@radiowkqd95: ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (UMT) ဆိုတာက အခြေခံပညာအထက်တန်း (Grade-12) ကို ဇီဝဗေဒ (Bio) တွဲနှင့်အောင်မြင်ပြီး အမှတ်မီသူများ တက်ရောက်နိုင်သော အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အရင်ကတော့ Institute of Paramedical Science (IPS) ထိုမှတစ်ဆင့် University of Paramedical Science (UPS) လို့ခေါ်ပြီး အခုမှာတော့ University of Medical Technology (UMT) လို့ခေါ်တာဖြစ်ပါတယ်။ ဝင်ခွင့်အမှတ်သတ်မှတ်ပုံကတော့ တစ်နှစ်နဲ့တစ်နှစ် အနည်းငယ် ကွဲလွဲနိုင်ပါတယ်။ များသောအားဖြင့် အမှတ် 450 အထက်ဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီထက်ပိုများတဲ့ နှစ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကျန်းမာရေးကဏ္ဍအတွက် အရေးပါသော ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) ဆိုပြီး မြန်မာတစ်နိုင်ငံလုံးမှာ နှစ်ကျောင်းသာရှိပါတယ်။ နှစ်စဉ် ကျောင်းနှစ်ကျောင်းလုံးမှ ကျန်းမာရေးကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင်ပေါင်း ၃၀၀ ကျော် မွေးထုတ်ပေးလျက်ရှိပါတယ်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး B.Med.Tech (Bachelor of Medical Technology) ဘွဲ့ကို ရရှိမှာပဲဖြစ်ပါတယ်။ G-12 စနစ်အရ ပထမနှစ် (First Semester) မှာတော့ မြန်မာစာ အင်္ဂလိပ်စာ Anatomy (ခန္ဓာဗေဒ) Physiology (ဇီဝကမ္မဗေဒ) Biochemistry (ဇီဝဓာတုဗေဒ) Pathology (ရောဂါဗေဒ) သက်ဆိုင်ရာ ဘာသာရပ်များမှာ သက်ဆိုင်ရာ လက်တွေ့သင်ကြားခန်းများလည်း ပါမှာဖြစ်ပါတယ်။ ပထမနှစ် (Second Semester) မှာတော့ မြန်မာစာ မပါဝင်တော့ဘဲ ကျန်ဘာသာရပ်များကို ဆက်လက်သင်ကြားရပါမယ်။ ပထမနှစ်ပြီးဆုံးခါနီးမှာ ကိုယ်လိုချင်တဲ့မေဂျာကို လျှောက်ရပါတယ်။ ပထမနှစ်မှာ ရရှိသော အမှတ်များအပေါ်မူတည်ပြီး ကိုယ်လိုချင်တဲ့ မေဂျာ ရ၊ မရဖြစ် တတ်တာမလို့ ကြိုးစားရပါမယ်။ ဒုတိယနှစ်မှ စတင်၍ မိမိရွေးချယ်ထားသော Major ဘာသာရပ်အလိုက် Semester စနစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး ဆေးရုံများတွင် Bloc Posting (လက်တွေ့သင်တန်း) များ ဆင်း၍ အတွေ့အကြုံရယူရမှာဖြစ်ပါတယ်။ ရောဂါရှာဖွေရေး Major 2ခု ကုသရေး Major 2ခု ကျန်းမာရေးသတင်းအချက်အလက်များကို စီမံခန့်ခွဲမှုနည်းပညာ ဆိုပြီး Major 5ခု သင်ကြားပေးလျက်ရှိပါတယ်။ Medical Imaging Technology (MIT) ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ Medical Laboratory Technology (MLT) ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ Physiotherapy (PT) ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှု နည်းပညာ Radiation Therapy Technology (RTT) ဓာတ်ရောင်ခြည်ကုသမှု နည်းပညာ Health Information Technology (HIT) ကျန်းမာရေးသတင်းအချက်အလက်နှင့် နည်းပညာ [ Prosthetic and Orthotics (PNO) ခြေတုလက်တုနှင့်အားပြုကိရိယာ ၊ ထိုဘာသာရပ်ကတော့ အကြောင်းအရာအမျိုးမျိုးကြောင့် လောလောဆယ်တော့ မရှိပါ။ ] ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းတွင်း အဆောင်များလည်း