@yar.yar3978: မေတ္တာက စစ်ခဲ့ပါတယ် လူပေးမှားသွားခဲ့တာပါ ။ ငါဒီလောက်ချစ်တာကို ဘာလို့ နည်းနည်းလေးတောင်မှ ပြန်ငဲ့မကြည့်ပေးတာလဲဆိုတဲ့ အတွေးတွေ ၀င်ခဲ့ဖူးသလို ချစ်နေရင်းက ကိုယ့်မှာ ဘာကိုဆက်ပြီး မျှော်လင့်လို့ မျှော်လင့်ရမယ်မှန်း သိမနေတော့တဲ့အထိ ဆက်ဆံရေးတခုမှာ လမ်းပျောက်ခဲ့ဖူးတယ် ။ တနေ့ကျရင်ဆိုပြီး ... ယုံကြည်ချင်သေးပေမယ့် တနေ့ထက် တနေ့ ပိုဝေးဝေးလာတဲ့ အမှန်တရားဟာ ကိုယ့်အရှေ့မှာပဲမို့ လက်သင့်မခံချင်လည်း လက်ခံလိုက်ရတာတွေပဲ များလာတယ် ။ ဆက်ပြီးရှိချ င်တယ် ထပ်ပြီးချစ်ချင်ခဲ့သေးတယ် ဒါပေမယ့် ကိုယ့်အချစ်ကို ရှေ့တန်းတင်ရင်တင်သလောက် ကိုယ်ပဲ နာကျင်လာရတဲ့အခါ ငါ့မေတ္တာများ မစစ်ခဲ့လို့များလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယတွေ၀င်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခဲ့ဖူးတယ် ။ တကယ်တမ်းကျတော့ ... ကိုယ်ချစ်ပေးခဲ့တာလည်း တကယ်ဟုတ်ခဲ့တယ် ။ ကိုယ့် သူ့အပေါ်ထားတဲ့ မေတ္တာဟာလည်း တကယ်စစ်ခဲ့ပါတယ် ။ ရောင်ပြန်ကျတော့ ကိုယ်မဟုတ်တဲ့ တခြားတယောက်ကို သွားဟပ်နေခဲ့တာကို နောက်ကျမှ သိခဲ့ရတာ ။ အဆုံးသတ်မှာ ... မေတ္တာစစ်ပေမယ့် လူပေးမှားပြန်ရင်လည်း နာကျင်ရတာပါပဲ ။Crd #ဒါမဲ့စောင့်နေပါသေးတယ်

Ani Ne
Ani Ne
Open In TikTok:
Region: MM
Tuesday 16 June 2026 11:00:00 GMT
155203
8551
55
586

