@kiddiebrain: 🚨သင်္ဘောပေါ် က Emergency Alarm Signals များ သင်္ဘော ပေါ် မှာ ရှိကြတဲ့ သင်္ဘောသားအားလုံးသည် Muster List နဲ့ Emergency Signal Card မှာ ဖော်ပြထားတဲ့ Alarm Signal တွေကို အတိအကျ လိုက်နာရပါတယ်။ အလွယ်တကူ မြင်တွေ့ သိရှိအောင်လည်း နေရာအတော်များများမှာ ကြေညာပေးထားတတ်ပါတယ်။ အရေးပေါ်အခြေအနေမှာ Officer / Crews အားလုံး ဘာတွေလုပ်ရမည်ဆိုတာကို ဒီ Muster list မှာ အဓိကဖော်ပြပေးထားတာဖြစ်ပါတယ်၊ ဒါ့ကြောင့် Muster list ကို မဖြစ်မနေ နားလည်အောင် ဖတ်ရှု့မှတ်သားထားရမှာပါ။ ခေါင်းစဉ်အလိုက် သိနားလည်အောင် လစဉ် Drill Training လေ့ကျင့်မှု့များလည်း ပြုလုပ်ထားကြရပါတယ်။ 🚨Alarm အသံများကို သိရှိနားလည်မှတ်မိထားခြင်းက သင့်အနေဖြင့် ဘာဆက်လုပ်ရမည်ကို ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မှုဟူသမျှသည် Onboard Drill Training များအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 🔴 General Emergency Alarm 📣 🔔 7 Short Blasts + 1 Long Blast (••••••• —) (အသံတို ၇ ချက်+ အသံရှည် ၁ ချက်) ဖြစ်ပြီး အသံကြားသည်နှင့် Onboard drill training လေ့ကျင့်မှုများအတိုင်း ✅ သတ်မှတ်ထားသော Muster Station ဧရိယာ သို့ ချက်ချင်းသွားရပါမည်။ ✅ Life Jacket ဝတ်ဆင်ခဲ့ရပါမည်။ ✅ Captain နှင့် Officers များ၏ အမိန့်ကို ဆက်လက်လိုက်နာရပါမည်။ 🟠 Abandon Ship Alarm 📣 🔔 7 Short Blasts + 1 Long Blast မြည်ပြီးနောက် 📢 "Abandon Ship""Abandon Ship" "Abandon Ship" ဟု Captain မှ PA System ဖြင့် ဆက်လက် ကြေညာမည်။ ⚠️ သတိပြုရန် မှာ Captain၏ အမိန့်မရရှိဘဲ သင်္ဘောမှ ( ချက်ချင်းခုန်ချခြင်းမျိုး ) မစွန့်ခွာရပါ။ 🔥 Fire Alarm📣 🔔 Continuous Bell / Continuous Alarm ("မရပ်မနား ဆက်တိုက်မြည်နေသော အချက်ပေးသံ" ) ✅ Fire Fighter Team အဖွဲ့ဝင်များက အဆင်သင့်ဖြစ်ပြင်ဆင်ရပါမည်။ ( Onboard drill training လေ့ကျင့်မှုများအတိုင်း ) ✅ မီးလောင်သည့်နေရာကို သတင်းပို့/ကြော်ငြာမည်။ ✅ Panic (ကြောက်လန့်စိုးရိမ်စိတ်)မဖြစ်ပါနှင့်။ 🌊 Man Overboard Alarm 📣 🔔 Long Blast 3 ချက် ( အသံရှည် ၃ချက် ဆက်တိုက်မြည်ပေးထားမည်။ ) ( သတ်မှတ် alarm အချက်ပေးအသံသည် သင်္ဘောအလိုက် ကွာခြားမှု ရှိနိုင်ပါသည်။) 📢 "MAN OVERBOARD"ဟု ကြေညာမည်။ ✅ Lifebuoy ပစ်ချပါ ✅ Bridge သို့ ချက်ချင်းအကြောင်းကြားပါ။ 🟡 Emergency Situation📣 (Ship Specific Alarm) သည် 🔔 1 Long Blast + 1 Short Blast ဖြစ်ပြီး Muster list မှာဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားသော Muster Station ဧရိယာ သို့ ချက်ချင်းသွားရပါမည်။ 🎯 အရေးကြီးဆုံးမှတ်သားရန်မှာ+++ 🚨 7 Short + 1 Long = General Emergency Alarm 🚨 Captain Order + 7 Short + 1 Long = Abandon Ship🚢 ဖြစ်ပါတယ်။ 🚨 Muster List ကို အမြဲသိနားလည်စွာ ဖတ်ထားပါ။ 🦺"Safety 🥇, 🤘Work Second"👷 All the best, ✌️ #Shipalarmsignal #newmyanmarseafarer #myanmartiktok🇲🇲🇲🇲 #သင်္ဘောသားနှင့်မိသားစုဝင်များ #creatorsearchinsights @tiktok creators
Rumie
Region: KR
Saturday 13 June 2026 12:57:52 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @kiddiebrain, please go to the Tikwm
homepage.