@ntzkko: ဒါကတော့ကိုယ်အဓိဌာန်ဝင်တဲ့နည်းလေးပါရှင့်။ ပထမဆုံးငါးပါးသီလနဲ့ခင်ပွန်းကြီးဆယ်ပါးကန်တော့ပြီးရင် အရင်ဆုံးကိုယ့်ကိုကိုယ်မေတ္တာပို့ပါတယ်။တချိူ့ကလည်းကံချေကန်တော့ခြင်းလို့လည်းခေါ်ကြပါတယ်။ပြီးရင် အဓိဌာန်တင်ဖို့အတွက်မြတ်စွာဘုရားဆီမှာခွင့်တောင်းပါတယ်။ခံယူပြီးရင်နမောတဿသုံးကြိမ်ရွတ်ပြီးမေတ္တာသုတ်တော်ရွတ်ဖတ်ပါတယ်။ကိုယ်ရွတ်ရမဲ့အဆင့်တွေပြီးတာနဲ့‌အမျှဝေပါတယ်။ ဒီနေရာမှာဘယ်လိုအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ်ရွတ်ဖတ်ပူဇော်လို့ရပါတယ်။တချိူ့ကျချစ်သူ၊ခင်ပွန်းအတွက်၊ရည်းစားဟောင်းအတွက်ရွတ်ကြတယ်ပေါ့နော်။ကိုယ်ကတော့ကိုယ်စိတ်အေးချမ်းရဖို့အတွက်ပဲအဓိကထားရွတ်ပါတယ်။စိတ်ရှုပ်စရာရှိရင်ဘုရားတရားပိုဖိလုပ်ဖြစ်ပါတယ်။အဲ့ချိန်ကစိတ်အအေးချမ်းဆုံးပါပဲ။ခေါင်းထဲဘာအတွေးပြသနာမှမစဉ်းစားဖြစ်တော့လို့ပါပဲ။ကိုယ်ကတော့ကုန်သွားတဲ့ရေစက်တွေ၊ပြတ်တောက်ပြီးသားရေစက်တွေအတွက်နဲ့တော့မေတ္တာသုတ်မရွတ်ဖြစ်ဘူး။အဲ့အစားနောက်ကြုံတွေ့ရမဲ့လူသစ်တွေအတွက်ကောင်းတာတွေပဲဝင်လာပါစေ၊ရောက်လာပါစေဆိုတဲ့စိတ်လေးတော့ထားဖြစ်တယ်ပေါ့နော်။မေတ္တာသုတ်ရွတ်လို့အနားမှာဘယ်သူမှမရှိတော့ဘူးဆိုတာတွေလည်းကြားဖူးပါတယ်။ကိုယ်ကတော့ဝမ်းမနည်းပါဘူး။အဲ့လိုဖြစ်ရင်တောင် ကောင်းတာတွေပဲကျန်ခဲ့လို့၊ကျန်ခဲ့တဲ့အရာတွေကအစစ်မှန်မို့ဝမ်းမြောက်ဝမ်းသာနဲ့ပဲကျန်ခဲ့တဲ့အရာတွေကိုကျေးဇူးတင်စိတ်ဖြစ်မိမှာပါ။ထွက်ခွာသွားတဲ့လူတွေအတွက်နဲ့တော့စိတ်ထဲထည့်ပြီးအလုပ်ရှုပ်ခံမှာတော့မဟုတ်ဘူး။ကိုယ့်ဦးနှောက်ကြီးကလည်းအမှိုက်ပုံးကြီးမှမဟုတ်တာပဲလေ။ဘာအတွက်နဲ့မှစိတ်ရောလူရောအညစ်ပတ်မခံချင်ပါဘူး။ ဒီဘဝကြုံရတဲ့ဝဋ်ကြွေးတွေကိုဒီဘဝမှာကြေအောင်ဆပ်ပါ့မယ်။နောက်ဘဝမှာတော့ကောင်းတဲ့အရာတွေပဲလက်ခံရရှိချင်ပါတယ်။တနေ့ကို သရံဏဂုဏ် 360တာလီလေးနှိပ်ရင်းရွတ်တယ်။ပြီးရင် သံဗုဒ္ဓေ 