@myatnuthway2: #Myatnuthway#မြန်မာအကဆရာမ #Fy #creatorsearchinsights #fypppppppppppppppppppppp အများသိစေရန်ကြေညာခြင်း ရန်ကုန်မြို့တွင်နေထိုင်သူ ဦးအေးမင်းဦး (ခ) အောင်ဇမ္ဗူ - သဘင်နှင့် ရုပ်ရှင် အနုပညာရှင် (၎င်း၏ အထွေထွေကိုယ်စားလှယ်စာရသူ ဦးကျော်ဇေယျ) ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန်ကြေညာအပ်ပါသည်။ မင်းသား “အောင်ဇမ္ဗူ” သည် သဘင်အနုပညာရှင် (မင်းသား) အဖြစ် (၂၀၁၉) ခုနှစ်တွင် စတင်ရပ်တည်ခဲ့ပြီး၊ (၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့)တွင် “အောင်ဇမ္ဗူ” ဇာတ်သဘင်အဖွဲ့ကြီးကို ဦးဝေဇင်နှင့် အတူပူးတွဲ တည်ထောင်ခဲ့ပါသည်။ မင်းသား “အောင်ဇမ္ဗူ” နှင့် ဇာတ်သဘင်အဖွဲ့ကြီးသည် ကောင်းသောဂုဏ်သတင်းဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် မြန်မာ့သုခုမအနုပညာများကို စနစ်တကျ ဖျော်ဖြေတင်ဆက်လျက်ရှိပါသည်။ ထိုသို့ မြန်မာ့သုခုမအနုပညာများကို ဖျော်ဖြေတင်ဆက်ရာတွင် ပရိသတ်များ၏ နှစ်သက်အားပေးမှုကို အထူး သိသာထင်ရှားစွာ ရရှိခဲ့ပါသည်။ ထို့ပြင် မင်းသား “အောင်ဇမ္ဗူ” သည် တေးသီချင်းဗီဒီယို (Music Video)၊ ဗီဒီယို ဇာတ်လမ်းနှင့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်သည့်အပြင်၊ စီးပွားရေး ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးသရုပ်ဆောင်သူ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ ယခုအခါ မင်းသား “အောင်ဇမ္ဗူ” ၏ ခွင့်ပြုချက်မရှိဘဲ မင်းသား “အောင်ဇမ္ဗူ” နှင့် ဇာတ်သဘင်အဖွဲ့ကြီး၏ ဓာတ်ပုံ၊ ရုပ်သံ၊ ဖျော်ဖြေ တင်ဆက်မှုများ စသည့် သတင်းအချက်အလက်များကို မရိုးမဖြောင့်သောသဘောဖြင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း၊ ဖန်တီးခြင်း၊ ရေးသားပြောဆိုခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်း၊ အားပေးကူညီခြင်း စသည်တို့ကို ကျူးလွန်ဆောင်ရွက်နေကြောင်း သက်သေ အထောက်အထား အတိအကျဖြင့် မြင်တွေ့သိရှိရပါသည်။ ထိုသို့ ကျူးလွန်ဆောင်ရွက်နေသူများတွင် အထူးသဖြင့် ဆက်သွယ်ရေးကွန်ရက် အသုံးပြုသော စီးပွားရေးလုပ်ငန်း နှင့် Social Influencer အချိုု့ ပါဝင်ကြောင်းတွေ့ရှိရပြီး၊ ၎င်းတို့အား လူသိများ/လူကြည့်များစေရန်အတွက်လည်းကောင်း၊ ပိုမိုထင်ပေါ် ကျော်ကြားရန်အတွက်လည်းကောင်း၊ ၎င်းတို့၏ အကျိုးစီးပွားရှာဖွေရန်အတွက်လည်းကောင်း စသည်ဖြင့် မရိုးမဖြောင့်သောသဘောဖြင့် ဥပဒေနှင့် မညီညွတ်နိုင်သော အပြုအမူများ ကျူးလွန်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ အခြားတစ်ဖက်တွင်လည်း မင်းသား “အောင်ဇမ္ဗူ ” ၏ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်စာမျက်နှာများတွင် မင်းသား “အောင်ဇမ္ဗူ ” Fan Group များ ဖွဲ့စည်းတည်ထောင်ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ လူမှုကွန်ရက် အုပ်စုများသည် မင်းသား “အောင်ဇမ္ဗူ ” ၏ စီမံခန့်ခွဲမှုအောက်တွင် လုံးဝ (လုံးဝ) မရှိပါကြောင်းနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပရိသတ်များနှင့် နိုင်ငံရပ်ခြားမှ ပရိသတ်များအနေဖြင့် ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာ မရှိစေရန် အသိပေး ကြေညာအပ်ပါသည်။ ထို့သို့ မင်းသား “အောင်ဇမ္ဗူ ” ခွင့်ပြုချက်မရှိဘဲ Fan Group များဖွဲ့စည်း တည်ထောင်ပြီး အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေရန် ဆောင်ရွက်ခြင်း၊ မမှန်မကန်သတင်းအချက်အလက်များကို ပေးပို့အသုံးပြု၍ အကျိုးစီးပွားရှာဖွေခြင်းနှင့် အလွဲသုံးစား ပြုခြင်းသည် မင်းသား “အောင်ဇမ္ဗူ ” ၏ အသရေကို များစွာ ထိခိုက်နစ်နာစေပါသည်။ “အောင်ဇမ္ဗူ” ဇာတ်သဘင်အဖွဲ့ကြီး၏ အဖွဲ့ဝင်မိသားစုအပေါ် ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ သတင်းအချက်အလက်များကို ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်း၊ ထို့အပြင် မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်းမရှိသော စာတိုများ၊ အချက်အလက်များ ပေးပို့ခြင်း စသည့် လုပ်ရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေပညာရှင်များအား ခန့်အပ်ထားပြီး လိုအပ်သော ဥပဒေရေးရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။ သို့ဖြစ်ပါ၍ ယခု အများသိစေရန်ကြေညာချက် ထုတ်ပြန်သည့်နေ့ရက်မှစ၍ မင်းသား “အောင်ဇမ္ဗူ ” နှင့် “အောင်ဇမ္ဗူ ” ဇာတ်သဘင်အဖွဲ့ကြီး၏ ကြိုတင်ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ အထက်ဖော်ပြပါ လုပ်ရပ်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ ကျူးလွန်ဆောင်ရွက်ခြင်းများအား မည်သည့်အကြောင်းကြောင့်မျှ မပြုလုပ်ကြရန်နှင့် ယခင်က ပြုလုပ်ထားပြီးဖြစ်သော သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရုပ်သံ၊ အသံဖိုင်များ၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေထားသော အကြောင်းအရာများအားလုံးကိုလည်း ချက်ချင်း ဖယ်ရှားပယ်ဖျက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။

