@monlay5880: သားလေးရယ်... အပေါင်းအသင်းတွေကို အရမ်းချစ်တတ်တဲ့ သားလေး။ ကိုယ်စားမယ့် အစားအသောက်တောင် သူငယ်ချင်းတွေကို မျှဝေကျွေးမွေးတတ်တဲ့ သားလေး။ ဒါပေမယ့် သားရေကန်ထဲနစ်နေချိန်မှာတော့ သားကို ကယ်တင်ဖို့မကြိုးစားခဲ့ကြဘူး။ အနီးအနားမှာ ရေကန်နဲ့နီးတဲ့ အိမ်တွေ အများကြီးရှိနေတာတောင် အကူအညီမတောင်းခဲ့ကြဘူး။ အဲဒီအပြင် အေးအေးဆေးဆေး အိမ်ပြန်သွားပြီး သားကို လာမေးတဲ့ အဒေါ်ကိုတောင် "မသိဘူး၊ မတွေ့ဘူး" ဆိုပြီး လိမ်ညာပြောဆိုခဲ့ကြတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ သားသူငယ်ချင်းတွေကို သားခွင့်လွှတ်နိုင်ရဲ့လား။ မေမေတော့ မခွင့်လွှတ်နိုင်ဘူး သားရယ်... 😭😭😭 ပိုပြီး ရင်နာရတာက စခန်းမှူးအစ ဆရာဝန်အဆုံး သားအတွက် ရေနစ်သေ-//ရတယ်အပြင် မေမေတို့ ပို မသိမြင်ခဲ့ရဘူးသားရယ်။ မိခင်တစ်ယောက်အနေနဲ့ ရင်တွေ နာလွန်းလို့ မခံနိုင်တော့ဘူး။ 😭😭😭 မေမေ ပြည်ပထွက်လာတုန်းက သားလေးက ငယ်ငယ်လေးပဲ ရှိသေးတာ။ အဲဒါကြောင့် သားအရပ်ရှည်လာတာ၊ လူကောင်ထွားလာတာကို အရမ်းမြင်ချင်ခဲ့တာ။ Video Call ပြောတိုင်း "သား အရပ်ရှည်လာပြီလား" လို့ အမြဲမေးဖြစ်တယ်။ သားအသံလေး လူကြီးသံပြောင်းလာတာကို ကြားရတိုင်း "ငါ့သား လူပျိုကြီးဖြစ်တော့မှာပဲ" ဆိုပြီး မေမေ ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ အားလုံးကို ရ-//က်ရ-//က်စ-//က်စ-//က် ရိုက်ချိုးပစ်လိုက်ကြတယ်။ သားကို ဥပက္ခာပြုပြီး သေ-//ဆုံးသွားအောင် ထားခဲ့ကြတယ်လို့ မေမေ ခံစားရတယ်။ အမှန်တရားကိုလည်း လိမ်ညာဖုံးကွယ်ခဲ့ကြတယ်။ 😭😭😭 အခုတော့ မေမေ့သားလေးရဲ့ ကိုယ်ငွေ့သင်းသင်းလေးတောင် မရှူရှိုက်လိုက်ရဘူး။ သားရဲ့ အရပ်အမောင်းကို ခေါင်းမော့ပြီး မကြည့်လိုက်ရဘူး။ သားကို အားရပါးရ ပွေ့ဖက်ခွင့်တောင် မရလိုက်ဘူး။ မေမေ့ကို ထားသွားရက်တယ်နော် သားရယ်... 😭😭😭 မေမေ အခုထိ မဖြေနိုင်သေးဘူး။ မေမေ အားရအောင် ငိုပါရစေ သားရယ်... 