ရှိပါတယ်။ ကျောင်းသားဦးရေ ထက် ကျောင်းသူဦးရေ ပိုများတာမို့လို့ ကျောင်းသား အဆောင်ကတော့ တစ်ဆောင်ပဲ ရှိပါတယ်။ ကျောင်းပြီးသွားလျှင် B.Med.Tech ဘွဲ့ ကို ရရှိမှာဖြစ်ပြီး အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်နိုင်သလို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့်အပြင် လူနာများ၏ ကျန်းမာရေးအတွက် အကျိုးပြုသော တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။ #UMTY #medtech #Education #university #health
RadBytes
Region: MM
Saturday 13 June 2026 16:02:23 GMT
Music
Download
Comments
Eaint :
ဆေးကုသခွင့်တော့မရှိဘူးပေါ့
2026-07-21 05:03:44
1
မင်းမြတ်အမရာမောင်မြင့်မြတ် :
ကျောင်းပြီးရင်သက်ဆိုင်ရာ ဆေးရုံတွေမှာ ဆေးဘက်ကျွမ်းကျင်-၂(ဓာတ်ခွဲ) ၊ ဆေးဘက်ကျွမ်းကျင်-၂(ဓာတ်မှန်)၊ ဆေးဘက်ကျွမ်းကျင်-၂(ဓာတ်ရောင်ခြည်)၊ ဆေးဘက်ကျွမ်းကျင်-၂(အကြော)၊ ဒု-ဦးစီးမှူး၊ ဒုကြီးကြပ်ရေးမှူး (စာရင်းအင်း) ရာထူးများဖြင့် အစိုးရဝန်ထမ်း ၃ နှစ် လုပ်ပေးရပါတယ်
2026-06-16 02:11:41
8
AMO :
ကျန်းမာရေးမှူးကတောင် အဲ့ဒါထက်စာရင် ပိုကောင်းဦးမလားမသိဘူး။🥰🥰
2026-07-22 08:24:22
0
Mica :
ဆရာဝန်တို့လို့ မရှိမဖြစ်အရေးပါတဲ့ကဏ္ဍက တာဝန်ထမ်းဆောင်ရတာလားရှင့်
2026-07-21 06:30:00
2
Alex :
6ဘာသာ 497
ECB 247
EMCP 330
ဆေးကျောင်းမှီလားဗျ
2026-07-31 11:57:08
0
W :
ကျန်းမာရေးမှူးဖြစ်မှာပေါ့?
2026-06-14 08:35:44
1
U NAING🤭(လိုသုံး)🤭(လူအ)🤐🤐 :
:6ဘာသာ ၄၉၅
ECB 3ဘာသာ 235
Emcp 4 ဘာသာ၃၁၆မှက်
ဘာရနိုင်သလဲဗျ
2026-07-25 11:23:27
0
sweet :
ကျော၈်းပြီးရင်အလုပ်ရှားမယ်ထင်တယ်နော်
2026-06-23 07:20:37
1
Linz linzzz :
total 474
ဝင်နိုင်သလားရှင့်
2026-07-31 13:36:16
0
Myo Myo :
၄၃၀ကျော်ရင်ရောလျှောက်လို့ရလား
2026-07-19 16:43:22
1
atrash240 :
That my dream university back then
2026-07-27 23:32:31
1
Zin Thu Htay :
တက္ကသိုလ်ကဘယ်နှစ်ဖြတ်တက်ရတာလဲ
2026-07-20 13:14:36
0
Zin Ko ko Maung :
စနေတနဂ်နွေတောင်ကျောင်းမပိတ်ဘူးဆိုတာဟုတ်လားဗျ
2026-07-19 16:51:02
0
Thu Thu Han (^~^)🍀 :
၄၂၀ကျော်ဆိုရင်ရောရနိုင်လားရှင့်
2026-07-19 04:28:12
0
Vexa-_-nyx^>^🍁 :
နေ့တိုင်းတတ်ရတာလား
2026-07-13 16:54:06
0
TĤOÔN :
This one is in Mandalay
2026-06-30 06:35:25
1
Thin Ngwe :
အမှတ်ဘယ်ဆိုရလည်း
2026-06-29 04:42:33
0
Co² Chit 👻 :
g12မှာbioတွဲမဟုတ်ရင်ရောရလား
2026-06-14 11:32:13
1
Emerald :
ကျောင်းပီးတဲ့အထိ ကုန်ကျစရိတ်လေးသိချင်ပါတယ်ရှင့်
2026-06-29 15:40:10
0
san lay532 :
Thanks
2026-06-14 07:49:20
0
Yolly :
ကျောင်းပြီးရင် အစိုးရမှာဘယ်နှနှစ်တာဝန်ထမ်းဆောင်ရလဲဟင်
2026-06-14 14:30:57
0
user5490386655908 :
bio/physic ဂုဏ်ထူးပါရင်လျှောက်လို့ရပါလား
2026-06-27 22:22:35
0
Co² Chit 👻 :
G12မှာbioတွဲမဟုတ်ရင်ရောရလား
2026-06-14 11:32:28
0
စုလေး :
၂၀၂၆ဝက်ခွင့်၄၆၅မှတ်အနိမ့်ဆုံးပါ
2026-07-20 06:37:06
0
To see more videos from user @radiowkqd95, please go to the Tikwm
homepage.