@kyawlin7124: “နမြောတသ..ဘိုးသာအောင်ကုန်းတံတား” နတ်တလင်းနှင့် ပေါင်းတည် မြို့ကြား နယ်နိမိတ်သတ်မှတ်ထားသော ဘိုးသာအောင်ကုန်းချောင်း တံတားသည် သမိုင်းဝင် နေရာတစ်ခုဖြစ်ပါသည်။ (အောင်ဆန်းသူရိယ ဘွဲ့ ဗိုလ်မှူးအေးချို ရခဲ့သည့်နေရာ) - “ထိုတံတားကို ယခု ဖျက်သိမ်း၍ ပြန်လည် အသစ်ဆောက်ကြမည် ..တဲ့..” - “ လမ်းချဲ့ စီမံကိန်းကြောင့် တံတားအကြီးပြန်ဆောက်ကြမှာ တဲ့..” ဆိုတဲ့ သတင်းက ဒေသခံများကြား ပျံ့လွင့်ကာ တံတားကြီးကို နမြောတသ ဖြစ်နေကြသည်။ နမြောလည်း နမြောချင်စရာပါ.. ရထားလမ်း နှင့် ကားလမ်းအပြိုင် တည်ရှိလျက် စိန်ပန်းပင် ကုက္ကိုလ်ပင်ကြီးများ ခြံရံနေသောတံတားကြီး ဖြစိ သလို..၊ ၄-၁-၆၈ ဆိုတဲ့ရက်စွဲလေးက တံတားမှာရေးထိုးထားတော့.. လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်က တည်ဆောက်ခဲ့တာလို့ ပြောလို့ရသည်။ ဒါဆို ဖျက်မည့် တံတားကြီးက ကြံ့ခိုင်မှု အားနည်းနေလို့လား / အန္တရာယ် ရှိနေပြီလား../ ကျိုးကျတော့ မှာလား ဆိုတော့လည်း.. ဘာမှမဖြစ်။ အကောင်းအတိုင်း.. ဘာ အားနည်းချက်မှ မရှိ တဲ့.. ။ ရန်ကုန်- ပြည် လမ်း ချဲ့ စီမံကိန်းကြောင့် ဆိုရင်လည်း တံတားကြီးဘေးမှာ အသွားလမ်း/ အပြန်လမ်း အဖြစ်အသစ်တံတားတစ်ဆင်း ထိုးလို့မရဘူးလား..(ဥပမာ- ရန်ကုန်- ပြည် လမ်းပေါ်က ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့ကြားက လင်းလွန်းပင်တံတား/ မင်းလှမြို့နယ်ထဲက ကိုင်းပင်ကြီးတံတား ပုံစံမျိုး တံတားဟောင်း/တံတားသစ် အသွားလမ်း/အပြန်လမ်း လုပ်လို့မရဘူးလား..) စသည်ဖြင့် မချိတင်ကဲ ဖြစ်နေကြသည်။ ထို့ကြောင့် အဆိုပါ ဘိုးသာအောင်ကုန်း တံတားကြီးကို ဘာအကြောင်းကြောင့် လုံးဝ ဖျက်သိမ်းချင်ကြသနည်း။ စတဲ့ မေးခွန်းတွေက စီတန်းနေသည်။ “တံတား ဖျက်သိမ်းခ ဘတ်ဂျက်/ အသစ်ပြန်လည် တည်ဆောက်ရမည့် ဘတ်ဂျက် ကုန်ကျငွေ နှစ်ခုပေါင်းကို.. လက်ရှိတံတားများကို မဖျက်ပဲ လှပသောဒီဇိုင်း ဖြင့် ဘေးကနေ နောက်တစ်စင်း ထပ်တည်ဆောက်လို့ မရဘူးလား..” စသည်ဖြင့် တွေးစရာတွေ ဖြစ်သလို.. ဒေသခံတွေကလည်း ဘိုးသာအောင်ကုန်း တံတားကြီး..ကို မိသားစုဝင် တစ်ဦးလို ဖြစ်နေကြသည်။ ဖျက်သိမ်းမယ် ဆိုတော့ စိတ်မကောင်းကြ..။ ကိုယ်တိုင်လည်း ဝမ်းနည်းသလို ခံစားမိနေသည်။ ဒါကြောင့်.. ဘိုးသာအောင်ကုန်း တံတားကြီး ဖျက်သိမ်းမည် ဆိုတဲ့ သတင်းသည်..ကောလဟလ ဖြစ်ပါစေ.. အတည်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရုံမှ တပါး အခြားမရှိတော့ပါပြီ။ KLZ. 15-6-2026