😭😭😭 အမေ့သားရေ... အမေ့သား ကြီးပြင်းလာတာကိုလည်း မမြင်လိုက်ရတော့ဘူး။ အမေ့သားရဲ့ လူကြီးအသံကြီးကိုလည်း နားထောင်ခွင့် မရှိတော့ဘူး။ 😭😭😭 "တူးတူး" လို့ခေါ်ပြီး အမေပြန်လာရင် ပြေးဖက်တတ်တဲ့ သားလေး မရှိတော့ဘူး။ အမေ့ရင်ထဲမှာတော့ ဒီနာကျင်မှုက ဘယ်တော့မှ မပျောက်နိုင်တော့ဘူး ထင်ပါတယ်။ ( မင်းခန့်ကျော်ရဲ့ မိခင်အရင်း ကိုယ်တိုင် ရေးသားထားတဲ့ စာလေးကို ဖတ်ရတာ ရင်ထဲတကယ် စို့နင့်သွားမိတယ်)... 😭 ဘဝဆက်ဆက်ဒီလိုဘဝမျိုးမကြုံပါစေနဲ့ကလေးရေ #JusticeForMaungMinKhantKyaw #MaungMinKhantKyaw #မင်းခန့်ကျော် #မင်းခန့်ကျော်အတွက်တရားမျှတမှု #JusticeForChildren

🌼MonLay🌼Jade(မိုးကောင်းသူ)
🌼MonLay🌼Jade(မိုးကောင်းသူ)
Open In TikTok:
Region: MM
Friday 12 June 2026 15:27:12 GMT
1293431
107020
5974
2788

Music

Download

Comments

daw9980tt0
Daw :
အဲ့ခ လေးနှစ် ယောက်ကို သေချာစစ် ဆေး စေခြင်ပါတယ်
2026-06-13 02:04:33
593
goodluck0502
Good Luck :
တဦးတည်းသောကျမသားလေးလဲ အပေါင်းအသင်းသူငယ်ချင်းတွေကိုအရမ်းခင်တွယ်လို့ ဒီအဖြစ်မျိုးကြုံခဲ့ရဖူးတယ် 2022 G9တတ်တုန်းကပေါ့ လူသူအသွားနဲတဲ့ချောင်းကြီးတခုမှာ သူငယ်ချင်းသုံးယောက်ရေသွားကူးကြတာကျမတို့မိသားစုက အဲ့ဒိရွာကိုအခုမှပြောင်းလာတဲ့နယ်မြေစိမ်းပေါ့ ခုမှခင်တဲ့သူငယ်ချင်းတွေကတောအရက်ကိုမြည်းခိုင်းပီးရေကူးခေါ်သွားကြတာတဲ့လေ အဲ့မှာတခါမှမသောက်ဖူးတော့ မူးနေပီးရေကူးတဲ့အချိန်သားကခြေထောက်ကြွက်တတ်နေခဲ့တယ် ဒါကိုမကယ်ပဲ ဒီတိုင်းထားပစ်ခဲ့ကြတယ် တော်သေးတယ် ရေမြုပ်မသွားပဲချောင်းစပ်မှာတင်နေခဲ့တာပေါ့ ကျမကမန်းလေးမှာအလုပ်လုပ်နေတာ အတူနေအဖိုးအဖွားတွေကခေါင်းမီးတောက်အောင်ရှာကြတာပေါ့ သူငယ်ချင်းတွေကလဲမလာဘူးမတွေ့ဖူးဖြေကြတော့ အဖိုးအဖွားတွေမျက်ရည်တွေနဲ့ရပ်ကွက်လူကြီးတွေအသိပေး ရှာကြမယ်ပေါ့ အဲ့ချိန်ဒေသခံတယောက်က ဒီအိမ်ကကလေးချောင်းစပ်မှာမှောက်ခုံကြီးပေါ်နေတယ်ပြောလို့အပြေးသွားကယ်ရတာပေါ့တော်သေးတယ် ကျမသားလေးအသက်မဆုံးရှုံးခဲ့ဘူးကံကောင်းလို့ပေါ့ရှင် မတော်လို့အသက်ဆုံးရှုံးခဲ့ရင် ယခုကလေးအမှု့လိုပဲပြီးသွားကြမှာ အဲ့ချိန်ကစပီကျမအဲ့ရွာမှာသားကိုမထားတော့ပဲ 9လပိုင်းကြီးကျောင်းပြောင်းလက်မှတ်အမြန်လုပ်ပီး မန်းလေးခေါ်ထားလိုက်တော့တယ် ဒီမိဘတွေခံစားချက်ကို ကောင်းကောင်းကြီးနားလည်တယ် ရင်ကွဲနေရှာမှာ ဒီအဖြစ်ဆိုးမျိုးဒီဘဝနောက်ဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် ဒီသားလေးလဲကောင်းမွန်တဲ့ဘဝကိုရောက်ပါစေ သံသရာဝဠ်ကြွေးတွေလဲကျေပါစေ
