@saw.win.zar.lwin: ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကိုမကျေမနပ်ဖြစ်နေတဲ့အတွက်သစ်ပင်ပေါ်မှာ ငိုနေပါတယ်ထိုအချိန်မှာပဲ ရဟန်း တစ်ပါးကလည်းသစ်ပင်အောက်မှာထိုင်နေပါတယ်၊ ကျီးကန်းရဲ့မျက်ရည်တစ်စက်ဟာ ရဟန်းရဲ့ ပါးပြင်ပေါ် ကိုကျသွားတဲ့အခါ ရဟန်းကခေါင်းမော့ကြည့်လိုက်တယ်ကျီးကန်းငိုနေတာကို မြင်လိုက်ရတဲ့ ရဟန်းကဘာကြောင့်ငိုနေတာလဲ?"လို့ မေးပါတယ်၊ ကျီးကန်းက"အိုပညာရှိရဟန်း၊ကျွန်တော်ဟာ ကျွန်တော့်ဘဝကို အလွန်မကျေနပ်ပါဘူး။ ဘယ်သူမှ ကျွန်တော့်ကိုမချစ်ကြပါဘူး လူတွေဟာကျွန်တော့်ကိုမြင်တာနဲ့အဝေးကို မောင်းထုတ်ကြပြီး ဘာမှမကျွေးပါဘူးလူတိုင်းက ကျွန်တော့်ကို မုန်းကြပါတယ်။ ဒီလိုဘဝထက် သေတာက ပို ကောင်းပါတယ်"လို့ ဖြေပါတယ်။ ကျီးကန်းရဲ့စကားကိုကြားရတဲ့ ရဟန်းဟာ ကျီးကန်း အပေါ် ကရုဏာသက်ဝင်သွားပါတယ်သူက"ငါတို့ဟာဘယ်လိုအခြေအနေမှာပဲရှိရှိပျော်ရွှင်တတ်ဖို့သင်ယူ သင့်တယ်"လို့ ပြောပါတယ်။ ဒါပေမယ့် ကျီးကန်းဟာ ရဟန်းရဲ့စကား ကိုနားမလည်ဘဲ ဆက်ငိုနေပါတယ်။ ရဟန်း က"စိတ်မညစ်ပါနဲ့ ငါ့ကို ပြောပြပြပါသင်ဘာ ဖြစ်ချင်တာလဲ? ငါ့မန္တန်နဲ့ သင်ဖြစ်ချင်တာကိုဖြစ် အောင်လုပ်ပေးနိုင်တယ်"လို့ဆိုပါတယ်။ ( ကျီးကန်းဟာ ပျော်သွားပြီး"အို၊သင့်အနေနဲ့ ကျွန်တော်ကို ကူညီချင်တယ်ဆိုရင် ကျေးဇူးပြု ပြီး ကျွန်တော်ကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးပါလို့ပြောပါတယ်။ ရဟန်းကကောင်းပြီ၊ငါမင်းကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေး မယ်ဒါပေမယ့် အရင်ဆုံး ငန်းတစ်ကောင်ဆီ သွားပြီး သူဟာ သူ့ဘဝနဲ့ ပျော်ရွှင်လားဆိုတာ မေးကြည့်ရမယ် မင်းသွားပြီး စုံစမ်းလာခဲ့ ဒီ အတောအတွင်း ငါဒီမှာ မင်းကို စောင့်နေမယ်" လို့ ပြော ပါတယ်။ ကျီးကန်းဟာ ပျော်ပျော်ကြီးနဲ့ ငန်းတစ်ကောင်ဆီပျံသွားပါတယ်။ ငန်းဟာ ရေကန်ထဲမှာ ရေကူးနေတယ် ကျီးကန်းက မင်းက အရမ်းလှတယ် နို့အရောင်လို အဖြူရောင်ပဲ လူတိုင်းက မင်းကိုချစ်ကြတယ် မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ ပြောပါတယ် ငန်းကမဟုတ်ဘူးဗျာ၊ ငါမပျော်ဘူးကမ္ဘာပေါ်မှာ အရောင်စုံငှက်တွေအများကြီးရှိတယ်၊ ဒါပေမယ့် ငါ့မှာ ဘာအရောင်မှမရှိဘူးအဖြူဆိုတာ ဘာမှမဟုတ်ဘူး ကြက်တူရွေးဟာ ကမ္ဘာပေါ် မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ ငါထင်တယ်လို့ပြောပါတယ်။ ဒါကိုကြားပြီး ကျီးကန်းဟာ ကြက်တူရွေးဆီ ကိုပျံသွားပြန်ပါတယ်"အို ကြက်တူရွေးမင်းက အရောင်စုံလို့ အရမ်းလှတယ်မင်းဟာ ကမ္ဘာ ပေါ်မှာ အပျော်ရွှင်ဆုံး ငှက် ဖြစ်မယ်"လို့ပြောပါ တယ်ကြက်တူရွေးက မဟုတ်ဘူးဗျာ၊ ငါမပျော်ဘူးလူတွေက ကြက်တူရွေးတွေကို လှောင်အိမ်ထဲထည့်ထားတယ် တစ်ယောက်ယောက်က ငါ့ကိုဖမ်းပြီး