@khin.maung320: ရပ်ကွက်အတွင်းမှာ အတွဲလိုက် ဆောင်းဘောက်ကြီးတွေနဲ့ ဆူညံအောင်လုပ်သူတွေ ရှိနေပါသလား? အသံတွေက နားမခံနိုင်လောက်အောင် ဖြစ်နေလို့ တိုင်ကြားလိုက်ရင် ထောင်ချမယ့် ဥပဒေ ထွက်လာပါတော့မယ်။ မွန်ပြည်နယ်မှာ အတွဲလိုက် ဆောင်းဘောက်တွေ အဆမတန် ဖွင့်လှစ်ပြီး ဆူညံသံတွေ ပေးနေတာကို ထိရောက်စွာ တားဆီးပိတ်ပင်ဖို့ အဆိုတင်သွင်းမှုကို လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီအဆိုကို ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ စတင်တင်သွင်းခဲ့တာပါ။ ဇွန် ၁၂ ရက်နေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် လေးဦးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးတို့ကပါ ဝိုင်းဝန်းထောက်ခံ ဆွေးနွေးခဲ့ကြပြီးနောက်မှာတော့ လွှတ်တော်အမတ်အားလုံးက ကန့်ကွက်သူ တစ်ဦးမှမရှိဘဲ တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။ ဥပဒေအရ အသံချဲ့စက်ဖွင့်ချင်ရင် သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ခွင့်ပြုချက် အရင်တောင်းရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဇွတ်ဖွင့်လို့ ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေရင်၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာစေရင်တော့ ရပ်ကွက်ကျေးရွာ ဥပဒေအရ ထောင်ဒဏ် ခြောက်လ အပြင် ငွေဒဏ်ပါ ပူးတွဲပြီး အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်းဘောက်သံတွေကြောင့် လူတွေမှာ နားရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါအပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ဖြစ်ပွားမှု များလာနေတာမို့ အခုလို ထောင်ဒဏ်အထိ ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အများသူငှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် မွန်ပြည်နယ်မှာ စတင်လိုက်တဲ့ ဆောင်းဘောက်ဥပဒေဟာ တစ်နိုင်ငံလုံးအနှံ့အပြားအထိ ပျံ့နှံ့ရောက်ရှိလာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။ အသံချဲ့စက်၊ဆောင်းဘောက် အသံတွေ ပတ်သက်ပြီ ထောင်ခြောက်လနှင့်ငွေဒဏ် ကျခံမူအပေါ် မိတ်ဆွေများရဲ့ ထင်မြင်ယူဆချက်များကို မန့်မှာ ရေးပေးခဲ့ပါဦး🙏🏻🙏🏻🙏🏻

Khin Maung
Khin Maung
Open In TikTok:
Region: DE
Saturday 13 June 2026 04:10:55 GMT
704113
35981
958
7687