Music

Download

Comments

yar.yar3978
Ani Ne :
ဒီစာကိုမြင်ရင်လေ စောင့်နေသေးတာမို့ ပြန်လာမယ်မလားကို..ဒီလ20ဆို anniversary ရောက်ပီနော် အ့နေ့ကိုပြန်လာမယ်မလား..
2026-06-16 14:02:17
48
pannninihlaing
Pann Nini :
အသည်းကွဲပို့စ်တွေမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ် ကိုယ်လည်းတူတူပဲမလို့ ဒါပေမယ့် လေ မျှော်ပါနဲ့တော့နော် လူဆိုတာ တန်ရာတန်ရာစုတယ်တဲ့ ကိုယ်နဲ့မတန်လို့ပဲမှတ်ယူလိုက်ပါနော် ခဏတာ အသည်းကွဲခံကြပီး အကောင်းမွန်ဆုံးရှေ့ဆက်ကြမယ်လေ
2026-06-18 04:44:53
2
mouse41100
Vv :
အရင်လူကိုမမေ့သေးပဲ ကိုယ့်ကို ခနတာ စိတ်ဖြေတာကြီးက ပိုခံရခက်တယ်
2026-06-17 23:13:35
7
pretty.emma0_0
Thandar🌟💤 :
2နှစ်သံ ယောဉ်ကိုမေ့လို့မရဘူး ဘယ်လိုမေ့ရမလဲမသိဘူးကွာ ကိုယ်ကသူ့က်ုတစ်ကယ်ချစ်ခဲ့ပီးသူရှိရင်ဘားမှမလိုဘူးဆိုတဲ့ပုံစံနဲ့ချစ်ခဲ့တာနောက်ဆုံးမာသိလိုက်ရတာသူကကိုယ့်ကိုချစ်တာမဟုတ်ပဲသူ့အချစ်ဦးကို ချစ်နေတာကို မေးချင်တာကဘာလို့မချစ်ပဲနဲ့အချိန်တွေဆွဲနေတာလဲဟင်.
2026-06-17 14:11:41
6
thanhtikeaung8139
Bin👑 :
အချစ်ဆိုတာကတကယ်ဖြူစင်တယ် မဖြူစင်တော့တာကလူတွေပါ ဒီလိုဖောက်ပြန်တဲ့ခေတ်မှာပိုဆိူးပော့ဗျာ💔💔
2026-06-18 00:34:22
2
su.yin23
NY :
စာသားလေးယူသုံးမယ်နော်💕
2026-06-17 02:09:23
1
hninpwint7799
𝑯𝒏𝒊𝒏 𝑷𝒘𝒊𝒏𝒕 ♓ :
ဒဏ်တွေခံရတာကိုယ်ဖြစ်ပြီး စံရတာသူတဲ့လားနော် မတရားလိုက်တာ နှစ်ယောက်အတူဆိုပြီး ကိုယ့်ဘက်ကဘဲ အမြဲတွေးနေခဲ့ပြီး ျကယ်တမ်းတစ်ယောက်ထဲဖြစ်သွားတော့လဲ မလွယ်ဘူး
2026-06-17 09:08:05
2
emma00632
A🚩 :
အဲ့ခံစားချက်ကြီးကိုလုံးဝကိုနားလည်တာပေါ့🥺
2026-06-17 03:42:14
3
kk1999308
A P :
အကြောက်ဆုံးက ကိုယ်ချစ်ရတဲ့လူဘေးမာ အက်လိုလူတေရှိနေမှာကိုပဲ ။ အရာရာပျက်စီးသွားအောင်သူတို့မှာဖန်တည်းနိုင်စွမ်းအားအရမ်းကောင်းကြတယ်
2026-06-17 17:55:06
2
zanyehtet8163
Z A N Y E H T E T 🇰🇷🇲🇲🇰🇷 :
ချစ်တာကိုလက်ခံတယ် မေတ္တာရှိတာကို လက်ခံတယ် မမေ့နိုင်တာကို့လည်းလက်ခံတယ် တခြားသူကိုချစ်မယ်ဆိုရင် ကိုယ့်ကို ချစ်တတ်အောင်အရင်ကြိုးစားကြည့်ပါ အဆင်ပြေသွားလိမ့်မယ်
2026-06-17 23:55:14
1
k275136
K :
အရင်ကကိုယ့်ကိုပြန်မြင်ယောင်မိတယ် လူကလည်း အကောင်သေးး အဲ့ထက် ပိုပိန်သွားတာ သတိမထားမိတဲ့အထိ🙁
2026-06-17 15:34:57
2
julylay064
အဖေနဲ့အမေသမီးကြီး :
ဘဝတူတွေအခုထိစောင့်နေတုန်းပါ😭😭😭
2026-06-17 14:21:07
1
may.thu.aung120
ဦး :
ကိုယ်လည်းကိုယ့်သူငယ်ချင်းကိုပြောရတာအားပေါက်နေပြီးသူရည်းစားက ကိုယ့တူ
2026-06-17 15:19:03
1
phyo14940
Zɪɴ♡🎀 :
သူချစ်ကိုမရှာပဲ ကိုယ်ချစ်ကိုပဲရှာမိလိုက်တာ ကိုယ့်ဒဏ်ရာကိုဆေးပြန်ထည့်နေရသလိုပဲ💔
2026-06-17 14:57:28
1
n.n.a529
🌸N N A🌸 :
ဒီစာကိုမြင်တော့ အရင်ကကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုဘဲ ခုတော့ရုန်းထွက်ပြီး ပိုကောင်းတဲ့သူနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပါပြီး..🥺🥰
2026-06-17 06:20:54
1
linnlinn171299
Coral ✨🪸 :
စာသားလေးပေးလို့ရလားဟင့်🥺❤️‍🩹
2026-06-16 19:10:46
1
aungphyothu21722
A :
ဒီလ21ရက်နေ့ဆို4နှစ်ပြည့်ဖို့1လပဲလိုတော့တယ်။3နှစ်ပြည့်တဲ့နေ့မှာပဲပြတ်သွားခဲ့တာ။ကိုယ့်ဘာသာဆို အမှတ်တမဲ့တောင်ဖြစ်နေပြီ ဒီpostကြောင့် ပြန်ပြီးသတိရသွားပြန်ပြီဟေးးးး
2026-06-17 12:17:11
1
thwethwe823
雨🇯🇵🩵 :
ပြန်တင်မယ်နော်စာရောအရှေ့ကပုံရော🥺
2026-06-17 14:16:38
1
aria.20263
Aria♎ :
ရှေ့က ပုံလေးယူသုံးမယ်ရှင့်#crd
2026-06-17 18:24:36
0
pesilay8334
🐼🇲🇲Mee Mee 🇹🇭 :
အရှေ့စာလေးယူသုံးလို့ရမလားသဲ
2026-06-17 17:19:14
0
kxun.zin.pay
. :
အချစ်ဆိုတဲ့ အရာသာ မရှိခဲ့ရင် လူတွေဟာ ဘယ်လောက် ပျော်စရာကောင်းလိုက်မလည်း....
2026-06-18 04:03:39
1
b1258086
@Řǿbĭñ :
ပြန်တင်လို့ရလား
2026-06-18 00:45:43
0
bae268205
👸🏼 :
အဖြစ်တူနေတယ်ကွယ်💔
2026-06-17 17:52:08
0
anyachan808
もも :
crd🥺
2026-06-18 00:46:58
0
kikuuwu.3
.Lɪɴᴀ...✿︎ :
စာသားလေးပေးပါမမ
2026-06-17 07:39:20
1
To see more videos from user @yar.yar3978, please go to the Tikwm homepage.

Other Videos


About