@koaung163413: ထီးရှိတဲ့လူက ‘ဒီနေ့ မိုးရွာလိမ့်မယ်” လို့ ပြောသလို အောင်မြင်ပြီးသားသူတွေကတော့ “ဘဝဆိုတာ ရည်မှန်းချက် ရှိရမယ်”လို့ ပြောတတ်ကြတာပဲ။ သူတို့ ကံကောင်းတာက မိုးဥတု မကုန်သေးတာပဲ။ တစ်ခု ခက်တာက ကျွန်တော့် ရည်မှန်းချက်တွေက လေဒီဂါးဂါးရဲ့ ဖက် ရှင်တွေလို တစ်ခုပြီးတစ်ခု ခပ်မြန်မြန် ပြောင်းလဲနေတာပဲ။ သုံးနှစ်သားလောက် က စူပါမင်းရုပ်ပြတွေ ကြည့်ပြီး မိုးပေါ် ပျံချင်တယ်။ ဒါနဲ့ အဖေ့ပုဆိုးတစ်ထည် ကို လည်ပင်းမှာသိုင်းချည်ပြီး ထမင်းစားပွဲပေါ်တက် ခုန်ချလိုက်တာ ခြေသပွတ် တိုင် လည်သွားတယ်။ နည်းနည်း ကြီးတော့ တာဇံကိုအားကျပြီး သစ်ပင်ပေါ် တက် နွယ်ကြိုး လွှဲတယ်။ ကြိုးပြတ်ကျလို့ ၇ ရက်လောက် အိပ်ရာထဲ လှဲနေ ခဲ့ရတယ်။ ၇ တန်းရောက်တော့ အဆူအရိုက်ကြမ်းတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကြုံပြီး သူ့ယောက်ျား ဖြစ်ချင်ပြန်ရော။ (ကျောင်းအုပ်ဆရာမကြီးဟာ သူ့ ယောက်ျားကို တော်တော်ကြောက်ရတယ် ဆိုတဲ့ သတင်းကြောင့်ပါ) နောက်တော့ ဂျိမ်းစ်ဒင်းကို အားကျလို့ ၅ ပြားတန် စီးကရက် နှုတ်ခမ်းထောင့်မှာ ခဲထားတုန်း အဖေက တွေ့သွားပြီး အရွယ်မရောက်သေးဘဲ ဆေးလိပ်သောက်လို့အရိုက်ခံခဲ့ရတယ်။ အဲဒီကတည်းက ရည်မှန်းချက်ဆိုတာ ကြိမ်လုံး၊ ကျောင်းအုပ် ဆရာမကြီးယောက်ျား၊ ခြေသပွတ်တိုင် လည်ခြင်းတို့နဲ့ တစ်ခါတစ်ရံ ဆက်စပ်နေတတ်ပါလားလို့ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိပါဘူး။ အတန်းထဲက ခပ်လှလှကောင်မလေး သုံးယောက်နဲ့ ရည်းစားဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့ပေမဲ့ (သူတို့ ရည်မှန်းချက်ထဲမှာ ကျွန်တော်ပါပုံမရလို့) မအောင်မြင်ခဲ့ပါဘူး။ အတန်းဖော် ကျွန်တော့် သူငယ်ချင်းကတော့ ရည်မှန်းချက် တော်တော်ကြီးတယ်။ သူက တင် ၃၆၊ ရင် ၃၂ မပြည့်ရင် ဘယ်မိန်းကလေးနဲ့မှ အရောတဝင် မနေဘူး။ ရတော့ မီးယပ်ပိန်ကလေးနဲ့ ရသွားရှာတယ်။ ရည်မှန်းချက်ဆိုတာ တစ်ခါတလေတော့လည်း လွဲတတ်တာပါပဲ။ တစ် ခါက ကျွန်တော် စတိုးဆိုင်တစ်ဆိုင်ထဲ ဝင်သွားတယ်။ အရောင်းစာရေး ကောင်မလေးရဲ့ အလှကို မျက်စိအရသာခံရင်း ဈေးပေါပေါ ပစ္စည်းတစ်ခုလောက် ဟန်လုပ် ဝယ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ ကောင်မလေး ကောင်တာရှေ့မှာ ရပ်မိလို့ ကောင်မလေးက ဘာလိုချင်သေးလို့လဲ မေးတော့ ကျွန်တော်က ငုံ့ မကြည့်ဘဲ မှန်ဗီရိုထဲကို လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော် လက်ညှိုးထိုး ပြတဲ့အရာကို ကောင်မလေးက ထုတ်ပေးတော့ အဲဒါက ကွန်ဒုံးတစ်ခု ဖြစ်နေ တယ်။ ကောင်မလေးက ပြောလိုက်သေးတယ်။ “ပျော်တတ်ရင် အဖော်ဆောင် ထားတာ ကောင်းတယ်”တဲ့။ ကျွန်တော်လည်း ရှက်ရှက်နဲ့ လှည့်ထွက်လာခဲ့တာ မှန်တံခါးကြီး တစ်ချပ်လုံးကို ထွက်ပေါက်ထင်ပြီး ဝင်တိုးမိတော့တာပဲ ... " ရည်မှန်းချက်များနှင့်ဘဝ / ဝတ္ထုတို - မှ ▪️သစ္စာနီ▪️ ⭕️ ဆရာသစ္စာနီ မူရင်းဓာတ်ပုံအား လေးစားစွာ Credit ပေးပါသည် ။
