@theint.lay4316: 🌻 မေတ္တာသုတ် အဓိဋ္ဌာန်ဝင်နည်း အပြည့်အစုံ 🌻 မနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီး ဘုရားရှေ့မှာ ငါးပါးသီလခံယူပါ။ အောက်ပါအဆင့်၁၂ ဆင့်ကို ဆက်တိုက်ကျင့်ကြံပါ။ အဆင့် (၁) - မေတ္တာသုတ် (၉)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၂) - မေတ္တာသုတ် (၁၈)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၃) - မေတ္တာသုတ် (၂၇)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၄) - မေတ္တာသုတ် (၃၆)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၅) - မေတ္တာသုတ် (၄၅)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၆) - မေတ္တာသုတ် (၅၄)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၇) - မေတ္တာသုတ် (၆၃)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၈) - မေတ္တာသုတ် (၇၂)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၉) - မေတ္တာသုတ် (၈၁)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၁၀) - မေတ္တာသုတ် (၉၀)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၁၁) - မေတ္တာသုတ် (၉၉)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အဆင့် (၁၂) - မေတ္တာသုတ် (၁၀၈)ခေါက်ဖြင့် ကိုးရက်တိတိ မပျက်မကွက်ရွတ်ဖတ်ပါ။ အကျိုးကျေးဇူး ။ အဆင့် (၃) အောင်မြင်ပြီးသည်နှင့် ထူးခြားမှုများ စတင်သိရှိ ခံစားရပါမည်။ မေတ္တာသုတ်သည် ရွတ်ဖတ်သူ၏စိတ်နှလုံးကို အေးချမ်းစေပြီး လူနတ်ဘီလူးများက ချစ်ခင်စောင့်ရှောက်စေပါတယ်။ 🕊️ နေ့စဉ် မေတ္တာပို့နည်းနှင့် ဆုတောင်းခြင်း နေ့စဉ် အဓိဋ္ဌာန်အောင်မြင်တိုင်း မိမိပြုသမျှကောင်းမှုကုသိုလ်အတွက် မေတ္တာပို့အမျှဝေပေးပါ။ “ကိုယ်စောင့်နတ်၊ကျောင်းစောင့်နတ်၊ အိမ်စောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးနတ်မင်းနှင့်တကွ သာသနာတော်စောင့်နတ်မင်းအပေါင်း၊ဥစ္စာစောင့်များ၊ ပြိတ္တာများ၊ ကျေးဇူးရှင်မိဘများ၊ ဆွေမျိုးတော်စပ်သူများ (ကွယ်လွန်သူအပါအဝင်) စသည်ဖြင့် အစဉ်အတိုင်း မေတ္တာပို့ရမည်။ အထက်ပါအတိုင်း မေတ္တာပို့ပြီးလျှင် ဝေနေယျ သတ္တဝါအားလုံးတို့ကို ထိုနေ့ပြုသမျှကုသိုလ်အဖို့ဘာဂကို အမျှပေးဝေပေးပါ။ အမျှဝေပြီးလျှင်မိမိတို့လိုရာ ဆုတောင်းနိုင်ပါတယ်။ သတိပြုရန် ။ အဓိဌာန်ကာလအတွင်း မိမိအောင်မြင်ပြည့်ဝလိုသော တစ်မျိုးတည်းသောဆုကိုသာ တောင်းရမည်ဖြစ်သည်။ မှတ်ချက် ။ အဓိဌာန်ဝင်နေစဉ်ကာလအတွင်း အရက်သေစာ (လုံးဝ) သောက်စားခြင်း မပြုရပါ။ အတတ်နိုင်ဆုံး ငါးပါးသီလကို လုံအောင် ထိန်းသိမ်းသင့်ပါသည်။ --- ဤမေတ္တာသုတ် အဓိဌာန်ဝင်နည်းကို ယုံကြည်ရိုသေစွာဖြင့် ကျင့်ကြံအားထုတ်ကြပါ။ တစ်နေ့တာမှာ ဘယ်လိုဒေါသထွက်စရာကြုံရပါစေ မပျက်အောင်သာ ရွတ်ပါ။ အကျိုးထူးပါတယ်။ မေတ္တာတရားသည် စိတ်ညစ်စရာတွေကို လျော့သွားစေပြီး ချမ်းသာကြည်နူးဖွယ်ရာ အကျိုးကျေးဇူးများကို ယခုဘဝမှာပင် ခံစားရစေနိုင်ပါတယ်။ မေတ္တာသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် စိတ်သက်သာရာရခြင်း၊ အာရုံစူးစိုက်မှုတိုးတက်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ခံစားရနိုင်ပါသည်။ ဤသို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းဖြင့် နေ့စဉ်ဘဝတွင် မေတ္တာတရားကို ပွားများနိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်။ ဓမ္မမိတ်ဆွေအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ တရားဓမ္မမှာသာယာပြီး သာသနာအကျိုးဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။ 🙏🌷 --- #credit #မယ်ရစ် #မေတ္တာသုတ်အဓိဌာန် #creatorsearchinsights

