကိုတိုင်အဲ အေးချမ်းမှု့ကိုအရင်ရတာမို့သူငယ်ချင်းအားလုံးကိုလဲအဲစိတ်လေးမွေးကြည်ကျပါလို့တိုက်တွန်းပရစေရှင်
2026-06-21 03:01:20
2
khinchooo151
Khin Cho :
ဟုတ်ကဲ့ပါ နေ့တိုင်း ညမနက် မေတ္တာပို့ပေးပါတယ် မျက်နှာသစ်တိုင်းလဲပို့ဖြစ်တယ် စိတ်တေအေးချမ်းပါတယ်😘😘😘😘😘
2026-06-21 10:05:51
1
thaethae4574
👩‍👩‍👧‍👦Thae🙆Thae😘 :
အမြဲပို့တယ်
2026-06-22 01:59:35
1
kayngmalay002
lovelysmilelay :
ဟုတ်တယ်ရှင်☺️☺️☺️
2026-06-21 13:35:17
1
saw.cherry.htun
Saw Cherry Htun :
ကျတော်ချစ်ရသောကြာသပတေးသားလေးဘဝမှာအေးချမ်းပျော်ရွင်ပီးကျတော်နဲ့အမြန်ဆုံးအတူနေရပါစေ
2026-06-21 09:38:38
1
kolgyi86910
P.H ( nyimalay) :
ကျနော်ချစ်မြတ်နိူးရသော တနင်္ဂနွေသမီး လေး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ ညီမလေးရေ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-21 07:20:10
1
san.dar.aung374
San Dar Aung :
ဝန်ရံပေးခဲ့ပါတယ်
2026-06-19 13:39:01
1
nangngwe73
Nang kham Ngwe(pol) :
မေတ္တာပို့နေကျပါ
2026-06-20 15:34:23
1
quelic6
HM👑 :
ပြန်တင်ပါရစေရှင့်
2026-06-20 12:58:45
1
user10965321061815
ပန် ပန် :
တနလာသားချမ်းမြေ့အလုပ်ကိုင်စီပွားရေးအဆင်ပြေပါစေမိန်းမပေါ်အမြဲသစ်စာရှိရှိတစ်သက်လုံးချစ်ပါစေ
2026-06-19 03:25:59
1
phyueikhaing20
🥑PHYU😋🥑 :
crd❤️
2026-06-19 04:41:44
1
thin.thin5670
Thin Thin :
နေ့တိုင်းပို့တယ်နော်❣️အစစအဆင်ပြေပါစေ🙏🙏🙏🙏🙏
2026-06-16 16:45:12
1
user3258245382101
user3258245382101 :
အာမငယ်ပါနဲရုင်💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞
2026-06-18 01:04:42
1
ps86.3
🦋🦋 :
ရာဟုသမီးဇနီးအလုပ်အကိုင်ကျန်မာရေးအစစအရာရာအဆင်ပြေပါစေ🥰🥰🥰🥰🥰
2026-06-19 02:50:07
1
myatnoeeain7777
myatnoeeain7777 :
@KKH🤴💕🙏
2026-06-18 22:04:12
1
rose.yu45
Rosella 로제라 :
လောကကြီးထဲမှာ မရှိတော့တဲ့အမေရော အကိုအစ်မအားလုံးကို အမြဲဆုတောင်းပေးပါတယ် ညတိုငိး
2026-06-18 11:53:40
1
moe.ma.kha41
Moe Ma Kha :
ဟုတ်တယ် သူပျော်ရွှင်ရင်ကျေနပ်နေမိ🥰🥰
2026-06-19 13:24:33
1
s..t..a47
Aye Pwint Aung😘🥰 :
🥰🥰🥰👍👍
2026-06-16 06:05:25
1
To see more videos from user @angelica.vang, please go to the Tikwm homepage.

Other Videos


About