Ya Wai Aung
Region: TH
Saturday 13 June 2026 11:57:15 GMT
Music
Download
Comments
နေပြည်တော်လယ်ဝေသားလေ :
ကိုယ်ဘဝရဲ့ပျော်ရွင်မူကိုတိုင်ဖန်တီးယူရတယ်ဆိုပေမဲ့တစ်ချို့ပျော်မူ ေတွ ကသူမျာတွေအတွက်တော့မသိဘူကိုယ်အတွက်တော့တန်ဖိုမဖြတ်နိင်လောက်အောင်တန်ဖိုးကြီးမာလွန်လို့ပြောမထွက်ခဲ့ပါဘူး
2026-06-14 00:43:06
2
🇲🇲 $$$ saw 🇲🇾 :
အတာရည်မှန်းချက်မှမဟုပ်တာ
2026-06-24 03:33:59
1
zinbo1333 :
မိုက်တယ်
2026-06-23 13:27:14
1
Mr lane :
စာသားတွေကတော့လေးစားစရာပဲ😳😁
2026-06-23 04:18:21
1
Thura zaw ♐🇹🇭 :
copy ကူးယူမယ်ညီ
2026-06-20 09:16:01
1
ngwe aung :
မှန်တယ်စာသားက😏
2026-06-24 18:42:07
1
ဦးမှတ်ကြီး (offical acc) :
copy သွားပါပီ bro
2026-06-26 05:53:54
1
Blade! :
U zaw သီချင်းကြောင့် like ပေးလိုက်တယ်🥰🥰
2026-06-23 12:24:46
1
Saw Law Eh :
ဘာမှရှိတဲ့ကျနော်တို့ဘဝတွေကြတော့😔😔😔😔
2026-06-25 16:10:22
1
T Y Zaw :
Wow Right🥰🥰🥰🥰
ယူသုံးပါရစေ ဗျာ🥰🥰
2026-06-21 02:19:39
1
🆉🅰🅽🍉🇲🇲[🅳🅰🆆🅴🅸]🐉🇲🇾 :
လူဆိုတာကိုယ့်ဘဝကိုကိုယ်ချစ်တတ်ဖို့လိုတယ်
2026-06-28 10:53:04
0
ko san tun aung :
မှန်လိုက်တာ ဗျာ ကျနော်တို့လိုသူတို့နေကြည့်ပါလား😌
2026-06-20 09:02:18
1
Kyaw Thu :
စာသားလေးcopyချင်လို့ linkချပေးပါ့အုန်းဗျာ
2026-06-21 14:15:18
1
အလင်းရောင် :
2026-06-19 03:22:01
1
အလင်းရောင် :
2026-06-19 03:21:09
1
အလင်းရောင် :
2026-06-19 03:22:54
1
ATM007 :
ထီးရှိတာနဲ့ မိုးရွာမယ် လို့
ဘယ်သူကပြောတာ မဆိုင်လိုက်တာ
မိုးလေဝသဌာနမှာ အလုပ် လုပ်နေသူဆိုရင်တော့လည်း တစ်မျိုးပေါ့
ခု စာသားက တွေးကြည့်
ဘာအဆက်အစပ်ရှိလဲ
ထီးတွေအများကြီး ရောင်းတဲ့သူကရော မိုးရွာမယ်လို့ပဲ ထိုင်ပြောနေရတော့မှာပေါ့ဟ
2026-06-25 10:48:22
1
딸기🍓 :
ယူတင်အူးမယ် bro
2026-06-30 12:58:35
0
အလင်းရောင် :
2026-06-19 03:23:08
1
Thurain Soe :
ကျွတ်စင်ကြီးဗျာ စာသားတွေ လန်ထွက်နေတာပဲ🥰
2026-06-24 01:37:52
1
Chan Myae :
👍👍👍
2026-06-25 09:44:57
1
🫶♥️Hlaing ♥️Min♥️Htwe💕💖 :
👍💞
2026-06-21 09:01:19
1
s.a.i.👷♂️ :
😂😂😂😂😂😂😂
2026-06-23 00:45:35
1
Star 9 :
👍
2026-06-20 05:49:45
2
Aungaung :
🥰🥰🥰
2026-06-22 09:04:42
1
To see more videos from user @koaung163413, please go to the Tikwm
homepage.