@kkt10183: ▫️ သတိပဋ္ဌာန်တရားပွားများခြင်း ``````````````````````````````````````````````` သတိပဋ္ဌာန်တရားပွားတယ် ဆိုတာ ဓမ္မာရုံရောက်မှ၊ ထိုင်မှ၊ အားထုတ်ရတာမျိုး မဟုတ်ဘူး။ တနေကုန်အားထုတ်ရမှာ။ မနက်အိပ်ရာနိုးကတည်းက စပြီးတော့ သတိကပ်ထားရတယ်။ လုပ်သမျှ ကိုင်သမျှ သိ- သိပြီးတော့ သွားရမှာ။ ကိုယ်နဲ့ ကိုယ့်စိတ် ကပ်ထားရတယ်။ အမြဲတမ်း သိနေရမယ်။ ဒါဆို သတိ ဆိုတဲ့ အဓိပ္ပာယ်ကို သိပြီနော်။ #ကိုယ့်ကိုယ်ကိုယ်_မမေ့တာကို၊ #ကိုယ့်ကိုယ်ကိုယ်_ပြန်သိနေတာကို #သတိလို့ခေါ်တယ်။ #ကိုယ့်ကိုယ်ကိုယ်ဆိုတာ … #ဒွါရခြောက်ပါးကိုပြောတာ။ ကိုယ်ကိုယ်ကိုယ် သိလို့ရတာ ဒီရုပ်နဲ့ ဒီစိတ်ပဲရှိတယ်။ ဒီရုပ်မှာ ဖြစ်နေတာ၊ ဒီစိတ်မှာ ဖြစ်နေတာကို သိနေတယ်ဆိုရင် … သတိရှိတာပဲ။ အရင်တုန်းကဆိုရင် ကိုယ့်ရဲ့စိတ်က အပြင်ဘက်ကို အာရုံပြုတာ။ မျက်စိကတစ်ဆင့်၊ နားကတစ်ဆင့် အပြင်ကို အာရုံပြုပြီး စဉ်းစားနေတာ။ အခု ဒီဘက်ကိုလှည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုပြီး နေလိုက်တော့။ အပြင်ကို သိပ်အာရုံပြုမနေနဲ့တော့။ ဒါဆိုရင် ဒီရုပ်မှာ ဖြစ်နေတာ၊ ဒီစိတ်မှာ ဖြစ်နေတာတွေကို သတိထားမိလိမ့်မယ်၊ သိလာလိမ့်မယ်။ . { ဆရာတော်အရှင်တေဇနိယ- ရွှေဥမင် } 🙏🙏🙏 🙏🙏🙏 ▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

Kyi Kyi Thin
Kyi Kyi Thin
Open In TikTok:
Region: MM
Monday 15 June 2026 03:46:14 GMT
2999
495
13
19

Music

Download

Comments

my289636
☘️MY💫 :
စာသားလိုချင်လို့ပါ
2026-07-01 09:01:57
1
ayechanmomo662007
Zar tun :
သာဓု🙏သာဓု🙏သာဓု🙏ပါအရှင်ဘုရား
2026-07-02 06:47:23
0
linn.htet5930
Linn Htet :
🙏🙏🙏
2026-07-05 06:57:55
0
u..zay.ya454
uzay. ya :
🙏🙏🙏
2026-06-28 01:59:42
0
userruswp2f325
Pyae Sone :
🙏🙏🙏
2026-06-23 08:31:25
0
sein6378
꧁♡ ချမ်းသာကြပါစေ ♡꧂ :
🌹🌹🌹
2026-06-15 17:24:09
0
aspirex8
❣ 🅼🅾🅴 🅼🆈🅸🅽🆃 ❣ :
🙏🙏🙏
2026-06-15 17:20:51
0
tint.tint.maw4
Tint tint Maw :
🙏🙏🙏🙏🙏
2026-06-15 14:18:01
0
ko.ko.myat89
Ko Ko Myat :
🙏🙏🙏
2026-06-15 10:27:29
0
user8700612184487
May Lay :
🙏🙏🙏
2026-07-06 04:05:51
0
To see more videos from user @kkt10183, please go to the Tikwm homepage.

Other Videos


About