@panpan77959: ချစ်ခြင်းဟာ ဆံပင်ပေးမညှပ်တာနဲ့ လားလားမျှ မဆိုင်ကြောင်း အသက်အရွယ်တစ်ခုရောက်ရင် သိလိမ့်မယ်။ ချစ်ခြင်းဟာ ဖိနပ်ကြိုး ကောက်ချည်ပေးရုံနဲ့ လုံးဝခိုင်မြဲသွားပြီလို့ မဆိုနိုင်ကြောင်း အသက်အရွယ်တစ်ခုရောက်ရင် နားလည်လိမ့်မယ်။ ချစ်ခြင်းဟာ ထားမသွားနဲ့နော်. .. .... ဘယ်တော့မှ မခွဲပါဘူးလို့ ပြောရုံနဲ့လည်း တကယ်နီးသွားမှာ မဟုတ်ကြောင်း. ..... ငါတို့ဟာ အချိန်တစ်ခုရောက်ရင်တော့ အားလုံးသိလာပါလိမ့်မယ် ၊ ဘာလို့ဆို . .. . . ” ချစ်ခြင်းနဲ့ အပြုအမူမှာ ဘယ်သူကပိုပြီး အရင်အရေးပါအရောက်ရောက်တယ်ဆိုတဲ့ မေးခွန်းကို ငါတို့ အဲ့အချိန်မှာ ကောင်းကောင်း ဖြေနိုင်သွားပြီမို့လို့ပဲ ” တကယ်တော့ ချစ်ခြင်းကသာ အရေးကြီးတာ၊ ချစ်ခြင်းခိုင်တဲ့ အပြုအမူကမှလည်း အရာဝင်တာ၊ ချစ်ခြင်း မခိုင်တဲ့၊ ချစ်ခြင်းမပါတဲ့ ချစ်ပေးသယောင်ယောင် အပြုအမူတွေကတော့ လူတွေဟာ ခေတ္တခဏ စိတ်ကူးပေါက်တုန်း ” ဒီလူ့ကိုတော့ ငါဂရုလေး စိုက်ပေးကြည့်လိုက်ဦးမယ်လေ ” ဆိုတဲ့ အရူးစိတ်နဲ့ အရိပ်ထင်ရုံ လာပြတတ်ကြသေးတာမို့လို့ပေါ့။ ဒါကြောင့် ” အပြုအမူတွေက အရေးကြီးတယ်၊ ဒါပေမယ့် ” အဲ့အပြုအမူထဲမှာ ချစ်ခြင်းတွေတကယ်ခိုင်မာစွာ ပါရဲ့လားဆိုတဲ့ အမေးကတော့ ဦးစွာပထမ အရေးကြီးဆုံးပဲဖြစ်ပါတယ်” တဲ့။ တစ်ချို့လူတွေက ဆံပင်တွေ မညှပ်နဲ့ပဲပြောတာ ၊ ဆံပင်ဆုပ်ဖွားနဲ့ လူမာမာရုပ် ပေါက်အောင်လုပ်ထားတာလည်း သူတို့ပဲ။ ပန်းတွေသာ ပေးဖူးတာ ၊ ပင်ပင်ပန်းပန်းနဲ့ စိတ်တွေကို ဒုက္ခခံခိုင်းထားတာလည်း သူတို့ပဲ။ မဝေးချင်ဘူးလို့ပဲ ထိုင်အော်နေတာ ၊ နီးအောင်လည်း သူတို့ဘယ်တော့မှ မကြိုးစားချင်ပြန်ဘူး။ ဒီတော့ ဒါဟာ ချစ်ခြင်းမခိုင်တဲ့ အရိပ်ထင်ရုံအပြုအမူတွေ ၊ တန်ဖိုး မရှိဘူး။ အသုံးလည်း မဝင်ဘူး.. . . . တကယ်က ချစ်ခြင်းခိုင်တဲ့ အပြုအမူဆိုတာ. ... . . ဆံပင်တွေမညှပ်နဲ့လို့ ပြောတဲ့နောက်မှာ ခေါင်းစီးကွင်းလှလှလေးတွေရှိမယ်။ ဒါမှမဟုတ် မင်းတကယ်ပိုလှမယ်လို့ထင်ရင်တော့ ညှပ်ချင်ညှပ်ပါလို့ ခွင့်ပြုချက်တွေ ရှိရင်ရှိမယ်။ ပန်းတွေ ပေးခြင်းရဲ့နောက်ကွယ်မှာလည်း တကယ်ပန်းလေးတစ်ပွင့်လို မြတ်မြတ်နိုးနိုး တန်ဖိုးထား စောင့်ရှောက်ပေးတတ်ခြင်းပဲ။ ဒါမှ ချစ်ခြင်းခိုင်တဲ့ အပြုအမူလို့ခေါ်မှာ၊ တန်ဖိုးရှိတာ၊ အသုံးဝင်မှာ။ နားလည်မလား. ... .. . . ” ဒီအသက်အရွယ်မှတော့ နှလုံးသားတွေကိုလည်း ထပ်အလိမ်လည် မခံရစေနဲ့တော့ ” #crd #flypシ

🐼Panda🐼♓
🐼Panda🐼♓
Open In TikTok:
Region: MM
Sunday 14 June 2026 09:21:27 GMT
13177
788
1
85

Music

Download

Comments

To see more videos from user @panpan77959, please go to the Tikwm homepage.

Other Videos


About