@www.momlove: #ဘုရားရှင်_တခြားဂြိုဟ်ကို_ကြွဘူးတယ် ************************************** " ဘုရားရှင် တခြားဂြိုဟ်ကို ကြွသွားပြီး တရားဟောခဲ့တယ် " ဆိုတာ ဒီဇာတ်တော်ကိုကြည့်ရင် သိနိုင်ပါတယ်။ ဘုရားရှင်က မိန့််ပါတယ်။ " အာနန္ဒာ၊ ငါဘုရားရှင်ဟာ တစ်ခါတစ်ခါမှာ တစ်ပါးသော စကြဝဠာကို ကြွပြီး အဲဒီ စကြဝဠာက ပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဍာန်ပြုကာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ စပ်တဲ့ တရားစကားတွေ ပြောကြားလေ့ ရှိတယ်။ ငါဘုရားရှင်ကို သူတို့က လူလော, နတ်လော, ဘုရားရှင်လော ကွဲကွဲပြားပြား မသိဘူး အာနန္ဒာ " တဲ့။ ဒီတရားတော်ကို ထောက်ဆခြင်းအားဖြင့် တခြားဂြိုဟ် စကြဝဠာကို ဘုရားရှင် ကြွဘူးတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီနေရာမှာ ထူးခြားချက်က တခြားဂြိုဟ်မှာ တရားဟောတဲ့အခါ " မဂ်ဖိုလ်နိဗ္ဗာန်အတွက် ဆိုတာ မပါပဲ အကျိုးစီးပွားနဲ့ စပ်တဲ့ စကား လို့ ဆိုတဲ့အတွက် တရားထူးတရားမြတ် ရနိုင်တဲ့ အခြေအနေမရှိဘူး " လို့ သုံးသပ်နိုင်ပါတယ်။ ဘုရားရှင်ရဲ့ အာဏာစက်ဟာ " စကြဝဠာ တိုက်တစ်သောင်းထိ သက်ရောက်တယ် " လို့ ဆိုထားတဲ့အတွက် တခြားဂြိုဟ်တွေကို ကြွရောက်တယ် ဆိုတာလည်း တရားတော်အရ ထင်ရှားစွာ သိနိုင်တယ်။ ပြန်ကြွလာတဲ့အခါ " လူ, နတ်, ဘုရား ဘယ်အရာရယ်လို့ ကွဲကွဲပြားပြား မသိဘူး " လို့ ဆိုတဲ့အတွက် " သူတို့ဟာ လူသားတွေရဲ့ ပုံသဏ္ဍာန်နဲ့ ဘာသာစကားတွေဟာ မတူဘူး " လို့ သုံးသပ်နိုင်တယ်။ ဒီလို အခြေအနေမျိုးကို ဘုရားရှင်မို့သာ ဖန်ဆင်း ဟောကြားနိုင်တာ ဖြစ်တယ်။ နောက်တစ်ခုက " ကမ္ဘာပျက်တဲ့အခါ နိယတမိစ္ဆာဒိဋ္ဌိ တွေဟာ တခြားသော စကြဝဠာက ဂြိုဟ်ကို ငရဲသားအဖြစ် ပြောင်းပြီး ခံရတယ် " လို့ ဟောထားတဲ့အတွက် " တခြား စကြဝဠာ တစ်ခုချင်းစီမှာလည်း ဘုံသားတွေ အများအပြား ရှိတယ် လို့ အခိုင်အမာ သုံးသပ်လို့ ရပါတယ်။ " ဘာပဲပြောပြော " ဒီတရားတော်က စကြဝဠာ အနန္တ ဆိုတာရယ်, တခြားသော ဂြိုဟ်တွေမှာလည်း သက်ရှိတွေ ရှိတယ် " ဆိုတာ သုံးသပ်နိုင်တယ်။ ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်း ပြောခဲ့သလိုပါပဲ။ " သိပ္ပံနဲ့ မဖြေရှင်းနိုင်တာတွေကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် " တဲ့။ ဒီကနေ့ သိပ္ပံပညာရှင်တွေက မိမိတို့ နေထိုင်တဲ့ ကမ္ဘာပြင်ပဖြစ်တဲ့ စကြဝဠာမှာ တခြားသော သက်ရှိတွေ ရှိနေနိုင်တယ် လို့ အခိုင်အမာ ယုံကြည်ပေမဲ့ သက်သေနဲ့ ပြနိုင်ဖို့ ရှာဖွေ လေ့လာနေဆဲ ဖြစ်သော်လည်း ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတော်တွေက သက်သေအဖြစ် ကြိုတင်ပြီး ပြလို့ ရနေပါတယ်။ မေတ္တာဖြင့် - #ဦးမြင့်ခိုင်, #ဗဟုသုတရကြပါစေ🙏🙏🙏
