@iprdnyaungshwe: #နာတာရှည်ခါးနာ၊ ခါးကိုက်ဝေဒနာ ခံစားနေရသူများ၊ #အရိုးကျီးပေါင်းကြောင့် အာရုံကြောညှပ်ပြီး ကိုက်ခဲသူများအပြင်# အဆစ်အမြစ်နာကျင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းနှင့် #ဂေါက်ရောဂါကြောင့် ကိုယ်လက်မအီမသာ ဖြစ်နေရတဲ့ မိဘဘိုးဘွား၊ မိတ်ဆွေများအတွက် အိမ်မှာတင် အလွယ်တကူ လုပ်သောက်နိုင်မယ့် သဘာဝဆေးနည်းကောင်းလေးတစ်ခုပါ။ 📝 လိုအပ်သောပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့် • ဒန့်သလွန်စေ့ (နေလှန်းပြီးသား) : လက်တစ်ဆုပ်စာ • ရေသန့် : ၁ လီတာ ၁။ ပထမဦးစွာ နေလှန်းထားသော ဒန့်သလွန်စေ့များကို ရေ ၁ လီတာနှင့် ရောစပ်ပြီး အိုးတစ်ခုထဲ ထည့်ပါ။ ၂။ ထို့နောက် မီးဖိုပေါ်တင်ကာ ရေပွက်ပွက်ဆူလာသည်အထိ (၁၀) မိနစ်ခန့် ကြာအောင် ပြုတ်ပေးရပါမယ်။ ၃။ အချိန်ပြည့်၍ ဆေးရည်ရလာပါက #အအေးခံပြီး အနည်များကို သန့်စင်စွာ စစ်ထုတ်ပေးထားပါ။ 🥛 သောက်သုံးရန် လမ်းညွှန်ချက် ရရှိလာတဲ့ ဒန့်သလွန်စေ့ပြုတ်ရည်ကို တစ်ခါသောက်လျှင် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ နှုန်းဖြင့် တစ်နေ့ (၂) ကြိမ် သောက်သုံးပေးရပါမည်။ • ပထမအကြိမ် : နေ့ခင်းဘက် အစာစားပြီးချိန်တွင် တစ်ကြိမ် • ဒုတိယအကြိမ် : ညအိပ်ရာဝင်ခါနီးအချိန်တွင် တစ်ကြိမ် မှတ်ချက်။ ။ ဤနည်းလမ်းအတိုင်း စနစ်တကျ မှန်မှန်လေး သောက်သုံးပေးသွားမယ်ဆိုရင် ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးနာခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း ဝေဒနာတွေ သိသိသာသာ သက်သာပျောက်ကင်းလာပါလိမ့်မယ်။ (၁) ရက်၊ (၂) ရက်အတွင်းမှာတင် ထူးထူးခြားခြား နေရထိုင်ရ သက်သာလာတာကို ကိုယ်တိုင် ခံစားရမှာမို့ ဝေဒနာခံစားနေရသူများအတွက် ပြန်လည်မျှဝေပေးလိုက်သည်။ #crd
IPRD Nyaung Shwe
Region: MM
Monday 15 June 2026 08:00:50 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @iprdnyaungshwe, please go to the Tikwm
homepage.