လှောင်အိမ်ထဲထည့်လိုက်မှာကို အမြဲကြောက်နေရတယ် ဒေါင်းဟာ ငါ့ထက် အရောင် ပိုစုံလို့ သူကအပျော်ရွှင်ဆုံးဖြစ်မယ်လို့ပြောပါတယ်။ ဒါကိုကြားပြီး ကျီးကန်းဟာ ဒေါင်းကိုရှာဖို့ ထပ်ပျံသွားပါတယ်။ နောက်ဆုံးမှာ သူဟာတိရစ္ဆာန်ရုံထဲက လှောင်အိမ်တစ်ခုထဲမှာ ဒေါင်း တစ်ကောင်ကို တွေ့ပါ တယ်။ လူပေါင်းရာချီဟာ သူ့ကိုကြည့်ဖို့ စုရုံးနေ ကြတယ်။ လူတွေသွားပြီး တဲ့နောက် ကျီးကန်းဟာ ဒေါင်းဆီချဉ်းကပ်ပြီး"ချစ်ရတဲ့ ဒေါင်း၊ မင်းကအရမ်းလှတယ်။ လူ ထောင်ချီကမင်းကိုကြည့်ဖို့လာကြတယ်။ ငါ့ကိုကြည့် ရင်လူတွေက ချက်ချင်းမောင်း ထုတ်ကြတယ် မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်"လို့ပြောပါတယ်။ ဒေါင်းကငါဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အပျော်ရွှင် ဆုံးငှက်လို့ အမြဲထင်ခဲ့တယ်။ ဒါပေမယ့် ငါ့အလှတရားကြောင့် ဒီတိရစ္ဆာန်ရုံထဲမှာ ပိတ်မိနေတယ်။ လူတွေက အလှဆင်ပစ္စည်းတွေလုပ်ဖို့ငါ့ရဲ့အမွေးအတောင်တွေကိုနှုတ်ယူတဲ့အခါ အရမ်းနာတယ် ငါမပျော်ဘူးလို့ ပြန် ဖြေပါတယ်၊ ဒါကိုကြားပြီး ကျီးကန်းဟာ အံ့အားသင့်သွားပါတယ် သူက မင်းမှပျော်ဘူးဆိုရင် ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံး ငှက်ကဘယ်သူလဲလို့ မေးပါတယ် ဒေါင်းက "ငါဟာ တိရ စ္ဆာန်ရုံကို အသေအချာလေ့လာ ကြည့်ပြီးနောက် မင်းက တစ်ခုတည်းသော လှောင်အိမ်ထဲ အထည့်မခံရတဲ့ ငှက်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ လူတွေက မင်းကိုဖမ်းဖို့ မကြိုးစားကြဘူး။မကြာသေး ခင် ကအထိငါစဉ်းစားနေတာက ငါသာကျီးကန်းဖြစ်ခဲ့ရင် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားပြီး ပျော်နိုင်မှာ ပဲ"လို့ ဖြေပါတယ်။ ( ဒါကိုကြားပြီး ကျီးကန်းဟာ ရဟန်းဆီပြန်လာပါတယ်။ ပထမဆုံး အကြိမ် ကျီးကန်းဟာ ကျီးကန်းဖြစ်ရတာကို ပျော်ရွှင်လာပါတယ်။ သူက "အို ပညာရှိရဟန်း၊ကျွန်တော်အခြားဘာမှမဖြစ်ချင်တော့ပါဘူးကျွန်တော်ဟာ ကျွန်တော်ဖြစ်နေတဲ့အတိုင်းပဲကျေနပ်ပါ ပြီ" လို့ ပြောပါတယ်။ ဒီပုံပြင်လေးကနေတစ်ဆင့် ကျွန်နော်တို့ကို ပြောပြနေတဲ့ "ဘဝမှာ မလိုအပ်ဘဲ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပြီး" ဒီအချက်ကြောင့်ပဲ လူအများစုဟာ မပျော်ရွှင်နိုင် ဖြစ်နေကြပါတယ်၊ ကိုယ့်မှာမရှိတာကိုကြည့်မယ့်အစား ကိုယ့်မှာရှိတာနဲ့ ပျော်ရွှင်တတ်ဖို့ သင်ယူသင့်ပါတယ် ကမ္ဘာပေါ်မှာ သင့်ထက်ပိုပြီးဉာဏ်ပညာရှိတဲ့လူ ပိုတော်တဲ့လူ ပိုချမ်းသာတဲ့လူ ပိုလှတဲ့သူဆိုတာအမြဲရှိနေမှာပါအကယ်၍ သင်ဟာအမြဲတမ်း အခြားသူတွေ နဲ့ နှိုင်းယှဉ်နေမယ်ဆိုရင်တော့ သင်ဘယ်တော့မှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ============== #မူရင်းရေးသားသူအားလေးစားစွာဖြင့် #crd

saw win zar lwin
saw win zar lwin
Open In TikTok:
Region: MM
Friday 12 June 2026 14:00:47 GMT
25424
960
23
94

Music

Download

Comments

hlainghlaing177
Nh🤎 :
စာသားလေးပေးပါလားရှင့်🥰
2026-07-21 13:57:41
0
miuseoad4n6
WaiYanPhyo :
ပြန်တင်ခွင့်ပြုပါ
2026-07-18 04:07:39
1
kyawyelwin423
Kyaw YE Lwin :
တန်းဖိုးရှိလိုက်တာဗျာ
2026-07-21 05:14:46
1
myatmoekhin25347
M💫 :
ကျီးကန်းအဖစ်နဲ့တူနေတယ်😌
2026-07-21 14:16:42
1
hein.226
learner :
ပညာရပါတယ်
2026-07-21 05:52:17
1
ei.nandar.kyaw61
Thae Thae 💐 :
ပြန်ယူသုံးလို့ရမလားရှင့်စာသားလေး💐
2026-07-11 00:06:39
1
user168341430
Mee Mee :
ကျေးဇူးပါအမှန်ကိုမြင်နိုင်ပါစေ
2026-06-12 15:42:11
2
khinthidaraung95
khinthidaraung95 :
ပြန်ယူသုံးခွင့်ပြုပါရှင့်
2026-07-11 12:57:09
1
thaw.thaw6581
Thaw Thaw :
အားလုံးကိုရတဲ့ဘဝကိုကျေနပ်ရောင်ရဲကျပါစေ
2026-06-13 11:34:32
1
nwet.t
Nwet T :
👍👍👍👍
2026-06-14 06:59:12
2
daw.san.san.oo908
Daw San San Oo :
👍👍👍🥰
2026-06-12 19:51:17
2
phaw.lar.khu.say
🐬🐬 :
🥰🥰🥰
2026-07-17 13:53:25
1
5blade5
MyoHlaingWin🎲🎲 :
💪💪💪💪
2026-06-15 07:33:50
1
kokokyaw1997
အရေးမပါ အရာမရောက်ခြင်းရဲ့ ရသ :
ဒီပုံပြင်လေးက တကယ်ကို ဖတ်လို့ကောင်းပြီး ဘဝအတွက် အဖိုးတန်လှတဲ့ သုတ၊ ရသ နှစ်ပါးစုံတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ လူတွေ အမြဲတမ်းလိုလို ကျူးလွန်မိတတ်တဲ့ အမှားတစ်ခုကို ငှက်ကလေးတွေရဲ့ ဇာတ်ကြောင်းနဲ့ အလွန်ထိမိစွာ ထင်ဟပ်ပြထားပါတယ်။ ပုံပြင်လေးရဲ့ အဓိက အနှစ်ချုပ်နဲ့ ရရှိမည့် သင်ခန်းစာများကို အောက်ပါအတိုင်း တွေ့ရှိရပါတယ် - ## ပုံပြင်အနှစ်ချုပ် ကျီးကန်း၏ မကျေနပ်မှု: ကိုယ့်ဘဝကိုယ် အထင်သေးပြီး လူတွေမုန်းတဲ့ ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကို အလွန်စိတ်ပျက်ကာ ငိုကြွေးနေပါတယ်။ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း (Comparison): ရဟန်းရဲ့ ကူညီပေးမှုနဲ့အတူ ငန်း၊ ကြက်တူရွေး၊ ဒေါင်း