Tr Myatnuthway Official😍
Tr Myatnuthway Official😍
Open In TikTok:
Region: MM
Monday 15 June 2026 14:58:33 GMT
49893
5861
330
514

Music

Download

Comments

moegl0
moe :
ကောင်းလိုက်တာရေးချင်တဲ့သူတွေရေးအုံးတင်ချင်တဲ့သူတွေတင်အုံးလေမောင်လေးအတွက်အဲဒါအကောင်းဆုံးပါဘဲရှင့်ကျေနပ်တယ်
2026-06-16 03:14:50
21
may.warso70
moemoe :
🥰🥰🥰 ဖြစ်သင့်တာကြာပါပြီ ဆရာမရေ
2026-06-15 15:07:59
29
saungthazin9498
🌻Lae Lae win🌻🌻🌻 :
ဖစ်သင့်တာကြာပြီးအရမ်းဝမ်းသာပါတယ်👍👍👍
2026-06-16 06:43:43
4
maythethtarr3
Maythet Htarr :
အေးဆေးစွာဖြင့်အားပေးလျှက်ပါ
2026-06-16 03:18:17
6
win.nwe.soe213
𝑨𝒁𝑩𝒖𝒖 𝑭𝒂𝒏👰 𝑻𝑻𝒉𝒂𝒆 :
ကျေနပ်လိုက်တာတီချယ်ရယ်🥰🥰🥰
2026-06-15 15:08:53
6
331fashion
SoeSoeAung :
ကျေနပ်🥰
2026-06-15 15:31:58
2
wutyeelay369gmail.com
wutyee lay :
မိသားစုအားလုံးရယိကျေနပ်တဲ့နေ့လေ🥰🥰🥰🥰
2026-06-16 04:46:48
1
thaee.war.tun
Thaee war Tun :
ကျေနပ်တယ် တီချယ်ရေ🥰
2026-06-15 15:03:41
3
mayhnin4271
Daw Hnin :
ကျေနပ် နေရော❤️
2026-06-15 15:05:08
4
user835912320
htet htet :
ဝမ်းသာတာ
2026-06-15 15:07:56
2
sandar.aung8363
Sandar Aung. ..8/..yenangyaung :
ဖြစ်သင့်တာကြာပါပီ❤️❤️
2026-06-15 15:05:37
2
bora53282
PHYU💗🌻 :
အရေးယူသင့်တာကြာပြီ👏🤍
2026-06-15 15:21:01
1
miemiethant8
miemiethant8 :
ဖြစ်သင့်နေတာကြာပါပြီ
2026-06-15 15:47:17
1
tha.zin.phyu16
Thazin Phyu :
ဒီလိုစာမျိုးစောင့်နေတာပါရှင့်🥰🥰
2026-06-15 19:50:48
1
yatanar1584
Ya🍁 :
ကျေနပ်တယ်ချယ်👍
2026-06-15 15:01:55
0
yinyin5776
Yin Yin :
ကျေနပ်တယ် အားရတယ်အဲဒါမှမှတ်မှာ👍
2026-06-15 15:19:40
6
ma.thandar143
Ma :
ကျေနပ်ဝမ်းသာပါတယ်ဖြစ်သင့်တာကြပါပိ❤️
2026-06-16 01:26:33
1
eaintmyat936
Baby Eaintmyat :
အရမ်းကိုမှကျေနပ်သောပဲ🥰🥰 နောက်တောင်ကျနေပြီ🥰
2026-06-16 11:25:36
0
khinkhin111111
khin khin :
အကောင်းဆုံးပါဘဲတော် 🥰
2026-06-16 11:54:43
0
thin.thin.swe760
Thin Thin swe :
🥰🥰🥰ကျေနပ်ပါတယ်
2026-06-16 09:39:43
0
maythumin16
May Thu Min :
ဖြစ်သင့်တာကြာပါပြီ
2026-06-16 01:45:01
0
thin.thin.maung10
Thin Thin maung🐰🐰 :
ေကျနပ်တယ် 👍👍👍
2026-06-15 15:05:11
0
To see more videos from user @myatnuthway2, please go to the Tikwm homepage.

Other Videos


About