@2710_norr1n: Juice WRLD (Jarad Anthony Higgins) ဟာ သူ့ရဲ့သီချင်းတွေနဲ့ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော လူငယ်တွေရဲ့ စိတ်ဒဏ်ရာ၊ သောကနဲ့ စိတ်ဓာတ်ကျမှုတွေကနေ ''ငါတစ်ယောက်တည်း ဒါမျိုးခံစားနေရတာမဟုတ်ပါလား" ဆိုပြီးစိတ်သက်သာရာရအောင် ကုစားပေးနိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်ခံစား​ရေတဲ့ စိတ်​ဝေဒနာ ၊ သောကနဲ့ စိုးရိမ်မှုတွေကနေ လူသန်းပေါင်းများစွာက မကယ်တင်ပေးနိုင်ခဲ့ပါဘူး။ Juice WRLD (Jarad Anthony Higgins) ကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ ပတ်သက်ရင် ပါရမီပါခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ​သူ့ကို ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ မိခင်ဖြစ်သူက တစ်ဦးတည်းသောသားအဖြစ် တင်းကြပ်စွာ ပြုစုပျိုးထောင်ခဲ့ပါတယ်။ ဒါကဘဲသူ့ကို ပိုပြီး ဂီတနဲ့ထိတွေ့ချင်စိတ်ဖြစ်လာအောင်လုပ်ခဲ့တဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။​သူဟာ ငယ်ငယ်ကတည်းက ပီယာနို၊ ဂစ်တာနဲ့ ဒရမ်တွေကို တီးခတ်တတ်ခဲ့ပါတယ်။အထက်တန်းကျောင်းတက်နေတဲ့ အချိန် (၂၀၁၅ ခုနှစ်) မှာတော့ SoundCloud ကနေတစ်ဆင့် "JuiceTheKidd" ဆိုတဲ့ နာမည်နဲ့ သီချင်းတွေကို စတင်လွှင့်တင်ခဲ့ပါတယ်။ ​၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ နာမည်ကျော် "Lucid Dreams" နဲ့ "All Girls Are the Same" သီချင်းတွေကို ထုတ်လုပ်ခဲ့ပြီးနောက် အင်တာနက်ပေါ်မှာ လျှပ်စီးလိုလျှင်မြန်တဲ့အောင်မြင်မှုရရှိခဲ့ ဟုန်းဟုန်းတောက်အောင်မြင်ကာ လူကြိုက်များသွား​စေခဲ့ပါတယ်။ ​အောင်မြင်မှုတွေ အရှိန်အဟုန်နဲ့ ရရှိနေပေမဲ့ သူဟာ ငယ်စဉ်ကတည်းက ခံစားခဲ့ရတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်သောက တွေနဲ့အတူ စိတ်ဒဏ်ရာတွေကို ကုစားဖို့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အကျင့်ဆိုးရဲ့ ဝါးမြိုခြင်းကို ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ​သူ့ရဲ့ သီချင်းစာသားအများစုမှာလည်း ဒီလိုစိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေရမှုတွေနဲ့ မူးယစ်ဆေးရဲ့ အန္တရာယ်တွေကို ပွင့်ပွင့်လင်းလင်း ရေးစပ် သီဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အသက် ၂၁ နှစ်အရွယ် Juice Wrldဟာ ချီကာဂို Midway အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဆေးလွန်တဲ့ဒဏ်ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရပါတယ်။ #fyp #music #juicewrld #viral #foryoupage

n0rr1n
n0rr1n
Open In TikTok:
Region: MM
Saturday 13 June 2026 10:43:21 GMT
60360
5890
78
158

Music

Download

Comments

ainyat999
Lił ñørTiß :
ဒီလူအပါဝင်ပေါ့
2026-06-15 05:39:19
125
chanmyaekyaw17
Lil'x :
X ကရော bro😐
2026-06-14 13:05:36
18
kai.zar77
Kai Zar :
ပေါ်ပင်
2026-06-15 16:06:50
0
kyinpaung99
A :
ဘာတေကယ်တာလဲဟ😂
2026-06-17 03:09:35
0
kolayarfy
🦈 :
2026-06-15 03:41:06
8
kkllg25
Kazu :
လောကကြီးက ဒီလိုပါဘဲ ကောင်းတဲ့သူတွေကို ဒီလောကမှာကြာကြာမထားဘူး
2026-06-18 14:31:41
3
loyal_thw1n1
Date boyy lyy thw1n :
2026-06-14 07:09:21
1
wai.yan27993
မောင်ကျော်ထူး :
2026-06-13 12:32:13
2
hein.htet.zaw9098
Hein Htet Zaw :
my fav artis of all time
2026-06-24 16:52:06
1
hamakaki.yuzumi
@Hamakaki Yuzumi :
2026-06-13 11:33:47
1
To see more videos from user @2710_norr1n, please go to the Tikwm homepage.

Other Videos


About