@minsetthitofficial: မှင်နီဝိုင်းထားတဲ့ကောင်လေးကို သိကြပါသလားခဗျာ ... လွန်ခဲ့တဲ့ ၁၃ နှစ်ဆိုတဲ့ကာလတစ်ခုက လိုင်းကားအဆင့်ဆင့်စီး ... ကြုံရာ ရှုတင်ကားနဲ့ လိုက် ... နေပူပူ မိုးရွာရွာ ကြွက်စုတ်ဘဝနဲ့ အဖော်မပါ အထုတ်တစ်ထုတ်ဆွဲပြီး တစ်ယောက်တည်း ပြေးလွှား ... စကားပြော Dialogue မရ ၊ ကင်မရာ အကြပ်ကပ်မရ ၊ ဟိုနားမတ်တပ် ဒီနားမတ်တပ် ပြေးလွှားဖြတ်လျှောက်ဘဝရဲ့ Daily နေ့စားကြေး တစ်ရက် ၅၀၀၀ ရခဲ့တဲ့ဘဝလေး ... ၅၀၀၀ မှာ ၁၀၀၀ ကို လမ်းစရိတ်ဖယ်ပြီး ၄၀၀၀ ကို အိမ်ပြန်ရောက်ရင် အမေ့လက်ထဲ ပြန်ထည့်ခဲ့တဲ့ ကောင်လေး ... ရုပ်ရှင်လောကထဲမှာလည်း ထုတ်လုပ်ရေးတွေမှာ ၊ ရုပ်ရှင်အထူးပွဲတွေမှာ ၊ လက်မှတ်ထိုးပွဲတွေမှာ အောက်ခြေသိမ်းပြာတာအနေနဲ့ ချွေးတရွှဲရွှဲ ပြေးလွှား ရုန်းကန်ကြိုးစားခဲ့တဲ့ကောင်လေး ... အရာရာဟာ တကယ်လွမ်းစရာပါပဲ ... 😢 ညက အိပ်မပျော်တာနဲ့ Youtube မှာ ဟိုရှာ ဒီရှာ လုပ်ရင်း ဒီဇာတ်ဝင်ခန်းလေးရောက်တဲ့အချိန် ကိုယ့်ငယ်ဘဝလေးကို ကိုယ့်ကိုယ်ကို ပြန်မြင်ပြီး မိနစ်အနည်းငယ်လောက် ငြိမ်ကျသွားတယ် ...😰 ဒီ ၁၃ နှစ်ဆိုတဲ့ကာလကြီးမှာ တကယ်ကို ခက်ခက်ခဲခဲနဲ့ အများကြီး အများကြီးကို တောင်ခံကြိုးစားဖြစ်ခဲ့တာပါပဲ ... ဘယ်လောက် ပင်ပန်းပင်ပန်း ၊ ဘယ်လောက် ခက်ခဲခက်ခဲ ရုပ်ရှင်အလုပ်ဆိုတဲ့ အရာကြီးမှာ တွေးတွေးပြီး ကျေနပ်ပြီး ကြည်နူးရင်း ပျော်နေမိခဲ့တာပါပဲ ... ဒီ ဆယ်ကျော်သက်ကောင်လေးဟာ ရူးရူးသွပ်သွပ်နဲ့ပဲ ... ဖြတ်လျှောက် အနေနဲ့ ကား ၂၀ ကျော် ... တဖြည်းဖြည်းနဲ့ လူငယ် ကလေးသရုပ်ဆောင်အနေနဲ့ ဗီဒီယို ကား ၂၀ ကျော် ... ရုပ်ရှင်ကားကြီး ၅ ကား ... ရိုက်ကူးကြိုးစားလို့အပြီး ကိုဗစ်ကာလလည်းရောက်ရော ကိုယ့်ကိုယ်ကို ကြိုးစားထူထောင်ရင်းက ဒါရိုက်တာလေးအဖြစ်ပါ တွဲပြီး လျှောက်လှမ်းခဲ့မိတယ် ... ခုတော့လည်း ဒါရိုက်တာလေးအဖြစ် သီချင်းပေါင်းများစွာ ၊ ဇာတ်လမ်းတိုပေါင်းများစွာ နဲ့ ရုပ်ရှင်ကားကြီး ၅ ကားကို ရိုက်ကူးပြီးတဲ့ ကောင်လေး ဖြစ်နေခဲ့ပါပြီ ... လောကကြီးအကြောင်း လူတွေအကြောင်းလည်း အများကြီးသိနေခဲ့ပါပြီ ... အများကြီးလည်း ထပ်သိချင်သေးလို့ ကြိုးစားရပါဦးမယ် ... လွန်ခဲ့တဲ့ ၁၃ နှစ်က ကောင်ငယ်လေးကိုကြည့်ပြီး အများကြီး သံဝေဂရမိတယ် ... " တကယ်ဖြစ်ချင်ရင် တကယ်ရူးရူးသွပ်သွပ်နဲ့ ကြိုးစားပါ " လို့ ဆရာသမားတွေ သင်ကြားပေးဖူးခဲ့တာတွေကို ပြန်အမှတ်ရကျေးဇူးတင်မိသလို ... ဝါသနာပါတဲ့ လူငယ်လေးတွေအတွက်လည်း အားအင်ဖြစ်စေချင်လို့ ဒီ Post လေးကို တင်ချင်လာမိတယ် ... 🙏 ရှုတင်တွေမှာ အရမ်းအနှိမ်ခံ ၊ နေရာမပေးခံ ၊ အပြောအဆိုခံခဲ့ရတဲ့ ဖြတ်လျှောက်လေးအနေနဲ့ စတင်ခဲ့ရတာမို့ ... ကိုယ် ဒါရိုက်တာ ဖြစ်လာတဲ့အချိန်မှာလည်း ကိုယ်ချင်းစာစိတ် ၊ နားလည်စိတ်အပြည့်နဲ့ ကိုယ့်ကားမှာ ပါတဲ့ ဖြတ်လျှောက်ကအစ ၊ စက်အဖွဲ့ကအစ တန်ဖိုးထားပြီး ပျော်အောင်ထားဖြစ်တယ် ...🙏 ဒါရိုက်တာ အလုပ်ကို စပြီး လုပ်ချိန်မှာလည်း ကိုယ့်လို လမ်းပျောက်ခဲ့တဲ့ လူငယ်တွေအတွက် ကမ်းပေးတဲ့ လက်တစ်စုံဖြစ်ချင်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ် ... ဒါကြောင့် Project တိုင်းလိုလိုမှာ လူငယ်အသစ်တွေကို နေရာပေးတယ် ၊ လူငယ်အသစ်တွေကို လက်ကမ်းပေးတယ် ၊ ဆွဲခေါ်ပေးတယ် ... ကိုယ်ချင်းစာမိလို့ပါ 🙏 စီနီယာဖြစ်သွားတဲ့သူတွေ အားလုံးဟာ အသစ် ဆိုတဲ့ ပေါက်စလေး ဘဝကပဲ လာခဲ့ကြရတာပါ ... စီနီယာတွေဖြစ်ပြီးသွားရင်တော့ အသစ်လေးတွေကို အများကြီး ဆွဲခေါ်ပြီး လမ်းဖွင့်ပေးသင့်တယ် ခံစားရတယ် ... ကိုယ်ကိုယ်တိုင်လည်း ခုချိန်အထိ ပေါက်စလေးပဲရှိသေးတာမို့ လက်ကမ်းပေးတဲ့ စီနီယာကြီးတွေရဲ့ စောင့်ရှောက်မှုတွေနဲ့အတူ ခုချိန်အထိ အများကြီး ကြိုးစားနေရတုန်းပါပဲ ...🙏 ဝါသနာပါတယ် ဖြစ်ချင်တယ်ဆိုပြီး ကြိုးစားမှု ၊ ရူးသွပ်မှု အားနည်းနေတဲ့ ကလေးတွေ တွေ့ရင်လည်း အရမ်း အားမလို အားမရဖြစ်မိတယ် ... အများကြီး ကြိုးစားစေချင်တယ် ... ပုံထဲက မှင်နီဝိုင်းထားတဲ့ကောင်လေးလည်း ခုချိန်အထိ နေ့မအား ညမနား စိတ်ပင်ပန်းမှုများစွာနဲ့ အများကြီး ရုန်းကန်ကြိုးစားနေရတုန်းပါပဲ ...😰 ဘဝဆိုတာ တစ်ရက်တာပဲ ရှင်သန်ရတော့မယ်ဆိုရင်တောင် ကြိုးစားရင်း သေဆုံးသွားရတာ အဓိပ္ပါယ်ရှိတယ်မလား ... အိပ်မက်တွေအတွက် ဆက်ပြီး လျှောက်လှမ်းရင်း အများကြီး အားတင်းထားပြီး ဆက်ကြိုးစားကြရအောင်ပါ 💪🏻 ဖြတ်သန်းခဲ့သမျှ ၁၃ နှစ်တာ ကာလအတွင်း စောင့်ရှောက်ဖေးမ လက်ကမ်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို တကယ်ကျေးဇူးအများကြီးတင်လျက် ...🙏✨ ------------------ ရှေ့ဆုံးတန်းမှာ ထိုင်နေတာကတော့ အဲ့တုန်းက ကိုယ့်ကို သတိထားမိလိုက်မှာမဟုတ်ပေမယ့် ခုတော့ သိပ်ချစ်ရတဲ့ အစ်မတွေဖြစ်တဲ့ ... မမ Nhying Shin ၊ မမ Ei Chaw Po နဲ့ မမ YU Tin ပါပဲ 💕 ကိုယ့်အစ်မတွေနဲ့ တကယ် အမှတ်တရလေး ဖြစ်ခဲ့တယ် 😍✨#foryoupage #fyp

