@popularnewsjournal: ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် တွေ့ဆုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ တွေ့ဆုံပွဲ ကျင်းပရာ Great Hall of the People သည် ပေကျင်းမြို့၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ သံတမန်ရေးနှင့် အစိုးရရေးရာ အခမ်းအနားများ ကျင်းပသည့် အရေးပါဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ အဆိုပါ ခန်းမဆောင်ကြီးသည် Tiananmen Square ၏ အနောက်ဘက်တွင် တည်ရှိပြီး Forbidden City (နန်းတော်ဟောင်း) အနီး၌ တည်ဆောက်ထားသည်။ တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ဖြစ်သည့် National People's Congress (NPC) ၏ နှစ်ပတ်လည် အစည်းအဝေးများကိုလည်း ယင်းနေရာတွင် ကျင်းပလေ့ရှိသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ အရေးပါသော ပါတီညီလာခံများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း Great Hall of the People တွင် ကျင်းပလေ့ရှိပြီး နိုင်ငံအသီးသီးမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ထိပ်တန်းခေါင်းဆောင်များအား တရားဝင် ဧည့်ခံကြိုဆိုသည့် နေရာတစ်ခုလည်း ဖြစ်သည်။ Great Hall of the People ကို ၁၉၅၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော အမျိုးသားအဆင့် အထင်ကရ အဆောက်အအုံ (၁၀) ခုအနက် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ အဆောက်အအုံ၏ စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၁၇၀,၀၀၀ ကျော်ရှိပြီး ကြီးမားသည့် ဗဟိုညီလာခံခန်းမကြီး၊ နိုင်ငံတော်အဆင့် ဧည့်ခံပွဲခန်းမနှင့် ပြည်နယ်အသီးသီးကို ကိုယ်စားပြုသည့် ခန်းမများဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုညီလာခံခန်းမကြီးတွင် လူပေါင်း ၁၀,၀၀၀ ခန့် တစ်ပြိုင်နက်တည်း ထိုင်နိုင်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် အရေးကြီး အစည်းအဝေးများကို ကျင်းပလေ့ရှိသည်။ နိုင်ငံတော်အဆင့် ဧည့်ခံပွဲခန်းမတွင်လည်း ဧည့်သည် ၅,၀၀၀ ခန့်ကို တစ်ကြိမ်တည်း ဧည့်ခံနိုင်သည်။ Great Hall of the People သည် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် သံတမန်ရေး လှုပ်ရှားမှုများ၏ ဗဟိုချက်မအဖြစ် ယနေ့တိုင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ #popularmyanmar #Populaenews #news

Popular News Journal
Popular News Journal
Open In TikTok:
Region: US
Tuesday 16 June 2026 05:25:15 GMT
108492
7636
157
193

Music

Download

Comments

minaungkyaw20
Min Aung Kyaw :
ကဲ။ အခုတော့ဘာပြောမလည်း
2026-06-16 07:25:35
27
maunggyi3311
⭐️ 😎✨Oliver Vance ✨😎⭐️ :
မြန်မာပြည်သူတွေအတွက်အနာဂတ် ကောင်းကျိုးများ ကျိုးပန်းနိုင်ပါစေ
2026-06-16 06:28:27
35
david.linn16
David Linn :
ဦးဇော်ဇော် ပါတယ်ဟ 👍
2026-06-16 06:27:49
26
user9868419149785
user9868419149785 :
နိုင်ငံတော်ကြီး သာယာဝပြောပါစေ အဘ ကျန်းမာပါစေ
2026-06-16 07:15:18
14
aungmyintzawwww
Aung Aung :
သမ္မတကြီး ကျန်းမာ ချမ်းသာပါစေ
2026-06-16 06:10:49
11
kar.kar.lay38
kar kar lay :
Mysnmar💚💚💚💚💚
2026-06-16 10:30:35
2
noturdad579
U Myat Htut :
Congratulations our President.🥰🥰🥰🥰🥰
2026-06-16 07:36:49
3
u.kyaw.swar.myint543
U kyaw Swar myint :
Great work ..👍🫡🫡🫡
2026-06-16 06:55:29
3
123aa4392
ပရဒိသု :
总统先生去我的祖国访问了,祝贺先生能取得圆满成功。
2026-06-16 06:31:46
4
user6686599825575
user6686599825575 :
ခေတ်မှီဖွံဖြိုးတိုးတတ်သောနိုင်ငံတော်များအဖြစ် တိုးတတ်ဖွံဖြိုးနိုင်ကြပါစေဘုရား🙏🙏🙏🙏🙏
2026-06-16 08:48:24
5
pph587
Bo Aungdin :
အောင်မြင်ပါစေ ..သမ္မတကြီး 🥰👍👍
2026-06-16 09:16:53
3
yeye.khin6
Yeye Khin :
ကျန်းမာချမ်းသာပါ စေ၊
2026-06-16 06:27:05
7
thein.thant.oo
Thein Thant :
သမ္မတကြီးကျန်းမာပါစေ
2026-06-16 07:07:18
4
aungpyaesone1385
Aung Pyae Sone (Bo Kyat) :
ကျန်းမာပါစေ အဘ
2026-06-16 06:44:54
3
mahtay66
Ma Htay :
ကျန်းမာပါစေ
2026-06-16 07:05:07
1
seinsein7069
seinsein7069 :
အောင်မြင်ပစေ👍👍👍👍
2026-06-16 07:38:07
1
userbosan302060798772
bo san :
နိုင်ငံတော်သမ္မတကြီး ကျန်းမာချမ်းသာပါစေ။
2026-06-16 07:40:26
1
chelseafanguy41186
Chelsea Fan Guy :
🥰🥰🥰🥰🥰🥰🥰 Our President အဘ U Min Aung Hlaing ကျန်းမာပါစေ ချမ်းသာပါစေ🥰🥰🥰🥰🥰🥰🥰
2026-06-16 06:06:22
9
tin.myo.tun6
Tin Myo Tun :
အောင်မြင်ပါစေ
2026-06-16 08:20:17
1
theinwin1481
Thein Win :
yes
2026-06-16 06:54:39
1
mg.han.zaw.tun81
Mg Han Zaw Tun :
🇲🇲💙🇲🇲💙🇲🇲💙
2026-06-16 06:37:43
1
yeyeni4618
yeyeni :
ကြည်ရတာအရသာရှိလိုက်တာ
2026-06-16 08:06:15
2
2dster
U Myat Lin :
congratulations
2026-06-16 09:25:40
0
To see more videos from user @popularnewsjournal, please go to the Tikwm homepage.

Other Videos


About