@masterpromm.1: Dream 125 / Honda ဘီးများ၏ ဂွေဒိတ် (Rim Date) ဖတ်နည်း Dream 125 ကို ၂၀၀၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အချိန်အထိ လူကြိုက်များနေဆဲ ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၀၇ / ၂၀၀၈ / ၂၀၀၉ / ၂၀၁၀ (၂ လပိုင်းအထိ) ထုတ်လုပ်ထားသော ဘီးများကို "ကြိုးလိမ် / အလိမ်" ဟု လူသိများကြပြီး Dream ချစ်သူများအကြား အရည်အသွေးကောင်းမွန်သော မော်ဒယ်များအဖြစ် ရေပန်းစားခဲ့ကြပါသည်။ ၂၀၁၁ မှ ၂၀၂၂ (၂ လပိုင်းအထိ) ထုတ်လုပ်ထားသော ဘီးများမှာလည်း လူကြိုက်များပြီး အသုံးပြုသူ များပြားသော်လည်း ၂၀၀၇ မှ ၂၀၁၀ (၂ လပိုင်းအထိ) မော်ဒယ်များကို ပို၍ ကောင်းမွန်သည်ဟု သတ်မှတ်ပြောဆိုကြသူများကို ယနေ့တိုင် တွေ့မြင်ရဆဲ ဖြစ်ပါသည်။ ၂၀၂၂ နောက်ပိုင်း EFI စနစ်ဖြင့် ထုတ်လုပ်ထားသော Dream ဘီးများမှာ နည်းပညာပိုမိုခေတ်မီလာသော်လည်း ယခင် ကာဘရိုက်တာ (Carburetor) မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက စီးသမားအရေအတွက် နည်းပါးသည်ကို တွေ့ရှိရပါသည်။ သို့သော် မော်ဒယ်တစ်မျိုးစီတွင် အားသာချက်၊ အားနည်းချက်များ ကိုယ်စီရှိသဖြင့် မိမိအသုံးပြုမည့် ရည်ရွယ်ချက်နှင့် ကိုက်ညီသော ဘီးကို ရွေးချယ်ဝယ်ယူခြင်းက အကောင်းဆုံးဖြစ်ပါသည်။ " Dream 125 ဂွေဒိတ် ကြည့်နည်း " ဥပမာအားဖြင့် Dream ဘီးတစ်စီး၏ ဂွေတွင် - ရှေ့ဂွေ SIAM GOSHI 17×1.20-1.4 "IC" S နောက်ဂွေ SIAM GOSHI 17×1.40-1.4 "IC" W ဟု ဖော်ပြထားပါက S = ရှေ့ဂွေကို ရည်ညွှန်းသည်။ W = နောက်ဂွေကို ရည်ညွှန်းသည်။ "IC" တွင် ရှေ့အက္ခရာ (I) = လ နောက်အက္ခရာ (C) = ခုနှစ် ဖြစ်ပါသည်။ I = ၉ လ / C = ၂၀၁၂ ဖြစ်သောကြောင့် "IC" သည် ၂၀၁၂ ခုနှစ်၊ ၉ လပိုင်းထုတ် ဂွေဒိတ်ဖြစ်ပါသည်။ /// Dream 125 လအလိုက် အက္ခရာသတ်မှတ်ချက် A = ၁ လ B = ၂ လ C = ၃ လ D = ၄ လ E = ၅ လ F = ၆ လ G = ၇ လ H = ၈ လ I = ၉ လ J = ၁၀ လ K = ၁၁ လ L = ၁၂ လ (Dream ဘီးများတွင် I အက္ခရာကို တွေ့ရပါသည်) //////// Dream 125 ခုနှစ်အလိုက် အက္ခရာသတ်မှတ်ချက် S = 2002 / T = 2003 / U = 2004 /V = 2005 W = 2006/ X = 2007/ Y = 2008 /Z = 2009 A = 2010 (၂ လပိုင်းအထိ အစီးရေအနည်းငယ်သာ တွေ့ဖူးပါသည်) B = 2011/ C = 2012/ D = 2013/ E = 2014 F = 2015 (၂၀၁၅ ခုနှစ်တွင် G / H / I / J / K / L အက္ခရာများကို အသုံးမပြုထားကြောင်း တွေ့ရပါသည်) M = 2016/ N = 2017/O = 2018/P = 2019 