Music

Download

Comments

kaung.khant1978
Kaung Khant :
ဘုန်းကြီးကျောင်းမှာ အသံအကျယ်ကြီးနဲ့ဘဖွင့်နေတာတွေကျန်သေးတယ်
2026-06-13 05:39:03
704
11k4487
Virgo ကျော်ကြီး♍️🌻🇲🇲 :
ဝမ်းသာပါတယ် တောသားတွေ အတွက်မျက်ရည်၂စက်👍👍👍
2026-06-13 05:10:19
306
msl_kyallay138
Dollar..🚴...(💔ရေသည်ယောက်ျား) :
မွန်ပြည်နယ် ဘီးလင်းမှာနေတာပါ ဒီအဆိုကိုတွေ့ရလို့ ဝမ်းသာပါတယ် (ပုံမှန်ဖွင့်တာကိုလက်ခံလို့ရတယ် အိမ်တွေဆိုင်ခန်းတွေပါတုန်တဲ့အထိဖွင့်ပီးရွာထဲဝင်ဝင်လာတဲ့ဘောက်ကားတွေကြောင့် တော်တော်လေးအဆင်မပြေဖြစ်နေတာ/ကျန်းမာရေးမကောင်းတဲ့သူလဲရှိတော့ ခုမှအဆင်ပြေပီလို့တွေးရတော့မယ်)
2026-06-13 06:28:59
369
skyblvwsrxf
O Kay :
ကြိုက်တယ် ဒါမျိုးအဆိုကို ဘာသာရေး ပွဲတွေမှာ တချို့ တအားလွန်လွန်းတယ်
2026-06-13 06:52:59
311
sainaylinnaung7
Ŝãî Đ Ț£ Ãūńĝ ( Shan ) :
ဒီအဆိုတင်တဲ့သူကို ကျေးဇူးပါ
2026-06-13 05:36:33
182
htethtet2010297
@htethtet20102 :
ဝမ်းသာတာ အရမ်း1000%
2026-06-13 05:28:54
73
u.zaw5148
U Zaw :
ကောင်းသောအဆိုတင်သွင်းမှု့ပါ
2026-06-13 05:27:52
64
nan.khann8
Helena :
အဆိုတင်သွင်းသူကျေးဇူးတင်ပါတယ်
2026-06-13 11:42:04
28
__pwint
__pwint :
တစ်ခါတစ်လေ ည၉နာရီလောက်ဖွင့်ပြန်သွားတာ ရွာမှာကရာဘာခြစ်သမားကြီးပဲ အရမ်းအနှောင်အယှက်ဖြစ်တာ နေ့ဘက်ဆိုလည်းကောင်းကောင်းမအိပ်ရ
2026-06-13 10:47:44
7
shwesin0382
TBT's Mommy🤱 :
ဝမ်းသာလိုက်တာ🥰 ကိုယ်တေမီးဖွားတာ ၁၀ရက်ပဲရှိသေး ဘေးအိမ်၂အိမ်က ဘောက်တေဖွင့်လိုက်ကြတာ လူအသိမရှိကြဘူး ဒီ အဆိုအတည်ဖြစ်ပါစေ🙏🙏🙏
2026-06-13 13:20:30
15
lai.lai0568
Lai Lai :
ဝမ်းသာပါတယ် ကိုယ်တိုင်ခံစားနေရလို့ပါ
2026-06-13 05:22:13
17
user4056610856358
Aye Moe :
ဝမ်းသာပါတယ်အသက်ကြီးသူတွေစိတ်ချမ်းသာတာပေါ့
2026-06-13 09:06:10
12
lamin.thar0
Lamin Thar :
ကောင်း သောသတင်း လေးပါ
2026-06-13 12:30:35
6
honey57778
honey57778 :
ကြိုဆိုပါတယ်
2026-06-13 05:44:57
5
mgmyatmin28
mgmyatmin28 :
ဘယ်ကတည်းကအမြင်ကပ်နေမှန်းမှမသိတာ တခြားနေရာတော့မသိဘူး မွန်ပြည်နယ်မှာတော့ ကားပေါ်ဘောက်တင်ပြီးတနေကုန်မြို့ပတ်မောင်းနေတာ
2026-06-13 11:32:41
7
karengnaw22
Kareng Naw Ring🍀 :
ကြိုက်တယ်
2026-06-13 08:14:02
7
unge125
U Nge :
နားအေးတာပေါ့
2026-06-13 08:39:28
6
kips841
U ZAW HEIN :
ဧရာဝတီတိုင်းတောနယ်တွေကပိုပြီးဖွင်ပါတယ်
2026-06-13 05:15:12
101
yu.ya.khin85
yu ya khin :
ည ၁၀နာရီကျော်ဂီတာတီးပြီးသီချင်းအော်ဆိုတာရော ဘယ်လိုပုဒ်မရှိလဲ သိချင်လို့ပါ ခင်ဗျ
2026-06-13 09:30:12
13
maungkaungsataung
LingLing :
ပျော်လိုတာကွာ😂
2026-06-13 09:36:35
5
oung0179
Oung :
ကောင်းတယ် နားကို ညည်းလို့
2026-06-13 08:36:14
18
khinmaunghtwe451
khinmaunghtwe451 :
နဲတောင်နည်းသေးတယ် နှစ်၆၀လောက်ဆိုနည်းအုံးမလား
2026-06-13 06:17:54
15
lin.kha374
သုည :
ဆိုင်ကယ်အသံတွေလဲ ကျန်သေးတယ်
2026-06-13 06:34:55
6
ray.akira28gmail
🌸⚘️Ray [email protected] :
ဓမ္မာရုံကဖွင့်တာရောပါလား မိုးလင်းမိုးချုပ်မနားကြလို့ပါ🥺😳
2026-06-13 11:49:49
16
To see more videos from user @khin.maung320, please go to the Tikwm homepage.

Other Videos


About