Min Set Thit
Min Set Thit
Open In TikTok:
Region: US
Monday 15 June 2026 12:01:07 GMT
1270872
34987
354
444

Music

Download

Comments

zoepian54
ヅ𝚁𝚒𝚗𝚘✭🐼 :
အရင်ကလည်းမသိ အခုလည်းမသိ😅😂
2026-06-17 11:41:57
114
khant.wai.yan.pai8
Khant Wai Yan Paing :
ရဲလေးမလေသိဒါပေါ့
2026-06-15 21:55:24
133
soe.nandar.n2
Soe NanDar Nyein :
ဒီ တစ်ယောက်ထင်တယ်
2026-06-17 14:44:41
33
aungofficial0
Aung(official) :
အခုက ဘယ်နေရာမှာ ဘာကောင် ဖြစ်နေလို့လည်း
2026-06-16 02:26:35
54
user106089799
Khant :
ရှေ့မျက်နှာ နောက်ထားပီးပြောရအုန်းမယ် နားမည်တောင်မကြားဘူးဘူးဗျာ့
2026-06-18 12:52:50
1
sai.kywe.wa
sai kywe wa🧸 :
သိတယ် လူနိုင်
2026-06-16 10:30:15
17
moehtet.aung043
MoeHtet Aung :
ပေါကားတေ မကြည့်လို့ မသိဘူး
2026-06-17 10:49:18
4
captain.thant.zin
အင်္ဂလိပ် စာ လေ့လာကြမယ် :
အိမ်က ငါ့ညီလေးကတော့ ပြောတယ် သူလဲမသိဘူးတဲ့
2026-06-17 11:24:55
6
win.min.aung646
Win Min Aung :
သိကိုမသိတာဟေ့ ရှင်းပီလား ဘာများလဲလို့ ဖတ်လိုက်ရတာ အမောပဲ
2026-06-18 06:09:43
5
alone_love39
"Wai..Yan" :
မသိပါဘူး😅😅
2026-06-17 00:26:54
5
user1736303092448
556677 :
အဲတော့ငါကဘာလုပ်ရမာလဲ
2026-06-17 07:59:43
1
zarzar16981
zarzar66255 :
ဘယ်သူမှန်းလည်းမသိ postအစဆုံးဖတ်တယ်နာမည်ကိုမသိဘူးဖြစ် ကိုယ်တိုင်ပဲမြန်မာကားတွေမကြည့်တာမလို့မသိတာဖြစ်မယ်😁😁
2026-06-17 13:21:52
6
littlewitch759
Little witch :
သဘင်သည်မြနှင်းဆီမှာ စသိတာ.... သရုပ်ဆောင်တော်တော်ကောင်းလို့မှတ်မှတ်ရရလေးဖြစ်နေတာ
2026-06-16 03:12:50
10
sweet.smt
Sweet.Smt$ :
မသိတာငါတယောက်တည်းမဟုတ်ဘူးဟ😂
2026-06-18 07:03:18
2
saw.kyaw.zin.thant
Saw Kyaw Zin Thant :
ဒါရိုက်တာကိုဆက်
2026-06-18 01:05:41
5
poeooalikar
PoeOoAlikar :
ကိုယ်တွေကတော့သိပာတယ် ဟိုတုန်းတဲ့က အခုလိုအောင်မြင်နေတာတွေတော့ဝမ်းသာတယ်
2026-06-18 05:07:15
2
ko.thar.gyi519
Ko Thar Gyi :
မသိတာငါ့တစ်ယောက်ထဲလားဟ😂😂😂😂😂
2026-06-17 16:05:35
0
thandar.win7249
Thandar Win vitashine 🌹🌻😘😘 :
အခုအရမ်းတော်တယ်ကိုကိုဖြစ်နေပီ😘😘
2026-06-15 12:23:21
8
ma.win.aye34
Win Win Aye :
စိတ်ထားလေးအရမ်းကြိုက်တယ် ကျမ်းမာချမ်းသာပါစေ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-16 02:54:20
8
thirishwesinhtet5
Thiri Shwe Sin Htet 🤎🌊 :
တီထွင်ဆန်းသစ်မှု ရှိပြီး လူငယ်ဖြစ်တာကြောင့် စီနီယာတွေနဲ့မတူကွဲပြားတဲ့ အမြင်အဆန်းသစ်တွေရှိတာတော့မြင်ရတယ်🥰
2026-06-15 12:41:38
17
ven.nix23
သျှန်း :
2026-06-15 18:27:16
49
mayyuko4
May Yu Ko ✨ :
ကိုဆက်ဆိုတာလေးကိုစသိခဲ့တဲ့ ဟိုးအရင် 2017 ကိုတောင်သတိရမိသွားတယ်ဒီစာလေးဖတ်ရင်းနဲ့ အဲ့ကတည်းကအားပေးခဲ့တယ်အခုထိလဲချစ်တုန်းပဲကိုဆက်ကို💪🏽💎🫶🏽
2026-06-15 12:36:43
17
ei.ei61339
🍀🌺Ei Ei🌺🍀 :
မင်းဆက်သစ်လေးပါ🥰🥰
2026-06-16 05:27:44
6
soesoeyee1972
soesoeyee1972 :
🥰ဂုဏ်ယူပါတယ် ကိုယ်နဲ့အိမ်မက်တူတယ် ကိုယ်ကတော့မစွန့်စားခဲ့ဘူး
2026-06-15 12:53:26
13
kwin6220
KWIN :
သိတော့ကော
2026-06-16 14:32:09
5
To see more videos from user @minsetthitofficial, please go to the Tikwm homepage.

Other Videos


About