@alec_koff_music: Happy cooking background music sound. Cheerful cooking backsound for video, recipe content, kitchen vlog, food preparation, and bright lifestyle visual. Upbeat cooking background music for videos, baking scene, restaurant promo, family kitchen moment, healthy meal prep, and fun food storytelling. Acoustic guitars, ukulele, playful bells, and lively rhythm create a joyful, warm, playful, cheerful, and delicious happy cooking sound. #backgroundmusic #cookingmusic #foodmusic #ukulelemusic #acousticmusic #kitchenmusic

Alec Koff Label MUSIC
Alec Koff Label MUSIC
Open In TikTok:
Region: AE
Thursday 18 June 2026 00:45:00 GMT
4562
25
0
8

Music

Download

Comments

There are no more comments for this video.
To see more videos from user @alec_koff_music, please go to the Tikwm homepage.

Other Videos

လူ ၃ သိန်းကျော်လိုက်ပို့သော နိုင်ငံတော် စျာပန ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းနေကြသော ဗိုလ်ချုပ် အောင်ဆန်း နှင့်ဝန်ကြီးများကို နယ်ချဲ့လက်ပါးစေတို့က လုပ်ကြံခဲ့ပြီးနောက် ရုပ်ကလာပ်များကို ဂျူဗလီဟောတွင် ၈လကြာထားရှိခဲ့ ခြင်းဖြစ်သည်။  ထိုသို့ ထားရှိစဉ် အတွင်း ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို အမြို့မြို့အနယ်နယ်မှ ရပ်ကွက် အလိုက်၊ အသင်းအဖွဲ့အလိုက်လူအုပ်ကြီးများက ချီတက်အလေးပြုကြသည်။ မော်တော်ကား၊ ဘက်စ်ကား၊ လန်ခြား၊ စက်ဘီးစသည့် ယဉ်ပေါင်းစုံစုဝေးကာ ချီတက်အလေးပြုကြ သည် လည်းရှိသည်။ ထို့ပြင် သံတမန်များ၊ အတွင်းဝန်များ၊ လေတပ်ရေတပ်အကြီးအကဲများ၊ ပုလိပ် အဖွဲ့များကလည်း တသုတ်ပြီး တသုတ် သွားရောက်အလေးပြုခဲ့ကြသည်။ ရုပ်ကလာပ်များကို လုယူမည်စိုးသောကြောင့် လုံခြုံရေးအရ ည ၇နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်း သွားလာ ခွင့်မပြုဟူသောအမိန့်တရပ်ကို ထုတ်ပြန်ခဲ့ရသည်။ ဈာပနပို့ဆောင်မည့် ၁၉၄၈ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်နှင့် အာဇာနည် ခေါင်းဆောင်များ၏ ဇနီး၊ မိသားစုဝင်၊ ဆွေမျိုးများက ကျဆုံးသူများကို ရည်စူးကာ သံဃာတော်များကို အလှူ ဒါန ပြုလုပ်ခဲ့ကြသည်။ နေ့လည်ပိုင်းတွင် ရုပ်ကလာပ်များကို အာဇာနည်ကုန်းသို့ပို့ဆောင်မည်ဖြစ်ရာ လက်မောင်းပတ် အနက်များဖြင့် လူထု လူတန်းစား အသီးသီးသည် ဂျူဗလီဟောသို့ စုရုံးလာကြသည်။ ထို့နောက် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို သယ်ဆောင်ရာ ရွှေတိဂုံဘုရားလမ်း တလျှောက်တွင် လူထုပရိသတ်ကြီးက စောင့်ဆိုင်းအလေးပြုခဲ့ကြသည်။ အာဇာနည်ကုန်းသို့ အရောက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုက အာဇာနည်ခေါင်းဆောင်များအတွက် ဂုဏ်ပြု မိန့်ခွန်း ပြောခဲ့ပြီး ဗမာ့တပ်မတော်က လေယာဉ် ၄ စီးက အာဇာနည်ကုန်းပေါ်သို့ ပန်းများကြဲချခဲ့သည်။ နိုင်ငံခြား သံတမန်များ၊ စစ်ဘက်အရာရှိကြီးများ၊ အသင်းအဖွဲ့ အသီးသီးက လွမ်းသူ့ပန်းခွေချကြပြီး နိုင်ငံတော်သီချင်းဖြင့် ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဓာတ်ပုံမှတ်တမ်း - မြို့မရန်ကုန် စာ - ဧရာဝတီသတင်းဆောင်းပါး

About