Theint lay
Theint lay
Open In TikTok:
Region: MM
Sunday 14 June 2026 02:43:34 GMT
87325
2947
36
429

Music

Download

Comments

user.tiktok.yelay.tikto7
လှိုင်သာယာ🖤ကိုရဲလေး😎😎 :
ကာမေသုကံ ဆိုတာ ကိုယ် ့ ဇနီးမယားနဲ့ရောရှောင်ရမာလား မသိလို့ပါ ရှင်းပြပါဦးဗျာ
2026-08-10 16:21:46
1
chocho5564
chocho5564 :
ဘယ်ဆရာတော်လဲ
2026-08-26 23:36:43
0
waishan.hein1
waishan hein :
4ပါးသီလ ခံယူပီး ဝင်လို့ရလားဗျ
2026-08-25 14:42:01
0
hnin.lay4388
Hnin Lay :
ဘုရားစင်ရှေ့မှာ တစ်ထိုင်တည်းရွတ်ရတာလား
2026-06-22 06:37:17
1
kowaiaungmoe
ဝေအောင်မိုး ချစ်ဇနီး Phyu Lay :
ပထမတစ်ဆင့်မှာဘုရားကျောင်းဆောင်ရှေ့မှာပူဇော်ပီးကျန်အဆင့်တေမှာအဆင်သင့်သလိုပူဇော်ကြသူတေလဲရှိပါတယ်အဆင့်တိုးလာလေ ပူဇော်ချိန်ကြာလေဆိုတော့အဆင်သင့်သလိုလဲပူဇော်ကြပါတယ်🙏ကျမကတော့ဘုရားရှေ့မှာပဲပူဇော်ပါတယ်သူများတေအိပ်နေချိန်မှာကိုယ်ကဝီရိယအားစိုက်ပီးအစောထပူဇော်ရတာပေါ့🙏🙏🙏
2026-07-03 08:39:45
6
hnin.satt80
Hnin satt :
ဘုရားစင်အရှေ့မှာမှရွတ်ရမှာလားရက်တိုင်းမသိလို့ပါ🥰
2026-08-25 14:50:44
0
dawthuzarlwin59
DawThuZarNew :
2026-08-21 05:42:59
0
ho.st02
A̾b̾o̾u̾t̾ ̾y̾o̾u̾❤️‍🩹 :
အဆင့်9ကျန်ခဲ့တယ်နော်အမ အစဆုံးလေးပေးလ့်ုရမလားအမ
2026-07-23 00:49:41
1
susuhlaing751
susuhlaing7064 :
ကျေးဇူးပါနော်
2026-08-14 17:51:44
0
marlar458
Mar Lar :
အဆင့်သုံးမှာမှားသွားရင်အစကနေပြန်ရွတ်ရမှာလား
2026-07-06 12:19:26
0
thetmyataung199690
ယုယကဗျာမောင် ♉️ :
Beer သောက်မိရင်ကော
2026-08-22 17:08:48
0
niniaungdepeyin
Thiri✨ :
q q. qq. q. ဆ q qq
2026-06-25 19:26:49
1
cho44thae4
Royal Queen :
သာဓုသာဓုသာဓုပါ🙏
2026-07-05 03:05:04
0
yourheart693
💃 Princess 💃 :
အဆင့်၄ထိပြီးပြီး အဆင့်၅ရွတ်ရမှာကို ရက်အတွက်မှားပြီး ၄၅ခါရွတ်ရမှာကို ၃၆ခေါက်၁ရက်ရွတ်မိသွားလို့ ပြန်စရမှာလား
2026-07-02 09:59:47
0
hein.hein984
Hein Hein :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏ကေျးဇူးတင်ပါတယ်🙏🙏🙏
2026-07-18 03:57:22
0
dawthuzarlwin59
DawThuZarNew :
2026-08-21 05:42:47
0
user8195314877220
@ :
🥰🥰🥰
2026-06-14 03:04:20
1
sifuhskeicudjkwifjc
sifuhskeicudjkwifjc :
😳
2026-08-09 14:42:08
0
user8425636383790
Aung San :
🥰🥰🥰
2026-08-07 01:20:02
0
0dawdaw2
@cennya :
🥰
2026-07-17 00:59:27
0
seasenay
SeaseNaY🥰🥰🥰 :
🙏🙏🙏
2026-07-08 10:43:45
0
linn.family6
LINN (Family) :
🙏🙏🙏
2026-07-06 01:25:45
0
seint.kyar.phyu
Seint Kyar Phyu :
😁😁😁
2026-06-18 07:45:59
0
To see more videos from user @theint.lay4316, please go to the Tikwm homepage.

Other Videos


About