264ခေါက်ဆိုတယ်။အရမ်းအလုပ်ရှုပ်တဲ့ရက်ဆိုရင်တော့သက်စေ့တော့ရအောင်ရွတ်ပါတယ်။ပြီးရင် အဌနမေတံသက်စေ့ရွတ်ပါတယ်။ညကျမေတ္တာသုတ်အဓိဌာန်ဝင်ပါတယ်။အခုကငါးဆင့်မြောက်ရောက်ပြီဆိုတော့ ခွဲရွတ်ပါတယ်။သုံးဆင့်လောက်အထိတော့ဘုရားခန်းရှေ့မှာပဲရွတ်ဖတ်ပူဇော်ဖြစ်ပါတယ်ရှင့်။အခုထိတော့အနှောက်ယှက်ရယ်လို့တော့မရှိသေးဘူးရှင်။ဘယ်အဆင့်မှာအနှောက်ယှက်ဝင်မလဲမသိပေမဲ့ဆက်ရွတ်သွားပါမယ်။ အဓိကကကိုယ့်အတွက်ပဲစိတ်အေးချမ်းလို့ရွတ်တာဖြစ်လို့အနှောက်ယှက်ဝင်ရင်တောင်အဓိဌာန်အပြတ်မခံပါဘူးရှင်။ပုံလေးတွေကတော့လိုင်းပေါ်မှာတင်ထားတာလေးတွေကိုsaveလုပ်ပြီးယူထားတာပါ။အဲ့ဒါလေးတွေကိုကြည့်ပြီးအဆင့်ဆင့်ပူဇော်ဖြစ်တာပါ။ဒါကကိုယ်ရွတ်သလိုပြောပြပေးတာမို့အဆင်ပြေသလိုရွတ်ဆိုနိူင်ပါကြောင်းကိုလည်းတခါထဲစကားချပ်အနေနဲ့ပြောပါရစေရှင်။မေတ္တာသုတ်ကဟိုးအရင်ကတည်းကရွတ်ဖြစ်တာပါ။အဓိဌာန်ဝင်ဖြစ်တာကတော့ခုမှလုပ်ဖြစ်တာပါ။အရင်ကမဟာသမယသုတ်အဓိဌာန်ဝင်ဖူးပါတယ်။ပဌာန်းတို့မဟာသမယသုတ်တို့ရွတ်ရင်လူကအတော်လေးကမောက်ကမဖြစ်ပြီးဗြောင်းဆန်တတ်လို့ဆက်မရွတ်ဖြစ်တော့တာပါ။အဲ့ဒါတွေဖြစ်ပြီးရင်‌ကောင်းတာတွေဝင်လာတော့မှာလို့ပြောပေမဲ့လည်းအဲ့လောက်ထိသမာဓိအားမကောင်းလို့မရွတ်ဖြစ်တော့ပါဘူးရှင်။ခနတိုင်းဝင်အပူးခံရသလိုမျိူးကြုံရလို့မရွတ်ရဲတော့တာပါ။မေတ္တာသုတ်ကအရင်ကလည်းရွတ်ဖူးတယ်။အရင်ကတော့ကိုးခေါက်ပဲရွတ်ဖြစ်တယ်။အခုတော့အဓိဌာန်ဝင်ချင်စိတ်လေးဖြစ်လာတာနဲ့ဝင်ဖြစ်တာပေါ့နော်။ ဒါလေးကတော့အခုမှစိတ်ထဲမျှဝေချင်တာလေးဖြစ်လို့ဘယ်လိုစရွတ်ရမလဲဆိုတဲ့သူတွေအတွက်ရည်ရွယ်တင်ပေးခြင်းဖြစ်ပါတယ်ရှင့်။အားလုံးအဓိဌာန်တွေအောင်မြင်ကြပါစေရှင်။

အသေးလေး ♒ タジン
အသေးလေး ♒ タジン
Open In TikTok:
Region: MM
Sunday 14 June 2026 23:43:17 GMT
38428
2020
0
377

Music

Download

Comments

There are no more comments for this video.
To see more videos from user @ntzkko, please go to the Tikwm homepage.

Other Videos


About