Mom love
Region: MM
Saturday 13 June 2026 09:49:04 GMT
Music
Download
Comments
R U READY :
တစ်ကယ်က သေချာတွေးကြည့်ရင် အချိန် စီးကြောင်း time line တွေရှိနေတယ်ဆိုတာ ပါပဲ ဘာလို့လည်း ဆိုတော့ အခုထိ အလင်းထက်မြန်တဲ့ အလျှင်နဲ့ တစ်ခြားကို ကြွဖို့ဆိုတာမဖြစ်နိုင်ဘူး စိတ်နဲ့ တစ်ခြား ဒိုင်မေးရှင်း ( time line ) တစ်ခု ကို ကြွသွားတာဖြစ်နိုင်တယ် ။ ပစ္စည်း တစ်ခုပျောက်လို့ တစ်ကယ် တတ်တဲ့ အကြားအမြင် ပညာရှင်ဆီသွားမေးရှင် သူက အတိတ်က time line ကိုသွားကြည့်ပြီး ဘယ်သူယူသွားတယ် ဘယ်မှာထားတယ်ဆိုတာကို ပြောနိုင် တယ် ။ ဘုရားလောက် ကျင့်ကြံအားမရှိတဲ့ သူတွေ တောင် အတိတ်နဲ့ အနာဂါတ်ဆိုတဲ့ time line နှစ်ခုကို သွားနိုင်ရင်။ ဘုရားရှင်က ကျွန်တော်တို့သိအောင် အတိတ်ဘဝ ကိုပြန်သွားကြည့်နိုင်ပြီး အဲအထဲက ၅၅၀ ကို ကျွန်တော်တို့ကို ပြန်သင်ပေးခဲ့တာမဟုတ်လား ။ ဒါကြောင့် ဘုရားရှင်ဟာ တစ်ခြား ဒိုင်မေးရှင်း တွေကို ကမ္ဘာပေါ်ကနေပြီး စိတ်နဲ့ သွားတယ်လို့ ထင်ပါတယ်
2026-06-14 16:41:46
55
Ꭰąվ Ƒɾì :
သဗ္ဗေညုတဉာဏ်တော်ရှင် လေးပါးသစ္စာတရားပိုင်ရှင် မြတ်ဘုရားရှင်သည် သတ္တဝါတိုင်းရဲ့ ဝါသနာ အကျင့် ဉာဏ်ပါရမီ အနုအရင့် အလုံးစုံကို သိတော်မူပါပေသည်။ သတ္တဝါတိုင်းရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတော်မူပါသည်။ ကောင်းကျိုးချမ်းသာ ဖြစ်စေရန်လည်း ညွှန်ပြနိုင်ပါသည်။ ညွှန်ပြပါသည်။ သို့သော် အလုံးစုံသော ကောင်းကျိုးချမ်းသာဖြစ်စေဖို့က သူတို့ရောက်ရှိနေသော ဘုံဌာန နှင့် သူတို့၏ အလုပ်တာဝန်သာဖြစ်ပါသည်။ သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻
2026-06-13 17:46:42
49
Khun win :
ကျတော်တို့လည်း ဘုရားပွင့်မဲ့ကမ္ဘာမှာလူဖြစ်ရဖို့နဲ့ ဘုရား တရား သံဃာ ကိုမြင်ရဖို့ အဲ့လို ကမ္ဘာထဲကဆုတောင်းခဲ့ကြတာ ဘုရားက အကြောင်းရှိလို့ကြွခဲ့တာပါ ဘုရားတိုင်းကြွပါတယ်
2026-06-16 02:16:24
4
❇✴Kenneth♻Ⓜ☪ :
ဘယ်ဇာတ်တော်မာလဲဖတ်ကြည့်ချင်လို့
2026-06-13 12:43:30
10
Zaw Myo Lwin :
အခြားဂြိုလ်ဆိုတာ ဘယ်ဂြိုလ်ကို သွားတာလဲဗျ
2026-06-14 19:06:45
1
user1474037296181 :
ok
2026-06-14 13:41:18
0
ကိုခင်မောင်ဇော် :
တင့်ပါ့ဘုရား
2026-06-18 08:55:01
1
ZWE💤 :
ငါတော့မသိသေးဘူး ။ ဟုတ်ရင်ဟုတ်မှာ ဆရာတော်ကြီးရဲ့ တရားတော်တွေက အများကြီး။
2026-06-18 06:38:05
0
Ba🥊 ki🥊 :
2026-06-14 15:56:27
1
Saw Phone Naing :
ဘုရားရှင်အာဏာစက်က စကြာဝဠာ ကုဋေတစ်သိန်းပါဗျ
2026-06-16 11:52:06
0
Saw Phyu :
သာဓု သာဓု သာဓု