Q = 2020/R = 2021/S = 2022/T = 2023 /// NCX မှ တင်သွင်းသော Honda ဘီးများ၏ ဂွေဒိတ်ကြည့်နည်း (Wave 100 / Wave 110 / Wave Alpha / Wave RSX / Wave RS / S စသည်) ဥပမာ - Wave 100 ဘီးတွင် ရှေ့ဂွေ GOSHI 17×1.20 F X နောက်ဂွေ GOSHI 17×1.40 F X ဟု ဖော်ပြထားပါက F = လ / X = ခုနှစ် ဖြစ်ပါသည်။ F = ၆ လ / X = ၂၀၁၈ ဖြစ်သောကြောင့် "FX" သည် ၂၀၁၈ ခုနှစ်၊ ၆ လပိုင်းထုတ် ဂွေဒိတ်ဖြစ်ပါသည်။ /// NCX Honda ဘီးများ၏ လအလိုက် အက္ခရာသတ်မှတ်ချက် A = ၁ လ B = ၂ လ C = ၃ လ D = ၄ လ E = ၅ လ F = ၆ လ G = ၇ လ H = ၈ လ J = ၉ လ K = ၁၀ လ L = ၁၁ လ M = ၁၂ လ (NCX Honda ဘီးများတွင် I အက္ခရာကို အသုံးမပြုကြောင်း တွေ့ရပါသည်) ထို့ကြောင့် M သည် ၁၂ လကိုသာ ရည်ညွှန်းပြီး ၁၃ လ မဟုတ်ပါ။ NCX Honda ဘီးများ၏ ခုနှစ်အလိုက် အက္ခရာသတ်မှတ်ချက် P = 2012 R = 2013 S = 2014 T = 2015 V = 2016 W = 2017 X = 2018 Y = 2019 Z = 2020 A = 2021 B = 2022 C = 2023 သတိပြုရန် ဆိုင်ကယ်တစ်စီး၏ Model ကို ခန့်မှန်းရာတွင် ဂွေဒိတ်တစ်ခုတည်းကိုသာ မကြည့်သင့်ပါ။ အောက်ပါ ဒိတ်များကိုလည်း တွဲဖက်စစ်ဆေးသင့်ပါသည်။ ✔️ အင်ဂျင်✔️ ဖရိန်✔️ အိတ်ဇော✔️ အန်း ✔️ ဆီတိုင်ကီ✔️ ဂွဒေါက်✔️ ရှေ့ဖောက်✔️ နောက်ရှော့✔️ ကြိုးဒိတ်✔️ CDI / TCI✔️ အခြားထုတ်လုပ်မှုဒိတ်များ ဤအချက်များကို တွဲဖက်စစ်ဆေးမှသာ Model ခန့်မှန်းရာတွင် ပိုမိုတိကျနိုင်ပါသည်။ 🙏 အထက်ဖော်ပြပါ အချက်အလက်များမှာ ရှေးဦးဆရာကြီးများ၏ မျှဝေထားသော ဗဟုသုတများ၊ မိမိလေ့လာတွေ့ရှိချက်များနှင့် စုစည်းထားသော အချက်အလက်များကို ပြန်လည်မျှဝေထားခြင်းသာ ဖြစ်ပါသည်။ CRD to Original Owners & Senior Teachers 🙏 လိုအပ်ချက်များ၊ ပြင်ဆင်သင့်သော အချက်များရှိပါက ဆရာများအနေဖြင့် ထောက်ပြအကြံပြုပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ❤️ ဆိုင်ကယ်ဗဟုသုတများ ပိုမိုပြည့်စုံကြပါစေ။ #HondaDream125#Dream125#ဆိုင်ကယ်ဗဟုသုတ#NCX#Dream125model

Master Pro(Motorcycle Spa)
Master Pro(Motorcycle Spa)
Open In TikTok:
Region: MM
Monday 15 June 2026 12:46:52 GMT
7162
227
2
17

Music

Download

Comments

kyaw.sawr72
💫Kyaw Swar🏍🔧🛠 :
👍👍👍
2026-06-24 14:20:42
1
moe.wai9487
moe wai :
😁
2026-07-12 01:44:12
1
To see more videos from user @masterpromm.1, please go to the Tikwm homepage.

Other Videos


About