စတဲ့ ငှက်တွေဆီ သွားရောက်ပြီး "သူတို့တွေက ငါ့ထက်သာတယ်။ ပျော်ရွှင်ကြလိမ့်မယ်" လို့ တွက်ဆကာ လိုက်လံစုံစမ်းခဲ့ပါတယ်။ အမှန်တရားကို သိရှိရခြင်း: သို့သော် ငန်း၊ ကြက်တူရွေးနဲ့ ဒေါင်းတို့မှာလည်း သူတို့ရဲ့ အားသာချက်တွေအပြင် "လွတ်လပ်မှု မရှိခြင်း၊ ထောင်ချောက်ဆင်ခံရခြင်း၊ လှောင်အိမ်ထဲ ပိတ်လှောင်ခံရခြင်းနဲ့ အမွေးအတောင် နှုတ်ခံရခြင်း" ဆိုတဲ့ ကိုယ်စီ ဒုက္ခနဲ့ ပူပန်မှုတွေ ရှိနေကြတာကို တွေ့ခဲ့ရပါတယ်။ မိမိကိုယ်ကို ကျေနပ်ခြင်း (Contentment): အခြားသူတွေရဲ့ ဘဝကသာတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဘယ်သူမှ မဖမ်းဆီး၊ မလှောင်အိမ်ချင်တဲ့၊ အလွတ်လပ်ဆုံးနဲ့ အလွတ်လပ်ဆုံး ပျံသန်းနိုင်တဲ့သူဟာ "ကျီးကန်း" ကိုယ်တိုင် ဖြစ်နေတယ်ဆိုတာကို သိသွားခဲ့ရပါတယ်။ ## ဘဝအတွက် အဓိက သင်ခန်းစာများ နှိုင်းယှဉ်ခြင်းသည် ဒုက္ခ၏ အစ (Comparison is the thief of joy): လူအများစု မပျော်ရွှင်ရခြင်းရဲ့ အဓိက အကြောင်းရင်းက ကိုယ့်မှာရှိတဲ့ တန်ဖိုးတွေကို မမြင်ဘဲ သူများတွေရဲ့ အလှပဆုံး၊ အသာဆုံး အပိုင်းတွေနဲ့ ကိုယ့်ဘဝကို လိုက်ပြီး နှိုင်းယှဉ်နေမိလို့ပါပဲ။ ကိုယ်ပိုင်လွတ်လပ်မှုနှင့် ရှိတာလေးကို တန်ဖိုးထားခြင်း: တခြားသူတွေ ပိုင်ဆိုင်ထားတဲ့ အရာတွေ (ဥပဒေ၊ ရုပ်အဆင့်အတန်း၊ ငွေကြေး စသည်ဖြင့်) တောက်ပနေတာကိုပဲ မြင်နေရပေမဲ့ သူတို့ ခံစားနေရတဲ့ ဖိစီးမှုနဲ့ ဒုက္ခတွေကို မမြင်ကြရပါဘူး။ အရာရာထက် "လွတ်လပ်မှု" နဲ့ "ကိုယ့်ဘဝကိုယ် ကျေနပ်ခြင်း" ကသာ အစစ်မှန်ဆုံး ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်ပါတယ်။ ကျေနပ်ရောင့်ရဲခြင်း (Contentment): ကမ္ဘာပေါ်မှာ ကိုယ့်ထက်သာတဲ့သူ၊ တော်တဲ့သူ၊ ချမ်းသာတဲ့သူတွေ အမြဲတမ်း ရှိနေမှာပါပဲ။ အဲဒီတော့ သူများနှင့် လိုက်မပြိုင်ဘဲ မိမိပိုင်ဆိုင်ထားတဲ့ အနေအထား၊ မိမိရဲ့ တကယ့် သဘာဝအတိုင်း ရိုးသားစွာ ရှင်သန်တတ်ခြင်းကသာ စိတ်ချမ်းသာရာကို ယူဆောင်လာပေးပါလိမ့်မယ်။🤩🤩🤩
2026-07-20 16:59:53
1
To see more videos from user @saw.win.zar.lwin, please go to the Tikwm homepage.

Other Videos


About