@saw.arkar.min79: ​လောကမှာ သူတစ်ပါးအပေါ် စေတနာထားရတာ၊ ညှာတာပေးရတာကို သဘောကျလို့ "လူကောင်း" အဖြစ် နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝက ပေးတဲ့ သင်ခန်းစာတွေကတော့ အရမ်းကို ရင်နာဖို့ကောင်းပါတယ်။ ​ကျွန်တော်တို့က ကိုယ့်ဘက်က အလျှော့ပေးတယ်၊ အလိုလိုက်တယ်၊ အမြဲတမ်း နားလည်ပေးတယ်ဆိုတာ သူတို့ကို တန်ဖိုးထားလွန်းလို့ပါ။ ဒါကို တစ်ဖက်လူတွေက "တန်ဖိုး" လို့ မမြင်ဘဲ "အခွင့်အရေး" လို့ မြင်သွားကြတာ ခံရခက်ပါတယ်။ ​ငါတို့ဘက်က ဘယ်လောက်ပဲ ကောင်းကောင်း ဒီလူကတော့ ငါ့ကို စိတ်ဆိုးမှာမဟုတ်ပါဘူး၊ ငါ့အနားက ထွက်သွားမှာမဟုတ်ပါဘူးလို့ သူတို့ စိတ်ချသွားတဲ့အခါ... စကားပြောတာကအစ၊ ပြုမူဆက်ဆံတာကအစ အလေးအနက်မထားတော့ဘဲ ပေါ့ပျက်ပျက်နဲ့ ဂရုမစိုက်သလို ဆက်ဆံတတ်ကြပါတယ်။ ကိုယ့်ရဲ့ စေတနာတွေကို အဖတ်မလုပ်တာမျိုး ခံရဖူးတဲ့အခါ "လူကောင်းဖြစ်ရတာ တကယ်ကို ပင်ပန်းပါတယ်" ဆိုပြီး စိတ်ကုန်သွားရတာ မဆန်းပါဘူး။ ​ဒါကြောင့် နောက်ပိုင်းမှာတော့ ဘယ်သူ့အပေါ်မှ အလွန်အကျွံ ကောင်းမပြတော့ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ​"လူဆိုး" တစ်ယောက် မဖြစ်ချင်ပေမယ့်... ကိုယ့်သိက္ခာနဲ့ ကိုယ့်အတိုင်းအတာကို ကျော်ပြီး အနှိမ်ခံရမယ့် "လူကောင်းအနုစား" တော့ အဖြစ်မခံနိုင်တော့ပါဘူး။ ​ကိုယ့်ရဲ့ စေတနာကို တန်ဖိုးထားတတ်တဲ့သူ၊ ကိုယ့်ကို လေးလေးစားစား ပြန်ဆက်ဆံတတ်တဲ့သူမျိုးကိုပဲ ကောင်းပေးတော့မယ်။ အကောင်းမြင်တတ်တဲ့ ကိုယ့်စိတ်ကို အခွင့်ကောင်းယူပြီး ပေါ့ပျက်ပျက် လုပ်ချင်တဲ့သူတွေအတွက်တော့... မျက်နှာသာမပေးဘဲ ပြတ်ပြတ်သားသား ကျောခိုင်းတတ်ဖို့ လိုအပ်လာပါပြီ။ ​လူတိုင်းအပေါ် လိုက်ပြီး ကောင်းပေးနေရလောက်အောင် ငါတို့ဘဝက အချိန်တွေ အလကားရနေတာ မဟုတ်ဘူးလေ...။ ​#SelfRespect #feeling #motivation #ဘဝအတွက်စာဖတ်ပါ #လူငယ်များဆီသို့

Saw Arkar 📚
Saw Arkar 📚
Open In TikTok:
Region: MM
Saturday 13 June 2026 11:11:14 GMT
794656
66425
606
3483