kyaw lin Zaw
kyaw lin Zaw
Open In TikTok:
Region: MM
Monday 15 June 2026 11:49:16 GMT
108647
3977
173
401

Music

Download

Comments

kyawlin7124
kyaw lin Zaw :
တံတားကြီးကို ၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ နောက်ဆုံးပြုပြင် ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးပြုပြင် ဖွင့်လှစ်ခဲ့ချိန်မှ ရေတွက်လျှင် ယခု 2018ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ နှစ် ၅၀ ပြည့် ရွှေရတု ဖြစ်ပါတယ်။ ပေအရှည် 250 feet အရှည်ရှိပြီး ကင်းလွတ်အမြင့်မှာ 18ft 4 inches ဖြစ်ပါတယ်။ တံတားကြံ့ခိုင်မှု ကောင်းပါသည်။
2026-06-16 01:12:04
64
win.tin707
Win Tin :
အသစ်ဆောက်ရင် အဟောင်းလောက် မခိုင်ခံတော့တာ မြန်မာပြည်ကတံတားများ
2026-06-16 03:57:16
23
theintchozin741
👻💥ရစ်စိန်လေး💥👻 :
ဘာလို့လဲဟင်🥺
2026-06-18 08:49:29
1
sai.thuka
နန်းကျော့ကျော့လွင် :
ကျမကတံတားနားကရွာပါ4လမ်းသွားဆောက်မှာပါဘာလိုဖြတ်သိမ်းယမလဲကုန်းလမ်းမကြီးရှင့်နတ်တလင်းခရိုင်နော်🥰
2026-06-15 17:50:05
14
thirihlaing29601
Thiri Hlaing☢♋👩🏻‍⚕️ :
မဖျက်ပါဘူး နောက်တံတားတစ်စင်း ထပ်ဆောက်တာပါ ဥပမာ အုတ်ဖိုမှာလိုပါ🥰
2026-06-16 11:48:28
7
kopaing3802
Ko Paing :
တခါတလေမှာတိုးတတ်ဖို့အတွက်စွန်ပစ်ရတာတွေရှိတယ်အယူမသည်းကြပါနဲ့
2026-06-16 00:28:07
8
zoro86826
ZORO~ :
တံတားအဟောင်းကိုမဖြတ်ဘူးနောက်တံတားအသစ်ကတံတားအဟောင်းနားမှာကပ်ဆောက်ပြီးအဟောင်းကလဲမောင်လိုရတယ်အသစ်ကလဲမောင်းလိုရတယ်အသွားတစ်လမ်းအပြန်တစ်လမ်း၂လမ်းသွားဆောက်မှာလိုသိရပါတယ်
2026-06-17 04:57:47
1
sunminoo30
SMO :
ဘာလို့လဲဗျ
2026-06-16 12:41:32
1
user9109770321507
KoGyi :
ဘာလို့ဖြတ်ရမယ်ပြောတာလဲအကို
2026-06-16 09:20:34
1
www.titok.connaygyi
🐼𝒩𝒶𝓎 ℊ𝓎𝒾🐼 :
ဘာလို့ဖျက်သိမ်မှာလည်ဗျ 🥺
2026-06-17 00:38:25
0
ma.htwe845
☺️☺️Emiko.😊☺️😘😘 :
ကောင်းတဲ့စိတ်ကလေးနဲ့ကြည့်ပေးပါ
2026-06-17 00:26:34
0
user136953011688
May Oo :
နှမြောမိ့တယ်
2026-06-16 04:29:21
1
kyaw.naing4229
kokyawkyawLin :
