@thepublicimage: ■ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွက် အသည်းနှလုံးသဖွယ် အရေးပါသည့်အဖွဲ့အစည်းဖြစ်ဟု ဝန်ကြီးချုပ်ပြောကြား လူထုပုံရိပ်၊ ထားဝယ်၊ ဇွန် ၁၆ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွက် အသည်းနှလုံးသဖွယ် အရေးပါသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ကာ ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့်အတွက် တာဝန်သိစိတ်၊ ဝတ္တရားသိစိတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယုံကြည်အားကိုးရသည့် ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ကြမည့် သားသမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ #လူထုပုံရိပ် #thepublicimage #ဦးဇော်နိုင်ဦး #တနင်္သာရီ
လူထုပုံရိပ် - The Public Image
Region: MM
Tuesday 16 June 2026 11:15:24 GMT
Music
Download
Comments
老sky老land :
2026-06-17 10:34:22
1
paing swun thukha (phay phay) :
အော် အေးလို့ စကားလုံးကောင်းဖို့ မလိုဘူး
လက်တွေ့ကောင်းဖို့ပဲ လိုတာပါ
2026-06-17 14:38:03
5
Aung Bhone Myat :
မှန်တာပြောတာပဲ
2026-06-17 14:11:17
3
yanlinthant79 :
ဝမ်းသာဂုဏ်ယူမိပါတယ် ဌာနဝန်ထမ်းတစ်ဉီး ဖြစ်တဲ့အတွက် သို့သော်လည်း ဆေးပင်စင် တင်ရင် ကောင်းမလားလို့ တော်တော်မှ တော်တော်လေးကို စဉ်းစားနေမိပါပြီ
2026-06-17 11:11:18
5
Phit Pyact :
🥰🥰🥰
2026-06-16 13:53:13
1
Thawe mayri San :
💕💕💕
2026-06-17 08:05:41
1
long Myat Bo :
🥰🥰🥰
2026-06-16 19:56:04
1
Mar Mar Lwin :
👍👍👍👍🥰🥰🥰
2026-06-17 07:39:10
1
မေတ္တာရှင်လေး313 :
❤️
2026-06-16 11:46:23
1
Nga Dee :
😂😂😂😂
2026-06-17 09:40:28
0
To see more videos from user @thepublicimage, please go to the Tikwm
homepage.