2026-06-14 03:03:01
1
@Kyaw Myo Aung :
သာဓုသာဓုသာဓုပါဘုရား 🙏🙏🙏
2026-06-14 14:23:41
1
Myint Myat thu :
ဘုရားရှင် အာဏာဇာတ်က ကုဋေတစ်သိန်းထိပြန့်တာပါနော် .......အသံတော်ဉာဏ်တော်နှင့်တန်ခိုးတော်ကတော့အနန္တစကြ်ာ ထိဖြန့်ကျက်လို့ရပါတယ် ....ကျမ်းအခိုင်အမာ ပါ🙂🙂🙂🙂
2026-06-14 00:04:29
20
JUNE :
ဘုရားရှင် ပွင့်ထွန်းတော်မူတဲ့ အချိန်မှာ စကြာဝဠာပေါင်း သိုက်တစ်သောင်းမှ နတ်ဗြဟ္မာ တွေလာရောက် ဖူးမျှော်ကြတယ်။ဘုရားရှင်ရဲ့ အာဏာစက်ကတော့ စကြဝဠာ ပေါင်း အနန္တ လို့ မှတ်သားဖူးပါတယ်။ 🙏
2026-06-14 02:08:16
10
myintko420 :
တီးလုံးနဲ့ (ဗုဒ္ဓပုံတော်)
ရင်ထဲမှာပီတိတွေ တစ်ဖွားဖွား
ဖြစ်ပါ၏ (ဗုဒ္ဓရဲ့သာသနာပြုခရီးများကိုမှန်းဆကြည်ညိုမိပါ၏🙏)
2026-06-14 03:56:25
8
Kaung Myat :
စိတ်ရဲ့အလျင်တိုင်း ြမတ်စွာဘုရားဟာဘယ်စ ြကဝဠာကိုမဆိုခဏချင်းအကြောင်းကိစ္စရှိမယ်ဆိုလျင်ချက်ချင်းြကွရောက်တရားဟောပြောလေ့ရှိပါတယ်
2026-06-15 05:37:06
4
too :
Nasa က ပို့ပေးလိုက်လို့
2026-06-13 16:51:21
0
EngrZawMinTun☯ :
ဘယ်အထဲမှာ ပါတာလဲ ခင်ဗျ ဘာလို့ဆို ကျမ်းချက်တွေနဲ့မှ အမှန်ယူချင်လို့ပါ။ ကျနော်လည်း ပါမောက္ခချုပ် ဆရာတော်ကြီး တရားတွေနာယူမှတ်သားပါတယ် မြင့်ခိုင် စိတ်ပညာပြောတာတွေတော့ သိပ်မကြိုက်ပါ။ အကြောက်တရားနဲ့ ခြောက်တတ်လို့ သူက ဆရာတော်ကြီးက ဟောရင် ဘယ်ကျမ်းထဲပါတယ်ဆိုတာ တိတိကျကျပြောပါတယ်။
2026-06-15 03:04:53
1
SMH :
မြောက်ကျွန်း
2026-06-15 03:50:59
0
Kai :
သဗ္ဗေညုတ ဉာဏ်တော်ရှင်ဆိုတော့ စိတ်နဲ့ သွားတာဖြစ်နိုက်တယ် စကြာ၀လ တိုက်တစ်သောင်းဆိုတော့ အလင်းအလျှင်နဲ့တောင်မဖြစ်နိုင်ဘူး ဒါမဲ့ စိတ်နဲ့ သွားမဲ့နေရာကို ညွှန့်လိုက်ရင် ရောက်နိုင်တယ် အက်တော့အက်လိုမျိုးကြွတာလားမသိဘူး Dime တခုကနေ တခုကို အက်လိုကူးပြောင်းသွားတာဖြစ်နိုင်တယ် အက်ကြောင့်မို့ လူသက်တမ်းနဲ့ မစူးစမ်းနိုင်တွေကို ရအောင်လုပ်သွားတာဖြစ်နိုင်တယ်
ခန္ဓာကိုယ်မရွေ့ဘဲ စိတ်နဲ့ဘဲ ကြွသွားတာ အက်လိုမျိုးပေါ့
2026-06-18 18:48:28
1
Aphyu Young Lay :
အေးလေသူတိုသိပံပညာသိချင်ရင်တရားစာအုပ်မှာလေလာ
2026-06-14 18:35:37
0
Kyaw Htet515 :
အေးပါကွာ မင်းတို့ပဲပြောတော့
2026-06-16 19:16:01
0
Thet Aung :
ဘုရားရှင်က တန်ခိုးတော် အနန္တ ပါ
လိုရာကို ရုပ်ရော နာမ်ရော ေရာက်တာပါ
2026-06-18 15:52:58
1
2026年发大财 :
လက်ရှိလူကမ္ဘာနဲ့အချိန်ကတစ်ခြားကမ္ဘာသက်ရှိတွေရဲ့အချိန်နဲ့မတူညီလို့မတွေနိုင်သေးတာဖြစ်နေမလား😁
2026-06-17 00:00:10
0
To see more videos from user @www.momlove, please go to the Tikwm
homepage.