Music

Download

Comments

ma.nui0
Ma Nui :
လူတွေက ကိုယ်က ကောင်းပေးနေရင် ကိုယ်က အ တယ်လို့ဘဲ မြင်နေကျတယ် ခုနောက်ပိုင်း တယောက်ထဲဘဲနေဖြစ်တော့တယ် ဘယ်သူ့ကိုမှ မပတ်သက်ခင် ေတာ့ဘူး
2026-06-17 03:45:01
51
kyaw.zarr.linn1
Kyaw Zarr Linn :
copy လေ ပေး ပါ လား🥰
2026-06-15 10:39:16
6
chue.thin.zar.22
မိခြူး🛍 :
စာသားလေးယူမယ်နော်🥺
2026-06-15 03:43:10
5
kohlwan3921
♒ကိုလွမ်း🌊 :
အမှန်ပဲ ကိုယ့်မှာလည်း ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်လေ။ပေါ့ပျက်ပျက်တော့ အဖြစ်မခံနိုင်ဘူး။
2026-06-17 01:26:38
9
may.myat.noe.ko1
❄May❄🦥🦀 :
big trauma
2026-06-24 11:17:43
0
jepanshi
jepanshi :
🥰🥰ဒါအမှန်ပဲ 🥰🥰🥰
2026-07-05 13:39:49
0
488n9
"စောက်ဂရုကိုမစိုက်တာ…💅🏻" :
သည်းခံမှန်းသိရင်အနိုင်လိုချင်ကြတယ်.😞"
2026-06-28 15:05:32
0
user8154209319807
Thu Zar Aye🍒🍒 :
ပြန်တင်ခွင့်ပြုပါ
2026-07-12 03:39:06
0
kokoaung.aung54
kokoAung Aung :
ကျွန်တော့်ဘဝနဲ့ထပ်တူကျတယ်🥰🥰🥰
2026-07-07 14:27:22
0
.rose.lay
နှင်းဆီပန်းလေး Rose Lay :
ဝန်းရံခဲပါတယ်ရှင့်
2026-07-05 15:21:15
0
j.d45612
🥑𝓓𝓾𝓷𝓰𝓙𝓪𝓷𝓰𝓼🌻 :
စာသားယူသုံးမယ်နော်🫶 crd ပေးပါ့မယ်💗
2026-07-16 13:16:13
0
dyvvzqlltrn0
KayKhaing :
အမှန်ပဲ💛💛💛
2026-06-21 06:09:53
0
khinnyeinchans810
🌻 K💖N💖C💖S🌻ဧရာဝတီသူလေး :
စာသားလေးပြန်တင်ခွင့်ပြုပါရှင်💖💖💖💖💖💖
2026-07-14 02:58:28
0
juejuwfsy7h
🇯🇵Ko Chan Japan Acc🎌 :
helo
2026-06-19 15:03:44
0
thidar.lwin612
Thidar Lwin :
စာသားလေးယူခွင့်ပြုပါ
2026-07-06 12:11:16
0
shone.lae.phyoe
Shoon🎀 :
ပုံနဲ့စာလေးပြန်ယူသုံးခွင့်ပြုပါနော်🥰
2026-06-22 12:09:07
0
khinsandarwin4635
Khin ♊️ (k)❣️ :
အမှန်ပဲ
2026-07-04 04:12:19
0
thansin923
🎀"𝒕𝒉𝒂𝒏𝒔𝒊𝒏"🎀 :
စာသားလေးပြန်တင်ခွင့်ပြုပါ😞
2026-07-14 13:08:49
0
phonemyat29.3.2007
椹·Rᴀʏ✓ :
ဟုပ့ကွာ
2026-06-16 04:18:30
1
mayyuzin2412
Chimiella🌙🌟 :
ကိုယ်ကောင်းပေးမှန်းသိတာတောင်တစ်ခါလေးမှားရုံနဲ့ဆယ်ခါလောက်ပြန်ပြီးအနိုင်ယူတတ်ကြတယ်🥺🥺
2026-07-13 09:53:38
0
sandarlin684
🌱Sandar Lin🌱tiktokshop🛒🛍️ :
ပြန်တင်မယ်နော်
2026-06-30 10:06:55
0
tkd15bcjz0z4qo
user381528236515 :
ဒါကအမှန်တရားပဲ
2026-06-20 15:01:49
0
mon.lay2259
user12108642 :
copyလေးချပေးရင်သိပ်ကောင်းမယ်🥺
2026-07-21 09:53:22
0
paingthukyaw648
Kyaw gyi.💗 :
စာသားလေး ယူသုံးပါရစေ Crdပေးပါ့မယ် ဗျ
2026-07-21 10:30:11
0
To see more videos from user @saw.arkar.min79, please go to the Tikwm homepage.

Other Videos


About