သတင်းအမှားတေမတင်ပါနဲ့လားဗျာ
2026-06-16 13:24:48
0
user7125759150858
user7125759150858 :
စီမံကိန်းဆိုဆိုတာ အိပ်ကပ်ထဲထည့်ဖို့ ရေးဆွဲတာပါ
2026-06-17 12:28:31
3
hansittwon
🖤 Μĝ 🖤 :
စားကွက် 😁
2026-06-16 06:51:51
0
bzinek4
⚡🌜 ငဖြောင့်🌛 💥 :
ဘာဖြစ်လို့လဲဆရာ🥺
2026-06-17 16:05:29
1
komgkxit
KoMgKxit :
ခုနကပဲ ဖြတ်လာတာ🥺
2026-06-16 14:59:32
1
zoro86826
ZORO~ :
တံတားကဖျက်မှာမဟုတ်ဘူးလိုသတင်းကြားပါတယ်နောက်ထပ်တံတားအသစ်ထပ်ဆောက်တာ၂လမ်းသွားလိုရအောင်လိုတဲ့
2026-06-17 04:33:13
3
kyawlin7124
kyaw lin Zaw :
ရန်ကုန် - ပြည် ကားလမ်းမကြီးပေါ်မှာ တံတားတစ်စင်း ဖြစ်ပါတယ်။ စတင်တည်ဆောက်ခဲ့သည်မှာ 1877ခုနှစ်ဖြစ်ပြီး ယခု 2018 ခုနှစ်၌ တံတားကြီးမှာ သက်တမ်းအားဖြင့် ၁၄၁နှစ် ရှိပြီဖြစ်ပါတယ်။ တံတားကြီးကို ၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ နောက်ဆုံးပြုပြင် ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးပြုပြင် ဖွင့်လှစ်ခဲ့ချိန်မှ ရေတွက်လျှင် ယခု 2018ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ နှစ် ၅၀ ပြည့် ရွှေရတု ဖြစ်ပါတယ်။ ပေအရှည် 250 feet အရှည်ရှိပြီး ကင်းလွတ်အမြင့်မှာ 18ft 4 inches ဖြစ်ပါတယ်။
2026-06-16 04:34:49
5
vivovivo3998
ထိုင်းရောက်မြန်မာ :
ပြနိလာချင်လိုက်တာ
2026-06-16 12:58:24
1
sky880120
sky88 :
ရန်ကုန်ရောက်ထဲကမရောက်တာကြာပြီဒိနေရာ
2026-06-17 03:37:55
1
meemee74340
❁ུ۪ᵀʰᵃᵉ ᵀʰᵃᵉᥫ᭡^᪲᪲᪲🌷♊ :
တစ်နှစ်တခေါက် ကြီးကြီးတို့ဆီလာရင် အဲ့တံတားမှာဆင်းရတာ အဲ့နေရာကို အဆင်းလေးကို အရမ်းသဘောကျဝာာ🥺🫶
2026-06-18 10:59:08
1
love.in.the.miss149
🇲🇲🦋🦋S.......T🦋🦋🇹🇭 :
တံတားကိုဖြတ်တော့ကျွန်မတို့ကဘယ်လမ်းကသွားရမလဲ
2026-06-16 10:23:52
0
zinminphyo9173
zinminphyo :
ဘာပဲဖြစ်ဖြစ်ငယ်ငယ်ထဲကနေလာတာ ဒီတံတားကြီးသာသာယာယာလေး
2026-06-16 15:46:23
1
user790185312
Møë :
ကျောင်းသားဘဝ ကြံရည်သွားသွားသောက်တာ အမှတ်တရတွေ
2026-06-16 07:17:27
4
To see more videos from user @kyawlin7124, please go to the Tikwm homepage.

Other Videos


About