2026-06-13 02:58:25
322
mayminnge1430
Jasmine :
ဒီရေနစ်မှုက မရိုးရှင်းတာကြောင့် ကလေးနှစ်ယောက်ကို သေသေချာချာစစ်စေ့ချင်ပါတယ်။သုံးယောက်အတူတူကူးရင်းနစ်တယ်ဆို ပြာပြာတလဲ အကူအညီတောင်းရမှာပေါ့။
2026-06-13 10:57:21
61
jade81055
ကိုကိုထွန်းချစ်ဇနီးလေး :
ဒီခလေးတွေ။ လူတစ်ယောက်လုံးသေတာတောင်သွေးအေးစွာနေနေတာ။ တော်ယုံစကေးတော့မဟုတ်ဘူး။ ကြောက်ဖို့ကောင်းလိုက်တာ။ ရေကန်နားမှာပဲလူကြီးလာမေးတော့ပြန်သွားပြီလို့ ဖြေခဲ့သေးတာ စဉ်းစားပြီးလုပ်ကြပါ🙏
2026-06-13 02:39:57
264
chocho666c
Daw Cho Cho Oo :
ကလေးဆ်ုတာဖြူစင်ရတယ်..ရိုးသားရတယ်..အချို့ကလေးတွေက ကလိမ်ကကျစ်ဥာဏ်ရှိတယ်..ကိုယ့်အပြစ်ကိုဖုံးကွယ်ပြံး.သူတပါးကိုလွှဲချတယ်..အနိူင်ကျင့်တတ်တယ်.ဒါကိုမိဘတွေနဲ့ဆွေမျိူးအသိုင်းအဝန်းက အရမ်းလည်တာ.လူလည်လေး ဆ်ိုပြီးအချစ်ပိုကျေနပ်နေကြတယ်..ရိုးသားဖို့ မလိမ်ညာဖို့ ကိုယ်ချင်းစာတရားရှိဖို့ သူတပါးကိုညှာတာတတ်ဖို့ရိုင်းပင်းကူညီဖို့ .သင်ပေးကြရမှာ.....လည်တယ်ဆိုတာ ရိုးသားမူ့မပါရင်ငယ်တုန်းတော့ချစ်စရာကောင်းပေမဲ့......
2026-06-13 03:44:22
741
rose335543
rose3355 :
ရက်စက်လိုက်ကြတာ ခလေးတစ်ယောက်ရေနစ်နေတာကို သိရက်နဲ့ ရက်စက်စွာထားရက်နိုင်လိုက်တာ အရမ်းခံစားရပါတယ်အမရေ
2026-06-13 07:40:24
56
moe.moe.khaing9245
Moe Moe Khaing :
အေးဟယ် အတူတူရေကူးပီး နစ်နေတဲ့ အချိန်ကျမှ လက်လွတ်စပယ် ထားရစ်ခဲ့ကြတယ် အနားမှာ ရှိတဲ့သူတေကြားအောင် အော်ဟစ် အကူအညီ တောင်းကြပါလား မဖြစ်သင့်ဘူးကွယ် ကလေးရယ် ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး ကောင်းရာဘုံဘဝ တခုမှာ အေးချမ်းပါစေ နောက်ဘဝမှာ အပေါင်းအသင်းကောင်း မိတ်ဆွေကောင်းနဲ့တွေ့ပါစေ
2026-06-13 04:03:50
87
user8220819081761
Crystal :
မပြောပြတာ အမှုပတ်မှာ ကြောက်လို့တဲ့ ဒီလောက်အတွေးရှိနေတဲ့ခလေးတေက ကိုယ့်သူငယ်ချင်းရေနစ်တာ ဘယ်သူ့ကိုမှ အကူညီမတောင်းဘူး ဆိုတဲ့ကိစ္စက? ???
