@yu.lay204: အချစ်ရေ ကိုယ်ဟာ မင်းနဲ့လမ်းမခွဲသေးနိုင်တာဘဲရှိတာပါ မင်းအနားကနေ တန်းပြီး ထွက်မသွားနိုင်သေးပေမဲ့ ကိုယ့်ရဲ့စိတ်က မင်းနားက တစ်ဖြေးဖြေးထွက်ခွါနေပါပြီ ကိုယ်လေ မင်းရဲ့ပုံစံတွေကို ဘယ်လိုမှနားလည်မပေးနိုင်တော့ဘူး အတတ်နိုင်ဆုံးနားလည်ပေးနိုင်ဖို့ကို ကြိုးစားခဲ့ပါတယ် ဒါမဲ့ ကိုယ့်ရဲ့ နားလည်ပေးပုံကဘဲ မှားယွင်းနေတာလား မင်းဘက်ကဘဲ လွန်နေတာလား ကိုယ်မသိတော့ဘူး မင်းကိုချစ်လို့ အကြိမ်ကြိမ် နားလည်သည်းခံဖို့ကြိုးစားခဲ့ပေမဲ့ မင်းရဲ့ပုံစံတွေကိုတော့ ဆက်ချစ်လို့မရတော့ဘူး မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ် အချစ်ရယ် မင်းအတွက်ဘဲ မင်းသိပြီး မင်းကိုအရိပ်လိုကြည့်ပြီး ချစ်နေရတဲ့ ငါ့အတွက်ကျ မင်းပြန်မကြည့်ဘူးနော် ငါ့ဘက်ကို တစ်စက်ကလေးသာ ပြန်ကြည့်ရင် မင်းဟာ ငါ့ရဲ့ကမ္ဘာကြီးဆက်ဖြစ်နေအုန်းမှာ မင်းအနားမှာ နေတော့နေချင်ပါသေးတယ် ပြောင်းလဲလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ မင်းကိုလေ ကိုယ်နည်းအမျိုးမျိုးနဲ့ ရှင်းပြတယ် ဘယ်လိုလုပ်ရင် ကိုယ်တို့နှစ်ယောက်အဆင်ပြေမယ် ဘယ်အရာက ပြဿနာဖြစ် စေတယ်ဆိုတာမသိလို့ လုပ်မိနေတယ်ထင်လို့ ကိုယ့်မှာတော့ ရှင်းပြလိုက်ရတာ အချိန်တွေသာ ကုန်သွားခဲ့ပေမဲ့ မင်းကတော့ ဘာမှပြောင်းလဲမလာဘူး မသိတဲ့သူကို သိအောင်ရှင်းပြရတာ မခတ်ပေမဲ့ သိသိရက်နဲ့ မသိချင်ယောင်ဆောင်နေသူကိုတော့ ရှင်းပြရခက်တယ်ဆိုတာ ကိုယ်နားလည်လိုက်တယ် ကိုယ်လည်း လူဘဲလေ ခံနိုင်ရည်ဟာအကန့်အသတ်နဲ့ပါ ချစ်တာမှန်ပေမဲ့ ကိုယ့်အတွက် နေရာမရှိမှတော့ ကိုယ့်ကိုယ်ကိုထက်တော့ မချစ်နိုင်တော့ဘူး ကိုယ်ဘက်ကိုပဲ ကြည့်ရတာပေါ့ အရင်ဘဝက မင်းဆီက ယူခဲ့တာတွေများတယ်ထင်ပါရဲ့ အမြဲနာကျင်အောင်လုပ်နေတာတောင် ကိုယ့်မှာ ခန္ဓာရော စိတ်ရော အနားကနေမခွါနိုင်ဘူး ဖြစ်နေတယ် ဒါမယ့် စိတ်ချပါ ကိုယ်ရှိနေရင် မင်းစိတ်တွေပိုပင်ပန်း နေရမှာမို့ အနားကနေ ခန္ဓာချင်းသာ မခွာနိုင်သေးတာပါ အချစ်ရယ် အခုကစပြီး စိတ်ဝိညာဉ်ဟာ မင်းအနားကနေ တစ်ဖြေးဖြေးထွက်ခွါနေပါပြီ ဟိုစကားလိုမျိုးပေါ့ “ကိုယ်ပေါင်းစိတ်ခွာဆိုတာမျိုးလေ” ကိုယ် မရှိတော့ရင်လည်း မင်းဘဝ လေး အမြဲအေးချမ်းပျော်ရွှင်နေပါစေ 🤍🍀✨ #crd @Thet Htar Aung 🍒💫

♒
Open In TikTok:
Region: MM
Monday 15 June 2026 01:18:25 GMT
730
166
11
2

Music

Download

Comments

zaw.myint.htoo13
Zaw Myint Htoo :
လှလိုက်တာ ဆရာမရယ်❤
2026-07-01 04:39:45
1
ymt.1991.mdy
🅺️🅾🆈🅴🅶🆈🅸 (Taw Win Nan) :
ညိုချောလေး🥰🥰🥰
2026-06-15 13:34:17
1
entertainment298
Bumese :
မြင်ဖူးသလိုပဲ
2026-06-30 15:41:43
0
waithethtun7
Wai Gyi95 :
2026-06-15 12:06:20
1
aungko776776
Aung Ko :
🥰🥰🥰
2026-06-16 11:15:22
1
myo815103
MKZ :
♥️♥️♥️
2026-06-17 17:58:14
1
user1553619346336
Japan🇯🇵🇯🇵🇯🇵Truck. SHN :
😳😳
2026-06-16 04:43:27
0
calendar528
꧁༒PSL༒꧂ :
🙃
2026-06-15 21:23:16
1
To see more videos from user @yu.lay204, please go to the Tikwm homepage.

Other Videos


About