@alzonestopbabymart: 🤱 မွေးကင်းစ ဘေဘီလေးတွေကို မေမေတို့ ချစ်စရာ လက်အိတ်၊ ခြေအိတ်၊ ဦးထုပ် ဘာလို့ ဝတ်ပေးရတာလဲဆိုတော့ အဓိက အကြောင်းရင်း ၃ ခု ကြောင့် ဝတ်ပေးရတာပါရှင် (​၁) ဘေဘီလေးရဲ့ ကိုယ်အပူချိန်ကို ထိန်းပေးဖို့ (အနွေးဓာတ်မဆုံးရှုံးဖို့) (၂) ကုတ်မိပြီး ဒဏ်ရာ မဖြစ်စေဖို့ နှင့် (၃) ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့် တွေကနေ ကာကွယ်မှုပေးဖို့ ဝတ်ပေးရတာပါ 🤱 ▪️ ​မွေးကင်းစလေးတွေရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့ အပူချိန်ကို လူကြီးတွေလို ကောင်းကောင်း မထိန်းနိုင်သေးတာ နှင့် ▪️လက်နဲ့ ခြေထောက်က အရမ်းအေးလွယ်တာ ကြောင့် တစ်ကိုယ်လုံး သက်သောင့်သက်သာ နွေးနေဖို့ ခြေအိတ်လက်အိတ်ကို ဝတ်ပေးရတာပါရှင် ▪️​ဦးထုပ် လေးကို ဘာလို့ ဝတ်ပေးရတာလဲဆိုတော ဘေဘီလေးရဲ့ ခန္ဓာကိုယ်အပူဓာတ် အများစုက ဦးခေါင်းကနေ ထွက်သွားတတ်တာကြောင့် ဦးထုပ်လေး ဆောင်းပေးထားရင် အပြင်က အေးတဲ့လေဒဏ်ကို ကာကွယ်ပေးပြီး ကိုယ်ခန္ဓာကို နွေးနွေးထွေးထွေး ရှိနေအောင် ထိန်းထားပေးနိုင်ပါတယ်ကြောင့်ပါ 🔺️ ​ဒါပေမဲ့ မေမေ သတိထားရမှာက အရမ်းပူတဲ့အခါမျိုးမှာ ဦးထုပ်ကို အကြာကြီး ဆက်တိုက် မဆောင်းပေးပါနဲ့နော် 🔺️ ဘေဘီလေးတွေ ချွေးထွက်လွန်ပြီး ပူလောင်နိုင်ပါတယ် 🔺️ ပြီးတော့ လက်အိတ်၊ ခြေအိတ်တွေဟာ ချောင်လွန်း၊ ကျပ်လွန်းတာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ပေးပါနော် ဒီအချက်တွေကြောင့် မွေးကင်းစလေးတွေအတွက် လက်အိတ်၊ ခြေအိတ်နဲ့ ဦးထုပ် ဝတ်ပေးရတာမို့ မွေးကင်းစ ဘေဘီလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေအိတ်လက်အိတ် ဦးထုပ် ဆက်လိုက်လေးတွေကိူ ချစ်စရာပုံစံလေးတွေနှင့် တင်ပေးလိုက်ပါတယ်ရှင် 🥰 #မွေးကင်စ #ခြေအိတ် #လက်အိတ် #ဦးထုပ် #alzonestopbabymart

ALZ ONE STOP BABY MART
ALZ ONE STOP BABY MART
Open In TikTok:
Region: MM
Tuesday 16 June 2026 11:08:54 GMT
18430
525
1
78

Music

Download

Comments

sofiyar.sofiyar0
Sofiyar Sofiyar :
အနှီးထုပ်ထားရင် ခြေအိပ်မဝတ်လဲရလားရှင့်
2026-06-17 09:43:10
0
To see more videos from user @alzonestopbabymart, please go to the Tikwm homepage.

Other Videos


About