2026-06-13 05:52:04
82
hmps7
❤️ HMPS ❤️ :
အစ်မရေ စာဖတ်ရင်း ငိုရတယ် ညီမလဲ မိခင်နေရာရောက်ခဲ့ပီမို့ ကလေးတွေဆို ချစ်တက်လာပြီ စိတ်တစ်ခုရဲ့အပြောင်းလဲကြောင့် ငါ့သားလေးသာဆိုတဲ့ ကိုယ်ချင်းစာစိတ်တွေပိုများလာခဲ့တော့ သူနေရာမှာ ငါသာဆိုတဲ့ အရာကို ဝင်ခံစားလိုက်ပြီး ငိုခဲ့ရတယ် သားသားလေးကို တခါမှ မမြင်ဖူးပေမဲ့ ဒီသတင်းတွေတက်လာတိုင်း အမှုမှန်အမြန်ပေါ်ပေါက်ပါစေ ဆုတောင်းပေးဖြစ်ပါတယ်🙏🙏🙏
2026-06-13 04:49:40
39
user17758541
AAM Collection :
မျက်ရည်ကျမိပါတယ်အမရယ် ဘယ်လိုစကားမျိူးနဲ့ ဖြေသိမ့်ရမလဲ မိခင်တစ် ယောက်အ နေနဲ့🥲🥲🥲
2026-06-13 06:27:20
39
norahtuttin
Nora Htut Tin :
စာဖတ်ပြီးမျက်ရည်ကြမိတယ် ကိုယ်ချင်း စာလွန်းလို့ပါ.... ကိုယ်ချင်းစာတတ်ဖို့ဆိုတာ ငယ်ငယ်ထဲကမိဘတွေက သွန်သင်ခဲ့လို့ပါ စိတ်ထဲမိခင် တစ် ယောက်ရဲ့ခံစားချက်ကို ထပ်တူခံစားရပါတယ်....
2026-06-13 05:19:59
102
mo.mo.zarni
Mo Mo Zarni :
စာလေးဖတ်ပြီးကိုယ်တောင်မျက်ရည်ကျမိတယ် မိခင်နေရာမှာမနေဘူးပေမယ့် ကိုယ်ချင်စာမိပါတယ် တကယ်လည်းမိသားစုနဲ့ထပ်တူခံစားရပါတယ် 😢😢😢
2026-06-13 03:10:12
38
nh.su97
Nh Su :
တချို့ကလေးကဖြူစင်တယ် တချို့ကလေးကမိဘရဲ့စရိုက်တွေ တွယ်ကပ်ပီးအတတ်ဆန်းတွေတတ် ကြတယ်မလုပ်အပ်တာတွေကိုလုပ် ဖို့သင်စရာမလိုဘူး🥺🥺
2026-06-13 05:33:05
49
darkness001002
Darkness@001 :
တကယ်ကိုရိုးသားမှူမရှိတဲ့သေဆုံးမှူလို့ခံစားရတယ်သူငယ်ချင်းတယောက်ရေနစ်ရင်ကျန်သူငယ်ချင်းတေဝိုင်းဆယ်ကြလို့အသက်ရှင်ကြသူရှိသလိုအသက်မရှင်ဘဲတူတူ သေသွားကြသူတေလဲရှိတယ်သူတို့မကယ်နိုင်ရင်တောင်သားတို့သူငယ်ချင်းရေနစ်နေလို့လာကယ်ကြပါအုံးလို့အော်ခေါ်ခွင့်ရှိတယ်အော်ခေါ်လို့လာကယ်တဲ့သူနောက်ကြလို့မရတော့ဘူးဆိုရင်အော်ရေနစ်လို့သေသွားပီးဖြေလို့ရနိုင်အုံးမယ်ခုဟာကကျန်နှစ်ယောက်ပြန်တက်လာတော့မြင်လိုက်တဲ့သူကဟိုတယောက်ရောမေးတောဲပြန်သွားနှင့်ပီဆိုတော့အလိမ်အညာပါနေတာမရိုးသားလို့တကယ်ဆိုသားတို့ရေကူးရင်းသားသူငယ်ချင်းရေနစ်သွားတာသွားတို့ဆယ်လို့မရတော့ဘူးမြုပ်သွားပီလို့ပြောရင်လဲရိုးသားတယ်လို့ခံစားရသေးတယ်ခုဟာကရေကူးရင်ဒါမှမဟုတ်ရေငုပ်ပြိုင်ဆော့ရင်းနှစ်ယောက်ပေါင်းပီးအတည်မဟုတ်တောင်နောက်ပြောင်ပီးသွားဖိထားမိလို့လက်လွန်သွားတာလားသူတိုကအမှန်တရားကိုမပြောနိုင်ဘဲညာလိုက်တာရိုးသားမှူမရှိဘူး😭😭
2026-06-13 05:05:36
40
eiei.83.eiei
💕Ei🧸 :
အပေါင်းအသင်းမက်ပြီး မကောင်းတဲ့သူတွေကြောင့်အသက်ဆူံးရှုံးရတဲ့ ကလေးလေး နောက်ဘဝဒီလို အဖြစ်မျိုး ထပ်မကြုံပါစေနဲ့ 😓
2026-06-12 15:44:30
32
dawmaynyuntthoo
May Nyunt Htoo :
အေ့လေဟယ် ကိုယ့်မျက်စိရှေ့မှာလေ ရေနစ်နေလို့ခလေးအချင်းချင်းမကယ်တတ်တာနားလည်ပေးလို့ရတယ် ဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းရမှာ ကယ်လို့မမှီလိုက်ရင်တောင်ဖြေသာသေးတယ် ခုတော့မျက်စိရှေ့ဖြစ်နေတာတောင်ကျောခိုင်းထားခဲ့ရက်တာတော့မခံစားနိုင်ဘူး
2026-06-13 04:44:15
12
phyu1084
Phyu :
စာလေးဖတ်ရတာအရမ်းအရမ်းကိုစိတ်မကောင်းဖြစ်ရတယ်ကွယ်
2026-06-13 05:07:52
8
khintvongvm
မျိုး :
အပေါင်းအသင်းမှားသွားတဲ့သားလေးကိုကြည့်ပြီကလေးအားလုံးသင်ခန်းစာရပါစေအပေါင်းအသင်းမကောင်းလို့အသက်ဆုံးရှုးသွားရတဲ့သားလေး
2026-06-13 03:38:02
5
win.ko.lwin88
W⚡ :
ညီမရဲ့စာကိုဖက်ရတော့အလွန်ပဲစိတ်မကောင်းဖြစ်ရပါတယ်အစ်ကိုငယ်ငယ်ကကြုံခဲ့ဖူးတယ်သူငယ်ချင်းတွေအုပ်စုလိုက်ရေကူးကြတာအစ်ကိုကရေမကူးတတ်သေးဘူးသင်ကူးကူးနေတာတဖက်ကမ်းဘက်မှာကတစုကူးနေရင်းကအစ်ကိုလိုမကူးတတ်သေးတဲ့သူငယ်ချင်းကရေဗူးပေါင်းလုပ်ပြီကမ်းဘေးငုတ်တုတ်ထိုင်နေတာတယောက်တွန်းချလိုက်လာရေနစ်ပါလေရောတွန်းချတဲ့ကောင်ကပြန်မဆယ်ဘူးအခ းြတယောက်ကဆယ်ပေးတယ်ဒါပေမယ်ပြန်မရဘူးပိုနစ်သွားတယ်နှစ်ခါမြုတ်လိုကပေါ်လိုက်နဲ့ဖြစ်နေတာသုံးခါဆိုမပေါ်တော့ဘူးလို့ကြားဖူးထားတော့သူ့ကိုတအားကယ်ချင်နေတာကိုယ်ကိုတိုင်ရေမကူးတတ်တာကိုမေ့ပြီးကမ်းဖြတ်ကူးသွားတာရောက်သွားရောသူဆီရောက်တော့မဆယ်တတ်ပဲလက်သွားပေးမိတာအတင်းဖက် ေတာ့နှစ်ယောက်လုံးနစ်ပါလေရောရေသေဆိုတော့လက်တဖောင်လောက်မှာနစ်နေတာကိုယ်သတိရှိတောအပေါ်ကိုအကူညီလှမ်းတောင်းတော့ဦးဇင်းကြီးကဝါးလုံးထိုးပေးတာကံကောင်းတော့ကိုယ်ဝါးလုံးကိုဆွဲသူကကိုယ်ခါးကိုဖက်လျက်ပါလာတာအသက်ဘေးကနှစ်ယောက်လုံးလွတ်မြောက်ခဲရတယ်ကိုယ်တွေပါ
2026-06-13 02:10:26
40
koko75617923274732
@Chit Lay :
စားလေး ဖတ်ပီးငိုလိုက်ရတာကလေးရေ😭
2026-06-13 04:38:25
25
da92053
A.S🌹 :
အမရယ် ထပ်တူခံစားမိတာ😌
2026-06-12 15:38:42
76
phyu81372
phyohtet :
တစ်နယ်မှာရောက်နေတဲ့မိခင်တစ်ယောက်အနေနဲ့ထပ်တူဝမ်းနည်းခံစားရပါတယ်
2026-06-13 02:59:02
15
ma.than.htay412
Ma Than Htay :
မှန်ပာတယ်ခလေးတွေကလိမ်စရှိရင်နောက်လဲလိမ်တတ်သွားမှခလေးတွေကိုသေချာမေးသင့်တယ်သူ့ဟာသူတော့ရေနူစ်အသေခံမှာမဟုတ်ဘူး
2026-06-13 05:56:05
6
may762122
May :
စာလေးဖတ်ပြီးမျက်ရည်တောင်ကြပါတယ် သနားလိုက်တာကလေးလေးရယ် ဒီအဖြစ်ဆိုး မျိုး နောက်ဆုံးဖြစ်ပါစေ ကလေးလေးအမေကိုလဲ ကိုယ်ချင်းစာပါတယ် အသဲနှလုံးတွေပြုတ်ပျက်ကြကုန်ပါပြီ ငိုပါတော့ပေါ့ ညီမလေးရယ် ဒါပေမဲ့ အတိတ်ကကံပါလာရင် အကြောင်းနဲ့ အကျိုးဆိုတာ ရှိလာပါတယ် အချိန်တခုယူပြီး တရားနဲ့စိတ်ကို ဖြေပါ ထပ်တယ်ဝမ်းနည်းရပါတယ် 😭😭😭
2026-06-13 05:01:45
7
nu.nu.winbat
Nu Nu Winbat :
ထပ်တူစီတ်မကောင်းဖြစ်ရပါတယ်
2026-06-13 08:54:08
6
To see more videos from user @monlay5880, please go to the Tikwm homepage.

Other Videos


About