@tll653:

7
7
Open In TikTok:
Region: SA
Sunday 14 June 2026 20:52:52 GMT
24
6
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @tll653, please go to the Tikwm homepage.

Other Videos

တစ်နေ့တော့ မောင် ပြန်လာသည်  🌿 မောင့်ရဲ့ အန္တိမပန်းတိုင်ဟာ နန်းတော်ကြီး မဟုတ်ဘူး စကြာဝတေးမင်း မဟုတ်ဘူး ကျွန်မလည်း မဟုတ်ခဲ့ဘူး။  🌿
တစ်နေ့တော့ မောင် ပြန်လာသည် 🌿 မောင့်ရဲ့ အန္တိမပန်းတိုင်ဟာ နန်းတော်ကြီး မဟုတ်ဘူး စကြာဝတေးမင်း မဟုတ်ဘူး ကျွန်မလည်း မဟုတ်ခဲ့ဘူး။ 🌿 "သူအို သူနာ သူသေ ရဟန်း" တဲ့ နိမိတ်ကြီးလေးပါး ကျွန်မတို့ နှစ်ယောက်ကြား ရောက်လာကတည်းက မောင့်မျက်နှာလေး ညှိုးလာခဲ့တယ်။ 🌿 သက်ပြင်းတချချ တရေးနိုးဆို ထထထိုင်တယ် ခြေမကိုင်မိ လက်မကိုင်မိ ကျွန်မ အနားရှိတာကိုပင် မောင် မေ့နေသလိုပဲ။ 🌿 အို,နာ,သေများ အဆန်းလုပ်လို့ သက်တမ်းယုတ်ရင် သေရမယ်လို့ ကျွန်မ မောင့်ကို မပြောရက်ဘူး။ 🌿 အဲဒီ အို,နာ,သေတွေက မောင့်အတွက် သိပ်လေးနက်လွန်းနေတယ် ထင်ရ(လောက်)တယ်။ 🌿 ရာဟုလာလေးရဲ့ ပဋိသန္ဓေတည်လာမှုက မောင့်အတွက် အဆစ် လေးနက်နေပြန်တယ်။ 🌿 ရင့်ရင့်လာတဲ့ ကိုယ်ဝန်လေးကို ပွတ်သပ်ရင်း အိုး သတ္တဝါတွေရဲ့ ဖြစ်တည်လာမှုက သိပ်ဆန်းကြယ်တာပဲလို့ တီးတိုးလေး မောင် ရေရွတ်တယ်။ 🌿 မောင်ရဲ့ ရောဂါဟာ အမတဆေး သောက်ရမှ ကင်းပျောက်မှာလို့ မောင်ကိုယ်တိုင် ထုတ်ပြောလာတော့ 🌿 မျက်ရည်လေး စမ်းစမ်းနဲ့ ကျွန်မ ခေါင်းငြိတ်ပြခဲ့တယ် ခွဲခွာခြင်း အရိပ်တွေကို ဖမ်းရ(ရိပ်မိ)နေပြီကိုး။ 🌿 အဲဒီညကပေါ့ ရင့်ကျက်နေတဲ့ ကိုယ်ဝန်ကို လွှတ်ချ... ကျွန်မ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ 🌿 အခြားတစ်ဖက်မှာတော့ ရင့်ကျက်တဲ့ မောင်ဟာ အဝေးတောနက်ဆီကို အပြီးထွက်သွားခဲ့ပြီလေ။ 🌿 မောင်နဲ့ ကျွန်မကြား နှုတ်ဆက်ခြင်းတောင် မထားရက်ခဲ့ပါဘဲ စိမ်းကားသွားခဲ့တယ်။ 🌿 စိတ်တထင့်ထင့်နဲ့စောင့်စား ခြောက်နှစ်ကျော် ဘုရားဘဝနဲ့ တရားရလို့ မောင်ပြန်လာခဲ့တယ်။ 🌿 မောင်လာသံကြားလို့ တစ်နန်းတော်လုံး အုန်းအုန်းထနေပေမဲ့ ကျွန်မဟာ ကိုယ့်အဆောင်မှာပဲ ပုန်းရှောင်နေလိုက်တယ်။ 🌿 ဟန်ဆောင်တင်းထားပေမဲ့ မောင်သာ အချိန်မီ ရောက်မလာခဲ့ရင် ကျွန်မ သေလောက်တယ်။ 🌿 တစ်နေ့တော့ မောင် ပြန်လာသည်။ ဟုတ်ပါတယ်... ဒီနေ့တော့ မောင် ပြန်လာပြီ။ 🌿 မောင်ဟာ ကျွန်မ အခန်းဆီ နောက်ပါ အခြွေအရံများနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြွလာခဲ့တယ်။ 🌿 မောင့် မျက်နှာလေး ကွက်ခနဲ ဖူးတွေ့ရတယ်ဆိုရင်ပဲ လွမ်းမျက်ရည်တွေဟာ ဒလဟော စီးကျလာခဲ့တယ်။ 🌿 မသင့်တော်ဘူး ဆိုပေမယ့်လည်း ခြေဖမိုးတော်အထက် ပါးအပ်လို့ လက်သပ်ကာ ငိုချပြစ်တယ်။ 🌿 မောင်ကလည်း ခွင့်ပြုရှာပါတယ် နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့ အကြွေးတွေ ဆပ်တာနေမှာပါ။ 🌿 အားရအောင်ငိုနေတာ အချိန်ဘယ်လောက်ကြာမှန်းမသိ သင်္ကန်းက ရှူရှိုက်မိတဲ့ သစ်ခေါက်ဆိုးရည်အနံ့ကို သတိထားကြည့်တော့မှ မောင်ဟာ ကျွန်မရဲ့ မောင်မဟုတ် တစ်လောကလုံးအတွက် မောင်ဆိုတာ ကျွန်မ စိတ်...ဒုန်းဒုန်းချ သိပေးလိုက်တော့တယ်။ ================ #ယသော်ဓရာအလွမ်း #tiktokmyanmar🇲🇲 #foryou #အချစ်အကြောင်း

About